၁၉ ဇန်နဝါရီ ၂၀၁၉ - ၁၉:၄၅
တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာကြားချက် ထည့်သွင်းပြောကြားခဲ့မှု သမ္မတရုံးအသေးစိတ် မဖြေကြား လုံခြုံရေးအဆင့်အတ

နိုင်ငံတော်သမ္မတဦးဆောင်ကျင်းပသည့် နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ဇန်န၀ါရီ၁၈ရက်၌ပြုလုပ်ခဲ့သော တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းရှင်းလင်းခြင်းကိစ္စသည် Privileged Information(သိသင့်သိထိုက်သူသာသိရသည့် အချက်အလက်) ဖြစ်ပြီး အခြားထင်မြင်ချက်မပေးလိုကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်သမ္မတဦးဆောင်ကျင်းပသည့် နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်းလုံခြုံရေးဆိုင်ရာအစည်းအဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်ကို ဇန်န၀ါရီ၁၈ရက်၌ပြုလုပ်ခဲ့သော တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲ၌ ထည့်သွင်းရှင်းလင်းခြင်းကိစ္စသည် Privileged Information(သိသင့်သိထိုက်သူသာသိရသည့် အချက်အလက်) ဖြစ်ပြီး အခြားထင်မြင်ချက်မပေးလိုကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးက ပြောကြားသည်။

ဇန်န၀ါရီ ၁၉ ရက်တွင် နိုင်ငံ တော်သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူနှင့် သမ္မတအိမ်တော်၌သတင်း ထောက်များတွေ့ဆုံပွဲပြုလုပ်ခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ကြားချက်ကို တပ်မတော်တာဝန် ရှိပုဂ္ဂိုလ်များက ထည့်သွင်းရှင်း လင်းခဲ့ခြင်းနှင့်ပတ်သက်၍ သ တင်းထောက်များက မေးမြန်းရာ ဦးဇော်ဌေးက ‘‘ဒါက Privileged Information ဖြစ်ပါတယ်။ တခြားထင်မြင်ချက် မပေးလိုပါ ဘူး’’ ဟုဖြေကြားသည်။ ယင်းမေး ခွန်းနှင့်ပတ်သက်၍ ဦးဇော်ဌေးက အသေးစိတ်ဖြေကြားခြင်းမရှိပေ။

‘‘Privileged Information  ဆိုတာကတော့ ပြောရလို့ရှိရင် ဒါကသိသင့်သိထိုက်တဲ့သူပဲသိရ တဲ့အချက်အလက်ပေါ့ဗျာ။ လူ တိုင်းသိရတဲ့အချက်အလက် မဟုတ်ဘူးပေါ့ဗျာ။ သိသင့်သိ ထိုက်တဲ့သူသာ သိရတဲ့အချက် အလက်ဖြစ်တယ်ပေါ့။ ဒါကို Public မှာ ဒီလိုချပြတယ်ဆိုတဲ့ ဟာကတော့ Classified Information ရဲ့ သဘောတရားအရ ဆိုလို့ရှိရင် လုပ်ထုံးလုပ်နည်းအရ နည်းနည်းလွဲတယ်လို့ ပြောလို့ ရတာပေါ့’’ဟု သုတေသနအဖွဲ့ Myanmar Institute for Peace and Security အမှုဆောင်ဒါရိုက် တာ ဒေါက်တာမင်းဇော်ဦးက ပြောသည်။

        နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ သမ္မတနှစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စုဝန်ကြီးများနှင့် ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌတို့ပါဝင် သည့်နိုင်ငံတကာဆက်ဆံရေး၊ပြည်တွင်းလုံခြုံရေးဆိုင်ရာညှိနှိုင်း အစည်းအဝေးကို ဇန်န၀ါရီ ၇ ရက်တွင် သမ္မတအိမ်တော်၌ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါညှိနှိုင်းအစည်းအ ဝေးတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က AA သည် အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့သာဖြစ်ပြီး ထိ ရောက်စွာချေမှုန်းရန်မှာကြားခဲ့ ကြောင်း ဗိုလ်ချုပ်ထွန်းထွန်းညီက တပ်မတော်သတင်းစာရှင်းလင်းပွဲ ၌ ထည့်သွင်းပြောကြားသည်။

‘‘အဲဒီလိုမှာကြားခဲ့သလိုပဲ တကယ်လို့ မချေမှုန်းနိုင်လို့ရှိရင် နိုင်ငံတကာကနေပြီးတော့မှ ARSA ကို ကျွန်တော်တို့ပြင်းပြင်း ထန်ထန်တိုက်ခိုက်တာဟာ ဘာ သာခြားမို့ တိုက်ခိုက်ချေမှုန်းတာ လား၊ AA ကျတော့ တိုင်းရင်းသား ဖြစ်နေလို့ မချေမှုန်းဘူးလား စသ ဖြင့် လက်ညှိုးထိုးစရာဖြစ်လာနိုင် တယ်။ ဒါကြောင့်မို့ ပြတ်ပြတ်သား သားချေမှုန်းဖို့လိုတဲ့အတွက် မှာ ကြားတာဖြစ်ပါတယ်’’ ဟု ဗိုလ် ချုပ်ထွန်းထွန်းညီက ပြောကြား သည်။

ဆက်လက်၍ ဗိုလ်ချုပ်ထွန်း ထွန်းညီက ‘‘ဆိုလိုတဲ့ သဘောက ASRA ရယ်၊ AAရယ် ဒီလိုမျိုး မဟုတ်ဘဲနဲ့ နိုင်ငံတော်ကို အန္တ ရာယ်ပြုတဲ့သူမှန်သမျှ ထိထိ ရောက်ရောက်ချေမှုန်းဖို့ ဘာကိုမှ မခွဲခြားဘဲ ချေမှုန်းဖို့လိုအပ်တယ် ဆိုတာကို မှာကြားတာဖြစ်ပါ တယ်’’ ဟု ရှင်းပြသည်။

နိုင်ငံတော်သမ္မတဦးဆောင် ပြီး ထိပ်သီးခေါင်းဆောင်များဖြင့် ပြုလုပ်သည့်    အဆင့်မြင့်အစည်း အဝေး၏ သဘောသဘာဝအရ  မည်သည့်နိုင်ငံတွင်မဆို  အစည်း အဝေးဆွေးနွေးချက်များကို ထိပ် တန်းလျှို့ဝှက်အဖြစ်သတ်မှတ်ပြီး မူဝါဒကိုသာ လူထုအားချပြလေ့ရှိ ကြောင်း   ဒေါက်တာမင်းဇော်ဦးက  ပြောသည်။

‘‘ကျွန်တော်တို့ တိုင်းပြည်မှာ ပြဿနာက Classified Information လျှို့ဝှက်အဆင့်အတန်း ရှိတဲ့၊ လုံခြုံရေးအဆင့်အတန်းရှိ တဲ့ အချက်အလက်ကို ဘယ်လို ချပြမယ်ဆိုတာ မူတိတိကျကျ ချ ထားပုံမရဘူး။ မရတော့ အခုအ စည်းအဝေး(ဇန်န၀ါရီ ၇ ရက်က ကျင်းပခဲ့သည့် နိုင်ငံတော်သမ္မတအိမ်တော်အစည်းအဝေး)မှာ ဘယ်သူတွေ ဘယ်လိုဘာပြော တယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ ပြောလာ တော့ လုပ်ထုံးလုပ်နည်းအရဆို ရင်တော့ နည်းနည်းလေးလွဲနေ တာတော့အမှန်ပဲ။  ဘာကြောင့် လဲဆိုတော့  ဒါကလုံခြုံရေးအဆင့် အတန်းရှိတဲ့အစည်းအဝေးဖြစ် တယ်။ လုံခြုံရေးအဆင့်အတန်းရှိ တဲ့ အစည်းအဝေးက ထွက်လာတဲ့ အချက်ကိုလူထုကို ချပြတဲ့အခါ မှာ ပေါ်လစီပုံစံမျိုးနဲ့ ချပြရမှာပေါ့ နော်။ ပေါ်လစီပုံစံမျိုးနဲ့ချပြတာမျိုး မဟုတ်ဘဲနဲ့ ဘယ်သူဘယ်ဝါက ဘယ်လိုပြောတယ်ဆိုတဲ့ ပုံစံမျိုးနဲ့  ချပြလာပြီဆိုလို့ရှိရင် ဒါက လုပ် ထုံးလုပ်နည်းအရတော့ နည်း နည်းလေးလွဲလိမ့်မယ်လို့တော့ Classified Information တွေကို ကိုင်တွယ်တဲ့ တခြားနိုင်ငံကလုပ်ပုံ လုပ်နည်းနဲ့ ယှဉ်ကြည့်လို့ရှိရင် အဲဒီလိုတွေ့ရတာပေါ့’’ ဟုဒေါက် တာမင်းဇော်ဦးက ပြောသည်။

မူဝါဒအရ ကြည့်မည်ဆိုပါ က AA နှင့်ပတ်သက်ပြီး အစိုးရနှင့် တပ်မတော် တစ်ထပ်တည်းရှိ သည်ဆိုခြင်းကိုပြသသည်ဟု ဆို ရမည်ဖြစ်ကြောင်း ၎င်းကပြော သည်။

သမ္မတရုံးပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးကလည်း မကြာ သေးမီက AA သောင်းကျန်းသူ အဖွဲ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ရဲစခန်းများကို တိုက်ခိုက်ခဲ့ခြင်း သည် နိုင်ငံတော်အစိုးရက အထူး အလေးထား ဆောင်ရွက်နေသော  အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြည်တွင်း ငြိမ်းချမ်းရေးကြိုး ပမ်း ဆောင်ရွက်ချက်များအပေါ် များစွာထိခိုက်စေသည်ဟု ဆက် လက်ပြောသည်။

နိုင်ငံတော်အတွင်း ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရား ဥပဒေစိုးမိုးရေးကို မြန်မာနိုင်ငံရဲ တပ်ဖွဲ့က  တာဝန်ယူဆောင်ရွက် ရမည်ဖြစ်ပြီး ပြည်တွင်းသောင်း ကျန်းမှုနှိမ်နင်းရေးကို တပ်မတော် က တာဝန်ယူ ဆောင်ရွက်ရမည် ဟု ၎င်းကဆိုသည်။

ပြည်သူတို့၏ အသက်အိုး အိမ်၊ စည်းစိမ်နှင့် ရပ်ရွာတည် ငြိမ်အေးချမ်းရေးကို ထိပါးနှောင့် ယှက်လာသည့် AA သောင်းကျန်း သူများကို နှိမ်နင်းနိုင်ရေးအတွက် နိုင်ငံတော်အစိုးရက တပ်မတော် သို့ သောင်းကျန်းမှုနှိမ်နင်းရေးလုပ် ငန်းများ ထိရောက်စွာဆောင်ရွက် ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောသည်။

နိုင်ငံတော်အစိုးရ အနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တ ရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ များ လုံခြုံဘေးကင်းစေရေးကို ထိ ပါးနှောင့်ယှက်သည့် လုပ်ဆောင် ချက်မှန်သမျှကို ထိရောက်သော ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်း ရေး ဆောင်ရွက်မည်ဟုလည်း ဦးဇော်ဌေးက ထပ်မံပြောကြား သည်။

တပ်မတော်သတင်းစာရှင်း လင်းပွဲတွင် ဒေါ်အောင်ဆန်းစု ကြည်၏ မှာကြားချက်ကိုထည့် သွင်းရှင်းလင်းရသည့် အကြောင်း ရင်းနှင့်ပတ်သက်ပြီး မေးမြန်းရန်  တပ်မတော်သတင်းမှန်ပြန်ကြား ရေးကော်မတီ ဒုဥက္ကဋ္ဌဗိုလ်ချုပ် ထွန်းထွန်းညီနှင့် ကော်မတီအ တွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းတို့ထံ ဇန်န၀ါရီ ၁၉ ရက်က ဆက်သွယ်ရာ ဖုန်းအဆက်အ သွယ် မရပေ။

=======================
251 / End