အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရအဖွဲ့ဝင်များသည် ကလေးများ၏ အနာဂတ်ကို မမေ့ရန်နှင့် ကလေးများအတွက် အလုပ်လုပ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် တိုက်တွန်းပြောကြားခဲ့သည်။
ချင်းပြည်နယ်သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ထန်တလန်နှင့် ဟားခါးမြို့တို့၌လူထုတွေ့ဆုံပွဲများပြုလုပ်ခဲ့ပြီး တွေ့ဆုံမှု နှစ်ကြိမ်စလုံးတွင် ကလေးငယ်များအား အစိုးရအဖွဲ့ဝင်များရှေ့၌ နေရာချထားပေးခဲ့သည်။
‘‘ကလေးတွေကို အစိုးရအဖွဲ့ဝင်တွေရှေ့မှာထားတာ အင်မတန်ကောင်းပါတယ်။ ဒီတော့မှ အစိုးရအဖွဲ့ဝင်တွေက သူတို့ရဲ့ တာဝန်ဘာလဲဆိုတာ မျက်ဝါးထင်ထင် မြင်အောင်လို့ပါ။ အစိုးရတစ်ခုရဲ့တာဝန်ဆိုတာ နိုင်ငံရဲ့အနာဂတ်အတွက် စဉ်းစားပေးဖို့ဖြစ်ပါတယ်။ လက်တွေ့ကျကျ ပစ္စုပ္ပန်မှာ တိုးတက်မှုတွေရအောင်လုပ်တယ်ဆိုတာ အမြဲရေရှည်အမြင်နဲ့ လုပ်ရပါတယ်။ ကနေ့အတွက် မဟုတ်ဘူး။ ငါးနှစ်အတွက်မဟုတ်ဘူး။
နောက်ရွေးကောက်ပွဲအတွက် မဟုတ်ဘူး။ နောင်မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက်အတွက် ကျွန်မတို့ စဉ်းစားပြီး လုပ်ရမှာဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်နယ် များ၊ တိုင်းဒေသကြီးများသို့ သွား ရောက်ချိန်တွင် တိုင်းရင်းသား ပေါင်းစုံနှင့် တွေ့ဆုံရသည်ကို ၀မ်းသာခြင်း၊ အားတက်ခြင်းဖြစ် သကဲ့သို့ တစ်ချိန်တည်းတွင် အစိုးရအဖွဲ့၏ စိန်ခေါ်မှု မည်မျှကြီးထွားသည်ဆိုသည်ကို သတိရမိကြောင်း ထုတ်ဖော်ပြောကြား သည်။
ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံတော်အစိုးရ တစ်ရပ်သည် တိုင်းပြည်ကို အုပ် ချုပ်ရန်မဟုတ်ဘဲ တိုင်းပြည်တာဝန်ကို ထမ်းဆောင်ရန်ဖြစ် ကြောင်း ပြောကြားသည်။
‘‘တချို့တွေက အုပ်ချုပ်ဖို့ဆို တာပဲ စဉ်းစားကြတယ်။ တကယ် တော့ တာဝန်ထမ်းဆောင်ဖို့ပဲ’’ ဟု ၎င်းကဆိုသည်။
နိုင်ငံ့ဝန်ထမ်းများသည်နိုင်ငံ့ ၀န်ကို ထမ်းရန်ဖြစ်ပြီး နိုင်ငံအပေါ် ၀န်ပိစေရန် လုပ်ဆောင်ရန် မဟုတ်သည်ကို သဘောပေါက် ရန်လိုအပ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ထပ်လောင်းပြော ကြားသည်။
‘‘ထိုနည်းလည်းကောင်းပဲ ၀န်ကြီးတွေ၊ ၀န်ကြီးတွေက ပိုပြီး ကြီးတဲ့ဝန်တွေ ထမ်းကြပေါ့။ အ စိုးရတွေတာဝန်ကျေဖို့ ထပ်တလဲ လဲ သတိပေးပါတယ်။ ပြည်သူ ကလည်း တာဝန်ကျေရမယ်’’ ဟု ဆက်လက်ပြောကြားသည်။
ဟားခါးမြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ဒေသခံပြည် သူတစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံအ ခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ် သက်၍ မေးမြန်းရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ရှိအ စိုးရသည် ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေး အမှန်တကယ် လုပ်ဆောင်လိုကြောင်းနှင့် လုပ် ဆောင်ရန် အစီအစဉ်များလည်း ရှိကြောင်း ပြန်လည်ဖြေကြား သည်။
‘‘ဒါ နည်းနည်းလေးတော့ သည်းခံပြီးစောင့်ပြီးတော့ နား ထောင်ပါ။ ဒါပေမဲ့ ကျွန်မတို့ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြုပြင်ပြင် ဆင်ရေးလုပ်ငန်းတွေ လုပ်တဲ့အ ချိန်ကျရင် ကျွန်မတို့ ပြည်သူ၊ ပြည်သားတွေက ၀ိုင်းပြီး ပံ့ပိုး ထောက်ခံပေးကြပါလို့ ကျွန်မဒီ နေရာကနေ မေတ္တာရပ်ခံချင်ပါ တယ်’’ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်း စုကြည်က လွှတ်တော်ကိုယ်စား လှယ်များကို ပြည်သူများက ဆန္ဒ မဲပေးထားခြင်းသည် အလုပ်လုပ် ရန်ဖြစ်ပြီး တစ်လကျပ် ၁၀ သိန်းရရှိစေရန် မဲပေးထားခြင်းမဟုတ် ကြောင်း လူထုတွေ့ဆုံပွဲ၌ ထည့် သွင်းပြောကြားသည်။
ထန်တလန်မြို့ လူထုတွေ့ ဆုံပွဲတွင် ချင်းအမျိုးသားပါတီ ဥက္ကဋ္ဌက NCA သုံးနှစ်ပြည့်တွင် တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ပြောဆိုခဲ့သည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ကို ယင်းတိုင်းဒေသကြီး၊ ပြည် နယ်များ၌ အများစုအနိုင်ရသည့် ပါတီက ၀န်ကြီးချုပ်ခန့်အပ်နိုင် ရေး စဉ်းစားသင့်ကြောင်းကို ကိုး ကား၍ တပ်မတော်ကဖွင့်ထားပေး သည့်အချိန်တွင် အစိုးရက အမြန် ဆုံးစဉ်းစားပေးရန် ရနိုင်မလားဟု မေးမြန်းသည်။
ယင်မေးခွန်းအပေါ် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ‘‘ကျွန်မ ပြတ်ပြတ် သားသားပြောရမယ် ဆိုရင် နိုင်ငံတစ်နိုင်ငံမှာဆိုရင် သူ့ ရဲ့တာဝန်နဲ့ သူ့ရဲ့ဝတ္တရားနဲ့ အ သီးသီးရှိပါတယ်။ အဲဒီတော့ ဥပဒေတွေ ပြုရေးဆိုတာ ဥပဒေ ပြုဖြစ်တဲ့ လွှတ်တော်နဲ့ သက်ဆိုင် တဲ့ကိစ္စဖြစ်ပါတယ်။ တပ်မတော် နဲ့ သက်ဆိုင်တဲ့ ကိစ္စလည်းမဟုတ် ဘူး။ ပြည်ထောင်စုအစိုးရနဲ့ သက် ဆိုင်တဲ့ကိစ္စလည်း မဟုတ်ဘူး။ တကယ်ကျတော့ ဥပဒေပြောင်း လဲခြင်း၊ ဥပဒေတစ်ခုပြဋ္ဌာန်းခြင်း ဆိုတာ လွှတ်တော်နဲ့ပဲဆိုင်တဲ့ကိစ္စ ပါ။ ဒါကြောင့် လွှတ်တော်နဲ့ဆိုင်တဲ့ ကိစ္စကို လွှတ်တော်က တစ်ဆင့် ဆောင်ရွက်ရမှာဖြစ်ပါတယ်’’ဟု ပြန်လည်ဖြေကြားသည်။
=======================
251 / End