၂၂ ဇန်နဝါရီ ၂၀၁၉ - ၁၆:၂၄
ထိုင်းရောက် မြန်မာလုပ်သားများအရေး ဆောင်ရွက်ရန် နှစ်နိုင်ငံအရာရှိများပါဝင်သော ကော်မတီဖွဲ့စည်းမည်

ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာလုပ်သား များ၏အခက်အခဲများဖြေရှင်းပေး ရန် နှစ်နိုင်ငံအရာရှိများပါဝင် သည့် ကော်မတီတစ်ရပ်ဖွဲ့၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်း မောင်ဦးက ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသော မြန်မာလုပ်သား များ၏အခက်အခဲများဖြေရှင်းပေး ရန် နှစ်နိုင်ငံအရာရှိများပါဝင် သည့် ကော်မတီတစ်ရပ်ဖွဲ့၍ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးစန်း မောင်ဦးက ပြောသည်။

ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ၏အခက်အခဲများ ဖြေရှင်းဆောင်ရွက်ပေးရန် ဇန်နဝါရီ ၂၁ ရက်တွင် နေပြည်တော်၌မြန်မာ - ထိုင်းနှစ်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးရာ အထက်ပါအချက်ကိုသဘောတူညီခဲ့ကြောင်း၎င်းက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၌ ရွှေ့ ပြောင်းမြန်မာကလေးငယ်များကို ပညာသင်ကြားပေးနေသော မြန်မာကျောင်းဆရာများ အဆင်ပြေစေရေး ထောက်ခံစာပြုလုပ်ပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘တကယ်ကို ကလေးတွေကို ပညာသင်ကြားပေးနေတာ မှန် တယ်ဆိုရင် သူတို့ကို သံရုံးကနေ  ထောက်ခံစာထုတ်ပေးထားဖို့ ဆွေးနွေးပါတယ်’’ဟု ဦးစန်းမောင်ဦးက ပြောသည်။

ထို့အပြင် မြန်မာလုပ်သား များအား အလုပ်ရှင်များက လုပ်အားခများ ရှင်းမပေးသည့် ပြဿနာကို အရေးယူဆောင်ရွက် ပေးရန် ဆွေးနွေးခဲ့ကြောင်း ၎င်း က ဆိုသည်။

‘‘အခုဖြစ်နေတာက အလုပ် ရှင်တွေက လုပ်အားခတွေကို ရှင်းမပေးလို့ ပြဿနာတက်ကြ တာပေါ့။ အဲဒါကိုလည်း လိုအပ် သလို အရေးယူဆောင်ရွက်ပေး တာတွေ လုပ်ဖို့ ပြောကြပါတယ်’’ ဟု ဦးစန်းမောင်ဦးက ပြောသည်။ထို့အပြင် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများအရေးကို ဖြေရှင်းပေးရန် ထိုင်းအစိုးရဘက်က ဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်း မြန်မာလုပ်သားလေးသန်းကျော် အလုပ်လုပ်ကိုင်နေသည်။ လက်ရှိတွင် ထိုင်းအစိုးရက တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သားများကို ဖမ်းဆီးပြီးနေရပ်သို့ ပြန်လည်ပို့ဆောင်နေသည်။

၂၀၁၈ အတွင်း ထိုင်းနိုင်ငံ တွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး နေရပ်သို့ပြန်လည်ပို့ ဆောင်ခံရသည့် မြန်မာလုပ်သား ခုနစ်သောင်းကျော် ရှိခဲ့သည်။

=======================
251 / End