၂၂ ဇန်နဝါရီ ၂၀၁၉ - ၁၇:၀၁
ထန်တလန်ခရီးစဉ်တွင် ရဟတ်ယာဉ်ကြောင့် ပျက်စီးမှုများကို လျော်ကြေးပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြော

ရဟတ်ယာဉ်ဖြင့် သွား ရောက်သည့်အခါတိုင်း ဘေးပတ် ၀န်းကျင်ရှိ အိမ်ခေါင်မိုးများပျက် စီးခြင်း၊ ခြံစည်းရိုးများပျက်စီးခြင်း တို့ တွေ့မြင်ရသဖြင့် သင်ခန်း စာရရှိပြီး ပျက်စီးမှုအားလုံး လျော် ကြေးပေးရမည်ဖြစ်ကာ မပေး ပါက မိမိကိုအသိပေးရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရဟတ်ယာဉ်ဖြင့် သွား ရောက်သည့်အခါတိုင်း ဘေးပတ် ၀န်းကျင်ရှိ အိမ်ခေါင်မိုးများပျက် စီးခြင်း၊ ခြံစည်းရိုးများပျက်စီးခြင်း တို့ တွေ့မြင်ရသဖြင့် သင်ခန်း စာရရှိပြီး ပျက်စီးမှုအားလုံး လျော် ကြေးပေးရမည်ဖြစ်ကာ မပေး ပါက မိမိကိုအသိပေးရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော သည်။

ဇန်န၀ါရီ ၂၀ ရက်က ချင်း ပြည်နယ် ထန်တလန်မြို့ရှိ ပြည် သူများနှင့်တွေ့ဆုံရန် ဒေါ်အောင် ဆန်းစုကြည် ရဟတ်ယာဉ်ဖြင့် လာရောက်စဉ် လေအရှိန်ကြောင့် မုခ်ဦးဝပြိုကျခြင်းနှင့်ပတ်သက်၍ ၎င်းက ပြောကြားခြင်းဖြစ်သည်။

‘‘ကျွန်မ ဆင်းလာတဲ့အခါ ကြိုဆိုဖို့ မုခ်ဦးဝပြိုကျသွားတာ တွေ့ရပါတယ်။ အပေါ်က ကြည့် လိုက်တဲ့အခါ အရှေ့က မုခ်၊ နောက်က ပြည်သူတွေပါ စောင့် နေကြပါတယ်။ ကြိုဆိုတဲ့ပြည်သူ တွေနောက်မှာ ကျွန်မဓာတ်ပုံ ထောင်ထားတာကို တွေ့ရပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။ထို့အပြင် ၎င်းကဆက်လက် ၍ ‘‘ရဟတ်ယာဉ်နဲ့သွားတဲ့အခါမှာ ကျွန်မသင်ခန်းစာတစ်ခုရပါ တယ်။ ရဟတ်ယာဉ်ဆင်းတိုင်း ဘေးပတ်ဝန်းကျင်ကို ပြဿနာ ဖြစ်စေပါတယ်။ လေအရမ်းတိုက် တဲ့အခါမှာ ခေါင်မိုးပျက်စီးတာ၊ ခြံစည်းရိုးပျက်စီးတာတွေကိုတွေ့ မြင်ရပါတယ်’’ ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံကို ဖွံ့ ဖြိုးတိုးတက်စေလိုသည်မှာ ငွေ ကြေးချမ်းသာလို၍ မဟုတ်ဘဲ ပြည်သူ၊ ပြည်သားများကို စိတ်ချမ်းသာစေလို၍သာဖြစ်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၌ဖွံ့ ဖြိုးခြင်း၊ မဖွံ့ဖြိုးခြင်းသည် ပြည် သူများ၏ စိတ်ခွန်အား၊ ရုပ်ပိုင်း ဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံ မှုမည်မျှရှိသည့်အပေါ်တွင် မူ တည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

‘‘တချို့ဆို ကိုယ်ကမဲပေးပြီး ပြီ၊ ကိုယ့်မှာတာဝန်ကျေပြီဆိုပြီး ကျန်တာအစိုးရအလုပ်ဆိုပြီး အဲဒီ လိုစိတ်ထားတဲ့သူတွေလည်းရှိ တယ်။ အဲဒါကမမှန်ကန်ပါဘူး။ ကိုယ့်တာဝန် ကိုယ်ကျေပွန် အောင်လုပ်ရမယ်။ အစိုးရအပေါ် မှာလည်း အစိုးရတာဝန်ကျေပွန် စေရမယ်ဆိုတဲ့ အမြင်နဲ့မြင်ရမှာ ဖြစ်ပါတယ်’’ ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

၂၀၁၈ ဩဂုတ်အတွင်းက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် မန္တလေးရှိ မဟာမုနိဘုရားသို့ သွားရောက်ဖူးမြော်ရာတွင် တိုး ဝှေ့ကြည့်ရှုသောလူများကြောင့် ပျက်စီးခဲ့ရသော ဈေးဆိုင်နှစ်ဆိုင် အတွက် လျော်ကြေးငွေချက်ချင်း ပြန်လည်ပေးသည့် ဖြစ်စဉ်ရှိခဲ့ သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဖလမ်းမြို့တွင်ပြည်သူလူထုနှင့်ယမန်နေ့က တွေ့ဆုံစဉ် ထွေအုပ်ဝန်ထမ်းများ လိမ္မာပြီး ဖြောင့်မတ်မှန်ကန်ကြရန်ပြောကြားသည်။

လူငယ်တစ်ဦးက ထွေအုပ်ဝန်ထမ်းဖြစ်ချင်သည်ဟု ပြောကြားခြင်းနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။

‘‘ထွေအုပ်တွေ လိမ္မာဖို့လို တယ်။ ဖြောင့်မတ်ဖို့ လိုတယ်။ လိမ္မာတယ်ဆိုတာ ကိုယ့်အတွက် လိမ္မာတယ်ကို ပြောတာမဟုတ် ဘူး။ ကိုယ်တာဝန်ထမ်းဆောင်နေ တဲ့အရပ်ဒေသအတွက် လိမ္မာတာ ကိုပြောတာပါ’’ ဟု၎င်းက ပြော သည်။

=======================
251 / End