၂၅ ဇန်နဝါရီ ၂၀၁၉ - ၀၄:၀၅
ဦးကိုနီနှင့် ဦးနေ၀င်းကွယ်လွန်ခြင်း (၂) နှစ်ပြည့်အခမ်းအနားသို့ တရားမျှတမှု လိုလားသူတိုင်း တက်ရောက်ရန်ဖိတ်ခေါ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေးတရား လွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တက္ကစီယာဉ်မောင်းဦးနေ၀င်းတို့ ကွယ်လွန်ခြင်း (၂) နှစ်ပြည့်အ ခမ်းအနားကို ဇန်န၀ါရီ ၂၉ ရက် တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ် သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေးတရား လွှတ်တော်ရှေ့နေ ဦးကိုနီနှင့် တက္ကစီယာဉ်မောင်းဦးနေ၀င်းတို့ ကွယ်လွန်ခြင်း (၂) နှစ်ပြည့်အ ခမ်းအနားကို ဇန်န၀ါရီ ၂၉ ရက် တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဖြစ် သည်။

ဗဟန်းမြို့နယ်ရှိ တော်ဝင် နှင်းဆီခန်းမ၌ ပြုလုပ်မည့် အဆိုပါ အခမ်းအနားကို ၎င်းတို့ အား လေးစားချစ်ခင်သူများနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း  များက ပူးပေါင်းပြုလုပ်ခြင်းဖြစ် ကြောင်း အခမ်းအနားကျင်းပ  ရေးကော်မတီဝင် ဦးထွန်းကြည် ကပြောသည်။

‘‘လူမြင်ကွင်းမှာ သေနတ်နဲ့  ပစ်ခတ်တာအကြမ်းဖက်တာပါ။  ဒါဟာအကြမ်းဖက်မှု တိုက်ဖျက်  ရေးဥပဒေအရ စွဲချက်တင်ရမှာ ပေမယ့် သာမန်လူသတ်မှု ပုဒ်မ လောက်နဲ့သွားနေတာရယ်၊ ရုံး ချိန်း ၁၀၀ ကျော်ရှိပေမယ့်ထူးခြား မှုက သိပ်ကျေနပ်စရာမရှိပါဘူး။  ဆိုတော့ ဒီအခမ်းအနားဟာ ဦးကို နီအတွက်၊လူသတ်သမားကို ဖမ်း  ပေးတဲ့တက္ကစီဆရာကြီးအတွက်၊ အမှန်တရားအတွက် တရားမျှတ မှုကို ဖော်ဆောင်တဲ့ပွဲဖြစ်သလို တရားဥပဒေစိုးမိုးရေးဆိုင်ရာ မေး ခွန်းထုတ်မှုတွေနဲ့ ပတ်သက်လို့  တွန်းအားပေးမယ့် အခမ်းအနား လည်းဖြစ်ပါတယ်’’ ဟု ဦးထွန်း ကြည်ကပြောသည်။

အခမ်းအနားသို့ အစိုးရအဖွဲ့ ၀င်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊  ဘာသာရေးခေါင်းဆောင်များ၊စာ ပေနှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြား ထားကာအမှန်တရားနှင့် တရားမျှ တမှုကို လိုလားသောမည်သူမဆို  တက်ရောက်နိုင်ရန် ဖိတ်ခေါ် ကြောင်း အခမ်းအနားကျင်းပရေးကော်မတီတာဝန်ရှိသူများကပြောသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့တွင် သေနတ်သမား ကြည်လင်းက ဦးကိုနီ၏ နောက် စေ့ကိုသေနတ်နှင့် တေ့ပစ်ပြီး နောက်လေဆိပ်ထွက်လမ်းတစ် လျှောက် သေနတ်ပစ်ဖောက် ထွက်ပြေးသဖြင့် ၎င်းကိုလိုက်လံ  ဖမ်းဆီးသော ဦးနေ၀င်းလည်း သေနတ်ထိမှန် သေဆုံးခဲ့သည်။

  သေနတ်သမားကြည်လင်း အပါအဝင် အောင်ဝင်းဇော်နှင့် ဇေယျာဖြိုး တို့ကို သေဒဏ်အ ထိချမှတ်နိုင်သည့် ပုဒ်မဖြင့် မြောက်ပိုင်းခရိုင်တရားရုံးကစွဲ ချက်တင်ထားပြီး ဖေဖော်ဝါရီ အတွင်း အမိန့်ချမှတ်မည်ဟု ခန့်မှန်းထားသည်။

=======================
251 / End