အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ချင်းပြည်နယ်အစိုးရ အကောင်အထည် ဖော်နေသည့် ဧက ၇၀၀ ခန့် ကျယ်ဝန်းသော ဟားခါးမြို့သစ် စီမံကိန်းသည် ဒေသခံများ၏ စိုက်ပျိုးမြေများကို အဓမ္မသိမ်းယူအကောင်အထည် ဖော်နေသည်ဆိုကာ ဒေသခံအချို့က ဇန်နဝါရီ ၂၅ ရက်တွင် ကန့် ကွက်ဆန္ဒပြခဲ့သည်။
ဟားခါးမြို့သစ်စီမံကိန်း တွင် ပါဝင်နေသည့် စိုက်ပျိုးမြေ များအတွက် ဒေသခံများကို တိုင် ပင်ခြင်းနှင့် မြေယာလျော်ကြေး ပေးအပ်ခြင်း မရှိသဖြင့် ဒေသခံ ၇၀၀ ခန့်က ကန့်ကွက်ခြင်းဖြစ် သည်။
‘‘ဥပဒေအတိုင်းလုပ်စေချင် တယ်။ အစိုးရက ဥပဒေကို ဆန့် ကျင်ပြီးလုပ်နေတယ်။ ဒီစီမံကိန်း အတွက် မူလမြေပိုင်ရှင်တွေကို တိုင်ပင်ဆွေးနွေးတာ၊ လျော်ကြေးပေးတာမရှိဘူး’’ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ဇာတလဲန်းက ပြောသည်။
အဆိုပါစီမံကိန်းတွင် ဒေသ ခံများ၏ စိုက်ပျိုးမြေနှင့် သာသနာ့ မြေများ သုံးပုံတစ်ပုံခန့် ပါဝင်နေ သည်ဟု ဒေါ်ဇာတလဲန်းက ပြော သည်။
စီမံကိန်းကို ဟားခါးမြို့ပြင် ရှိ မြေ ၆၇၆ ဧကတွင် အကောင် အထည်ဖော်နေခြင်းဖြစ်ပြီး မြေ နေရာမရှိသူများ၊ ဆင်းရဲသား များနှင့် အိမ်ထောင်ဦးစီးမရှိသူ များကို ဦးစားပေးချထားမည့် စီမံ ကိန်းများ ဦးစားပေးချထားမည့် စီမံကိန်းဖြစ်ကာ မြေကွက်များကို လာမည့်မတ်လတွင် စတင်ချထားမည်ဟု ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုးထက်ကပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၁၄-၁၅ တွင် မြို့သစ်စီမံကိန်းရေးဆွဲ ခြင်းဖြစ်ပြီး လက်ရှိ၌ မဟာဗျူဟာစီမံကိန်း (Master Plan) ရေးဆွဲနေသည်ဟုဆိုသည်။
‘‘ဆန္ဒပြတဲ့လူတွေကလည်း မြေပြင်မှာပါတဲ့သူက နည်းနည်း လေးပါ။ အပြင်ကလူတွေက အ များကြီး။ စီမံကိန်းမှာ ဧက ၁၀၀ တောင်မပါပါဘူး။ ပိုင်တဲ့သူက လည်း ၁၀ ယောက်ပဲ။ အတင်းမ သိမ်းပါဘူး’’ဟု ဝန်ကြီးဦးစိုးထက် ကပြောသည်။
အဆိုပါ စီမံကိန်းအတွက် အစိုးရက ငွေကြေးစိုက်ထုတ်ခြင်း မဟုတ်ဘဲ မြေကွက်ဝယ်ယူသူ များ၏ ငွေကြေးဖြင့် မြေကွက်ဖော်ရေးလုပ်ငန်းများ လုပ်ကိုင် မည်ဟုဆိုသည်။
=======================
251 / End
၂၆ ဇန်နဝါရီ ၂၀၁၉ - ၀၂:၄၈
News ID: 926379
ချင်းပြည်နယ်အစိုးရ အကောင်အထည် ဖော်နေသည့် ဧက ၇၀၀ ခန့် ကျယ်ဝန်းသော ဟားခါးမြို့သစ် စီမံကိန်းသည် ဒေသခံများ၏ စိုက်ပျိုးမြေများကို အဓမ္မသိမ်းယူအကောင်အထည် ဖော်နေသည်ဆိုကာ ဒေသခံအချို့က ဇန်နဝါရီ ၂၅ ရက်တွင် ကန့် ကွက်ဆန္ဒပြခဲ့သည်။