၂၆ ဇန်နဝါရီ ၂၀၁၉ - ၀၃:၂၁
ချင်းပြည်နယ်အတွင်း သစ်မခုတ်ရန်နှင့် သဘာဝကို ထိန်းသိမ်းရန် ဒေါ်အောင်ဆန်းစုကြည်မှာကြား

ချင်းပြည်နယ်၏ ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် သစ်မခုတ်ရန်နှင့် တော၊ တောင်သဘာဝကို ယခုထက်စိမ်းလန်းစိုပြည်အောင် ပြုလုပ်ရန် နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာ ကြားခဲ့ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ချင်းပြည်နယ်၏ ခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် သစ်မခုတ်ရန်နှင့် တော၊ တောင်သဘာဝကို ယခုထက်စိမ်းလန်းစိုပြည်အောင် ပြုလုပ်ရန် နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာ ကြားခဲ့ကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက် က ပြောသည်။

၂၀၁၉ ဇန်န၀ါရီ တတိယ ပတ်က ချင်းပြည်နယ်ရှိ မြို့ငါးမြို့ သို့ သွားရောက်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်နယ်ခရီး သွားဒေသဖြစ်သည့် ရိဒ်ရေကန် နှင့် သီကီရ်ဒေသနှစ်ခုသို့ သွား ရောက်ပြီး ခရီးသွားကဏ္ဍ အ တွက် တောတောင်သဘာဝကို ထိန်းသိမ်းရန် မှာကြားခြင်းဖြစ် သည်။

‘‘လက်ရှိ သဘာဝကို ထိန်း သိမ်းထားရင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမယ်။ အဲဒီလိုလေးတွေ အ ကြံပေးခဲ့ပါတယ်။ သစ်ပင်တွေကို သဘာဝအတိုင်းထိန်းသိမ်းဖို့ လမ်းညွှန်ပါတယ်’’ ဟု ၀န်ကြီး ဦးစိုး ထက်က ပြောသည်။

ချင်းပြည်နယ်၏ ခရီးသွား ကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၈ အောက်တိုဘာတွင် နတ်မတောင် ပေါ်သို့ တက်ရောက်ရာ၌ ကား များ၊ ဆိုင်ကယ်များအစား မြင်း များ၊ မြင်းပုများ (သို့မဟုတ်) ခြေ ကျင်တက်ရောက်ရန် နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မှာကြား ဖူးသည်။

လက်ရှိ၌ ပြည်နယ် အစိုးရ သည် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့တိုင်းတွင် ဟိုတယ် တည်ဆောက်ရေးနှင့် လျှပ်စစ်မီးရရှိရေး ဆောင် ရွက်နေသည်ဟု ဦးစိုးထက်က ပြောကြားသည်။

‘‘ဟိုတယ်က ကန်ပက်လက် နဲ့ မင်းတပ်မှာပဲ ရှိသေးတယ်။ မြို့နယ်တိုင်းမှာ ဟိုတယ်တည် ဆောက်ဖို့ လုပ်နေပါတယ်’’ ဟု ၎င်းကပြောသည်။

ပြည်နယ် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် လျှပ်စစ်မီးရရှိမှသာ အဆင်ပြေချောမွေ့မည်ကို လေ့လာတွေ့ရှိထားကြောင်း၊ မြို့နယ် ကိုးခုရှိသည့် ချင်းပြည်နယ်တွင် မြို့နယ်လေးခု၌ လျှပ်စစ်မီး မရရှိသေးခြင်းကြောင့် ပြည်နယ်အစိုးရ  အနေဖြင့် ကြိုးစားဆောင်ရွက်နေကြောင်း ဦးစိုးထက်ကပြောသည်။

=======================
251 / End