အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း မဆောင်ရွက် ရန် သံတမန်နည်းလမ်းဖြင့်ချဉ်း ကပ်၍ လိုအပ်ပါက လျော်ကြေး ပေးပြီး ဖြေရှင်းသင့်ကြောင်း သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုး သိန်းကပြောသည်။
‘‘မြန်မာနိုင်ငံကြီးတစ်ခုလုံး အတွက်ကတော့ မြစ်ဆုံကမလုပ် သင့်ပါဘူး။ သံတမန်နည်းက တော့ ချဉ်းကပ်ပုံမှာ မူတည်ပါ တယ်။ ပြောရမယ်၊ ဆိုရမယ်၊ ဆွေးနွေးရမယ်။ တိုင်းပြည်အ တွက် လိုအပ်ရင်လည်း၊နည်းနည်း ပါးပါးလည်းလိုရင်လျော်ပေးရမှာ ပေါ့။ ဒါတွေကရှိနိုင်တာပဲ’’ ဟု ၎င်းက ဇန်န၀ါရီ ၂၉ ရက်တွင် ကျင်းပသော ပြည်ထောင်စုလွှတ် တော်အစည်းအဝေးအပြီး၌ မီ ဒီယာအချို့နှင့် တွေ့ဆုံစဉ်ပြော ကြားသည်။
ထို့ကြောင့် မြစ်ဆုံစီမံကိန်း စာချုပ်တွင် ပါဝင်သည့်အချက် အချို့ကို ထုတ်ဖော်ပြောကြားရန် မေးမြန်းသော်လည်း ‘‘လက် တန်းအလွတ်မရဘူးကွ။ သက် ဆိုင်ရာမှာ ရှာကြည့်လို့ရပါတယ်။ ဒါတွေက လျှို့ဝှက်ထားတာမှ မ ဟုတ်တာ’’ ဟု ဦးစိုးသိန်းကဆို သည်။ ဆက်လက်၍ မြစ်ဆုံစီမံ ကိန်းဆောင်ရွက်ပါက တိုင်းရင်း သားစည်းလုံးညီညွတ်မှုကို ထိ ခိုက်နိုင်သဖြင့် မပြုလုပ်သင့်ဘဲ မေခနှင့် မလိခအပေါ်ဘက်တွင် ရှိသော ချီဖွေကဲ့သို့နေရာများ၌ စီမံကိန်းခြောက်ခုခန့် ရှိသဖြင့် ယင်းနေရာများ၌ လုပ်ဆောင် သင့်ကြောင်း ၎င်းကဆိုသည်။
‘‘ပြည်သူများက မကြိုက်ဘူး ဆိုမလုပ်သင့်ဘူး။ သံတမန်နည်း နဲ့ဆွေးနွေးတာကတော့ အ ကောင်းဆုံးဖြစ်တယ်။ ဒါကစစ် ရေးလည်းမဟုတ်ဘူး။ နိုင်ငံရေး လည်း မဟုတ်ဘူး။ စီးပွားရေး ကြောင့်ဖြစ်လာတာပေါ့’’ ဟု ကချင်ပြည်နယ်မဲဆန္ဒနယ် (၁) အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးဂျေယောဝူကပြောသည်။
မြစ်ဆုံစီမံကိန်းကို တရုတ် ကုမ္ပဏီတစ်ခုတည်းက လက်ဦးမှု ရယူကာ လုပ်ပိုင်ခွင့်ရယူခြင်း သည် လုံးဝမဖြစ်သင့်ဘဲလျော် ကြေးပေး၍ ဖြေရှင်းသင့်မှုကို စဉ်း စားသင့်ကြောင်း ၎င်းကမှတ်ချက် ပြုသည်။တပ်မတော်အစိုးရလက် ထက်တွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော် ရန်သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး သမ္မတဟောင်းဦးသိန်းစိန်လက် ထက်၌ ပြည်သူလူထုက ကန့် ကွက်၍အဆိုပါ စီမံကိန်းရပ်ဆိုင်း ခဲ့သည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကို အရွယ်အစားနှင့်နေရာ ပြောင်းလုပ်ဆောင်ရန် တရုတ် နိုင်ငံနှင့် ညှိနှိုင်းနေကြောင်းရင်း နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီး ဦးသောင်းထွန်း ကပြောကြားထားသည်။ မြစ်ဆုံ စီမံကိန်းပြဿနာကို မဖြေရှင်းဘဲ အချိန်ဆွဲမည်ဆိုပါက တရုတ် ကုမ္ပဏီများ မြန်မာနိုင်ငံသို့လာ ရောက်ရင်းနှီးမြှုပ်နှံရန်ယုံကြည် စိတ်ကို ဆိုးရွားစွာထိခိုက်နိုင် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန် လျန်ကပြောကြားထားသည်။ ထို့ အပြင် မြစ်ဆုံစီမံကိန်းကို ဒေသ ခံများက ကန့်ကွက်ခြင်းမရှိဘဲပြင် ပမှ လာရောက်သူများက ကန့် ကွက်ခြင်းသာဖြစ်သည်ဟု တ ရုတ်သံရုံးထုတ်ပြန်ချက်၌ ဖော် ပြထားသည်။
ထိုထုတ်ပြန်ချက်ဖော်ပြပြီး နောက် ရန်ကုန်အပါအ၀င်မြို့ကြီး များ၌ မြစ်ဆုံစီမံကိန်း ကန့်ကွက်ပွဲများ ဆက်တိုက်ပြုလုပ်နေသည်။
=======================
251 / End
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို လျော်ကြေးပေးဖြေရှင်းသင့်သည်ဟု သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းအကြံပြု
၃၀ ဇန်နဝါရီ ၂၀၁၉ - ၁၈:၄၅
News ID: 927057
မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်း မဆောင်ရွက် ရန် သံတမန်နည်းလမ်းဖြင့်ချဉ်း ကပ်၍ လိုအပ်ပါက လျော်ကြေး ပေးပြီး ဖြေရှင်းသင့်ကြောင်း သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုး သိန်းကပြောသည်။