အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းမှုသည် ထူးခြားမှုရှိမည်မထင်ကြောင်း အရေးကြီးအဆိုကို ကန့်ကွက်ခဲ့သည့် တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင် မောင်က ပြောသည်။
ဇန်နဝါရီ ၃၀ ရက် ပြည်သူ့လွှတ်တော်အစည်း အဝေးမစတင်မီ ၎င်းက သတင်းထောက်များအားယင်းသို့ ပြောကြားသည်။ ဗိုလ်မှူးချုပ် မောင်မောင်သည် ပြည်ထောင်စုလွှတ်တော်၌ ဒီချုပ်အမတ် ဦးအောင်ကြည်ညွန့်၏ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့စည်းရန် အ ရေးကြီးအဆိုတင်သွင်းသည့်အ ပေါ် လုပ်ထုံးလုပ်နည်းနှင့်မညီဟု ဆိုကာ ကန့်ကွက်ခဲ့သည်။
‘‘အရင်သက်တမ်းတုန်းက လည်း လုပ်ခဲ့တာပါပဲ။ ဟုတ် တယ်မို့လား။ အရင်သက်တမ်း တုန်းကလည်း လုပ်ခဲ့တာ သိပ် တော့လည်း ထူးခြားမယ်တော့ မထင်ပါဘူး’’ဟု ၎င်းက ပြော သည်။
ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင် ဆင်ရန် ကြိုးစားခဲ့သည်။ သို့သော် ယင်းအချိန်က ပုဒ်မ ၅၉ (ဃ)ရှိ စကားရပ်တစ်ခုကိုသာ ပြင်ဆင် နိုင်ခဲ့ပြီး ကျန်ပုဒ်မများ ပြင်ဆင် နိုင်ခြင်းမရှိပေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းကို လုပ်ထုံးလုပ် နည်းအတိုင်း လုပ်မည်ဆိုပါက ပြင်ဆင်၍ရကြောင်း ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။
‘‘ကျွန်တော်တို့ကပဲ မပြင်ချင် တဲ့ ပုံစံဖြစ်အောင် လုပ်နေတာ တော့ မကောင်းဘူးပေါ့လေ။ အဲဒါကြောင့်မို့ လုပ်ထုံးလုပ်နည်း အတိုင်းပဲ လုပ်တယ်ဆိုရင် သူ့ဟာ သူ ပြင်လို့ရပါတယ်။ လုပ်ထုံးလုပ် နည်းအတိုင်း လုပ်စေချင်တာလေး တစ်ခုပါပဲ’’ဟု ၎င်းက ဆိုသည်။
လုပ်ထုံးလုပ်နည်းအပေါ် လက်မခံခြင်းမှာ မည်သည့်အရာ ကို စိတ်ပူပါသနည်းဟု သတင်း ထောက်၏ မေးမြန်းချက်အပေါ် ဗိုလ်မှူးချုပ် မောင်မောင်က ‘‘ကျွန်တော်တို့ စိတ်ပူတာက...ဟို စိတ်ပူတာရယ်လို့တော့ မဟုတ်ပါဘူး။ လုပ်ထုံးလုပ်နည်း နဲ့အညီ လုပ်စေချင်တာပဲ။ ကျန် တာကတော့ ဘယ်လိုပဲဖြစ်ဖြစ် လေ ကျွန်တော်တို့အနေနဲ့က တော့ လိုအပ်တာကို ထောက်ပြ ပြောပြ၊ လုပ်ထုံးလုပ်နည်းနဲ့အ ညီလုပ်ဖို့ ဒါပဲပြောနေတာဖြစ် တယ်’’ဟု ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို လွယ် လွယ်နှင့် ယိုင်နဲ့မသွားအောင် လုပ်ရမည်ဟုဆို
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် တပ်မတော်ပါဝင် ခြင်းမရှိလျှင် ပြင်ဆင်၍ မရ ကြောင်း ပြောနေသည်မှာ သာမန်အားဖြင့် ပြောနေခြင်းသာ ဖြစ် ကြောင်း ဗိုလ်မှူးချုပ်မောင်မောင် က ပြောသည်။
သို့သော် ယင်းဖွဲ့စည်းပုံအ ခြေခံဥပဒေကို လွယ်လွယ်နှင့်ယိုင် နဲ့မသွားစေရန် လုပ်ရမည်ဟု ၎င်း က ဆိုသည်။
‘‘ဒါ ပြင်လို့မရတဲ့ ဥပဒေကြီးပဲ ဆိုတာမဟုတ်ပါဘူး။ ပြင်လို့ရပါ တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကတော့ နိုင်ငံရဲ့ တကယ့်တည်တံ့ခိုင်မြဲဖို့ လုပ်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒါကို တော့ လွယ်လွယ်နဲ့ ယိုင်နဲ့မသွား အောင်တော့၊ ခိုင်ခိုင်မာမာဖြစ် အောင်တော့ လုပ်ရတာပေါ့ဗျာ။ ဒါကြောင့်မို့လည်း လုပ်ငန်းစဉ် အဆင့်ဆင့်လေးတွေ ခိုင်ခိုင်မာ မာဖြစ်အောင် လုပ်ပြီးမှ ပြင်ရမှာ ပေါ့’’ဟု ၎င်းက ဆက်လက်ပြော သည်။
သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့်အခါ ရေရှည်ကြည့်ရန် လိုအပ်ပြီး လော လောဆယ် လိုအပ်သည့်အရာကို သာ ရမ်းလုပ်၍ မရကြောင်း ဗိုလ် မှူးချုပ်မောင်မောင်က ဆိုသည်။
လွှတ်တော်တွင် မဲများရာ အနိုင်ရ နေ၍ မဖြစ်သင့်သည့်ကိစ္စများ မဖြစ်ရန် လုပ်ဆောင်မည်ဟုဆို
လက်ရှိ လွှတ်တော်ထဲတွင် တပ်မတော်သားများ ပါဝင်သည် ဆိုသော်လည်း မဲများရာ အနိုင် လုပ်နေကြခြင်းဖြစ်ကြောင်း တပ် မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ဝေဖန်သည်။ ယင်းကဲ့သို့ လုပ်နေသဖြင့် အချို့ကိစ္စများတွင် မဖြစ်သင့်သည့် ကိစ္စရပ်များ ပါ သွားကြောင်း ဆိုသည်။
ထို့ကြောင့် လက်ရှိ ပြင်ဆင် နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများတွင် ထို ကဲ့သို့ မဖြစ်သင့်သည့်ကိစ္စရပ်များ မဖြစ်စေရန် လုပ်ဆောင်ရမည်ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြော သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေး ကော်မတီဖွဲ့စည်းရန် အရေးကြီးအဆိုကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များက လုပ်ထုံးလုပ်နည်းနှင့်မညီ ဟု ကန့်ကွက်ခဲ့သော်လည်း ယင်းအဆိုကို လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် သင့်၊ မသင့် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၃၉၄ မဲဖြင့် အနိုင်ရရှိခဲ့သည်။ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များကမူ မဲမပေးခဲ့ပေ။
=======================
251 / End
ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းမှု ထူးခြားမည်မထင်ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်ပြော
၃၁ ဇန်နဝါရီ ၂၀၁၉ - ၁၄:၅၁
News ID: 927146
‘‘ဒါ ပြင်လို့မရတဲ့ ဥပဒေကြီးပဲ ဆိုတာမဟုတ်ပါဘူး။ ပြင်လို့ရပါ တယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာကတော့ နိုင်ငံရဲ့ တကယ့်တည်တံ့ခိုင်မြဲဖို့ လုပ်ထားတဲ့ ဥပဒေဖြစ်တဲ့အတွက် ဒါကို တော့ လွယ်လွယ်နဲ့ ယိုင်နဲ့မသွား အောင်တော့၊ ခိုင်ခိုင်မာမာဖြစ် အောင်တော့ လုပ်ရတာပေါ့ဗျာ။ ဒါကြောင့်မို့လည်း လုပ်ငန်းစဉ် အဆင့်ဆင့်လေးတွေ ခိုင်ခိုင်မာ မာဖြစ်အောင် လုပ်ပြီးမှ ပြင်ရမှာ ပေါ့’’ဟု ၎င်းက ဆက်လက်ပြော သည်။