အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်သမ္မတ ဦး ၀င်းမြင့်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာပရတ် ဆုတ်ခွန်းကို ဖေဖော်ဝါရီ ၁ ရက် တွင် သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့သည်။
တွေ့ဆုံစဉ်နှစ်နိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုနှင့် စိုက်ပျိုး ရေး၊ ကုန်သွယ်ရေးနှင့် ခရီးသွား လာရေးကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေးကြောင်း သမ္မတရုံးက သတင်း ထုတ်ပြန်သည်။
ယင်းနောက် ပညာရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူး ပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေး ထိုးနိုင်ရေး၊ အခွန်နှစ်ထပ်ကင်း လွတ်ခွင့်ပြုရေး၊ ရင်းနှီးမြှုပ်နှံမှု များတိုးမြှင့်နိုင်ရေး၊ မန္တလေးမြို့ နှင့် ဆီရမ်ရိမြို့တို့အကြားတိုက် ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင် ရေးစသည့် ကိစ္စရပ်များ ထည့် သွင်းဆွေးနွေးခဲ့သည်။
ထို့အပြင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်သည် ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်ကို သမ္မတအိမ်တော် ၌ လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံ အပြန်အလှန် ဘုံအကျိုးစီးပွားနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ခဲ့သည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံခေါင်း ဆောင်များ၏ ချစ်ကြည်ရေးခရီး စဉ်အပြန်အလှန် သွားရောက် ရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ် များနှင့် ပြည်သူအချင်းချင်းအ ကြားထိတွေ့ဆက်ဆံမှုမြှင့်တင် ရေးကိစ္စရပ်များကို ထည့်သွင်း ဆွေးနွေးခဲ့သည်။
ယင်းနောက်ဖွံ့ဖြိုးဆဲနိုင်ငံ များရင်ဆိုင်နေရသည့် စိန်ခေါ်မှု များ၊ အကျိုးတူကိစ္စများနှင့် ပတ် သက်၍ နိုင်ငံတကာမျက်နှာစာ တွင် စည်းလုံးညီညွတ်စွာအတူ တကွ ရပ်တည်ပူးပေါင်းဆောင် ရွက်ရေးကိစ္စရပ်များ ဆွေးနွေး ကြောင်း သတင်းထုတ်ပြန်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နှစ်နိုင်ငံ အဆင်ပြေချိန်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ လာ ရောက်လည်ပတ်ရန် ၀န်ကြီးချုပ် ဟွန်ဆန်က ဖိတ်ကြားကြောင်း ဒုဝန်ကြီးချုပ် ပရတ်ဆုတ်ခွန်းက သတင်းစကားပါးခဲ့သည်။
ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီး ပရတ်ဆုတ်ခွန်းသည် မြန်မာ - ကမ္ဘောဒီးယားနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပူး တွဲကော်မရှင် ဒုတိယအကြိမ်အ စည်းအဝေးပြုလုပ်ရန် နေပြည် တော်သို့ ရောက်ရှိခဲ့ခြင်းဖြစ် သည်။
အထက်ပါပူးတွဲကော်မရှင် ဒုတိယအကြိမ်အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန် ကြီးဌာန၌ ဖေဖော်ဝါရီ ၁ ရက်နံ နက်တွင် ကျင်းပရာအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဦးကျော်တင်နှင့် ဒုဝန် ကြီးချုပ်ပရတ်ဆုတ်ခွန်းတို့က ပူး တွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ထားသည်။
=======================
251 / End
သမ္မတဦးဝင်းမြင့်နှင့်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်ကို သီးခြားစီလက်ခံတွေ့ဆုံ ဒေါ်အောင်ဆန်း
၂ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၂၁
News ID: 927399
နိုင်ငံတော်သမ္မတ ဦး ၀င်းမြင့်သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယ၀န်ကြီးချုပ် မစ္စတာပရတ် ဆုတ်ခွန်းကို ဖေဖော်ဝါရီ ၁ ရက် တွင် သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့သည်။