အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့ မြို့ နယ်ငါးခုတွင်ရက် ၄၀ အတွင်း တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။
‘‘လွန်ခဲ့တဲ့ ဒီဇင်ဘာ ၂၁ ရက်ကနေပြီးတော့ ဒီဇန်န၀ါရီ ၃၁ ရက်အထိ အဲဒီကာလအ တွင်းမှာ တိုက်ပွဲပေါင်း ၄၁ ကြိမ် ဖြစ်တယ်။ အဓိကတော့ ပလက် ၀ရယ်၊ ကျောက်တော်ရယ်၊ ဘူး သီးတောင်ရယ်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အဲဒီငါးမြို့နယ်ထဲ မှာ။ အဲဒီ ၄၁ ကြိမ်က မိနစ် ၃၀ နဲ့ အထက် ကြာမြင့်တဲ့တိုက်ပွဲတွေ။ ၁၀ မိနစ်၊ ၁၅ မိနစ်တိုက်ပွဲတွေ မပါသေးဘူး’’ ဟု ခိုင်သုခက ဖေ ဖော်ဝါရီ ၂ ရက်တွင် ဆိုသည်။
တပ်မတော်နှင့် AA တို့ ၂၀၁၈ နိုဝင်ဘာလလယ်ကစတင် ပြီး ရခိုင်ပြည်နယ်၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခြင်းဖြစ်သည်။
တပ်မတော်က ဒီဇင်ဘာ ၂၁ရက်တွင် တိုင်းစစ်ဌာနချုပ် ငါးခုနယ်မြေတွင် စစ်ရေးလှုပ်ရှား မှု အားလုံးရပ်ဆိုင်းကြောင်းကြေ ညာခဲ့ရာ အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်နယ်မြေ ရခိုင်ပြည်နယ် မပါဝင်ပေ။
ထိုအခြေအနေတွင် AA က ဇန်န၀ါရီ ၄ ရက် နံနက်၌ ဘူးသီး တောင်မြို့နယ်ရှိ ရဲကင်းစခန်းများ ကို အင်အားအလုံးအရင်းဖြင့် ၀င် တိုက်ခိုက်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၁၃ ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရခဲ့သည်။
AA ၏လုပ်ရပ်ကို အကြမ်း ဖက်လုပ်ရပ်ဟု အစိုးရကသတ် မှတ်ကာ သောင်းကျန်းသူနှိမ်နင်း ရေး စစ်ဆင်ရေးဆောင်ရွက်ရန် တပ်မတော်အား ညွှန်ကြားခဲ့ သည်။
ထို့နောက် တပ်မတော်က ရခိုင်ဒေသတွင် တပ်အင်အား တိုးမြှင့်ပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေရာ တိုက်ပွဲများ မကြာခဏ ဆက်လက်ဖြစ်ပွား ခဲ့သည်။
‘‘ရခိုင်ဒေသကတော့ ထူး ထူးခြားခြားမရှိပါဘူး။ ထိတွေ့မှု လေးတွေ ဖြစ်နေတာတော့ရှိပါ တယ်။ ထိတွေ့မှုကထူးထူးခြား ခြားရယ်တော့ မရှိပါဘူး’’ ဟုတပ် မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ရခိုင်ဒေသစစ်ရေးအခြေအ နေနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၁ ရက်တွင် ပြောကြားသည်။
တပ်မတော်နှင့် AA တို့ တိုက်ပွဲများကြောင့် ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် ဘူးသီးတောင်မြို့နယ်ရှိ ဒေသ ခံများ စစ်ဘေးဒုက္ခကြုံနေရပြီး ထောင်နှင့်ချီပြီး နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည်။ စစ်ရေး ပဋိပက္ခကြောင့် အရပ်သားအချို့ သေဆုံးပြီး အချို့ဒဏ်ရာရရှိခဲ့ သည်။
=======================
251 / End
၃ ဖေဖော်ဝါရီ ၂၀၁၉ - ၁၄:၁၅
News ID: 927529
တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ (AA) တို့ မြို့ နယ်ငါးခုတွင်ရက် ၄၀ အတွင်း တိုက်ပွဲ ၄၁ ကြိမ်ဖြစ်ပွားခဲ့ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ က ပြောသည်။