၄ ဖေဖော်ဝါရီ ၂၀၁၉ - ၁၇:၁၆
ရသေ့တောင်တွင် တပ်မတော်နှင့်အေအေ တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ​ကျောက်​တန်း၊ ရေပုတ်၊ ​ကျောက်​ရန်ကျေးရွာအနီးမှာ မနေ့က တပ်​မ​တော်​နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ​ကျောက်​တန်း၊ ရေပုတ်၊ ​ကျောက်​ရန်ကျေးရွာအနီးမှာ  မနေ့က တပ်​မ​တော်​နဲ့ ရက္ခိုင့်တပ်မတော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။

“ဒီ​နေ့ မနက်​ ၈ နာရီ​ကျော်​ ​လောက်​ကတည်းက ကျောက်တန်းကျေးရွာနဲ့ ရေပုတ်ကျေးရွာ ကြားမှာ လက်​နက်​ကြီးအသံ​တွေ ကြား​နေရတာပါ။ မနက်​ ၁၀ နာရီ​လောက်​ထိ ကြား​နေရပါတယ်​။ ကျောက်​တန်း၊ ရေပုတ်​၊ ​ကျောက်​ရန်​ စတဲ့ ​ကျေးရွာသူရွာသား တ​ချို့က​တော နီးစပ်​ရာ ​​ဆွေမျိုးရှိရာ ​ကျေးရွာတွေကို ထွက်​​ပြေးသွားကြပါပြီ။ ကျန်​​တဲ့ ရွာသူရွာသား​တွေက​တော့ သမီးလှ​ကျေးရွာမှာလို တပ်​မ​တော်​က ​နေအိမ်​​တွေကို ၀င်​​ရောက်​ရှာ​ဖွေမှာကို စိုးရိမ်​​နေကြပါတယ်​” လို့ ကျေးရွာအုပ်ချုပ်ရေးမှူးတဦးက ​ပြောပါတယ်​။

ကျောက်​တန်း​ကျေးရွာမှာ​ အိမ်​​ခြေ ၅၀၀ ​ကျော်​ လူဦး​ရေ ၂၀၀၀ ​ကျော်​ရှိပြီး ရေပုတ်ကျေးရွာ မှာ အိမ်​​ခြေ ၂၀၀ ​ကျော်​ လူဦး​ရေ ၁၈၀၀ လောက်နဲ့ ​ကျော်​ရံ​ကျေးရွာမှာ အိမ်​ခြေ ၂၀၀ လောက်နဲ့ လူဦး​ရေ ၁၅၀၀ ​ကျော်​ ရှိ​​ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့မှာ ရ​သေ့​တောင်​မြို့နယ်​သမီးလှရွာသစ်အနီး ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အတွက် ရွာသားတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို အသက် ၇ နှစ်အရွယ် မောင်နိုင်စိုးမှာလည်း နေအိမ်အတွင်း မိသားစုနဲ့အတူ မီးလှုံနေစဉ် လက်နက်ကြီး ကျည်ဆန်အစ ထိမှန်ခဲ့ပြီး​ သေဆုံးသွား ခဲ့ရပါတယ်​။

=======================
251 / End