၅ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၀၀
ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ်ခရီးစဉ်စတင်၊ တာချီလိတ်လူထုနှင့် တွေ့ဆုံ

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မြို့ခံ ပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ ဒီကနေ့မနက်က ရောက်ရှိနေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်ဟာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ မြို့ခံ ပြည်သူလူထုတွေနဲ့ တွေ့ဆုံဖို့ ဒီကနေ့မနက်က ရောက်ရှိနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တာချီလိတ်ခရီးစဉ် လူထုတွေ တွေ့ဆုံပွဲကို တာချီလိတ်၊ အောင်မြတ်ခန်းမမှာ ပြုလုပ်ပြီး မိုင်းယောင်းမြို့ကို ရဟတ်ယာဉ်နဲ့ ထွက်ခွာမှာဖြစ်ပါတယ်။

မိုင်းယောင်းကနေတဆင့် ကျိုင်းတုံမြို့မှာ ပြည်သူလူထုနဲ့ တွေ့ဆုံပြီးနောက် ညအိပ်ရပ်နားဖို့ အစီအစဉ်ရှိပါတယ်။

နောက်ရက်မှာတော့ မိုင်းတုံမြို့ကို ခရီးဆက်မှာဖြစ်ပြီး အဲဒီကနေတဆင့် တောင်ကြီးညအိပ်မှာဖြစ်ပြီး  ရှမ်းပြည်နယ်ခရီးစဉ်ကို အဆုံးသတ်ဖို့ ရှိပါတယ်။

ခရီးစဉ်အတွင်း လူထုတွေ့ဆုံပွဲတွေကျင်းပတဲ့ ခန်းမတွေရှေ့မှာ တိုင်စာလက်ခံရေးဌာနတွေ ဖွင့်လှစ်ပြီး တိုင်ကြားစာတွေကို လက်ခံသွားဖို့ ရှိနေတယ်လို့ ဒေသခံသတင်းထောက်က ပြောပါတယ်။

=======================
251 / End