၆ ဖေဖော်ဝါရီ ၂၀၁၉ - ၁၆:၂၁
နိုင်ငံခြားအရန်ငွေ သွင်းကုန်တန်ဖိုး၏ လေးဆရှိနေကြောင်း ဗဟိုဘဏ်ဒုဥက္ကဋ္ဌပြောကြား

နိုင်ငံအတွင်း နိုင်ငံခြား အရန်ငွေ တိုးမြှင့်ရေး ဗဟိုဘဏ်က ဆောင်ရွက်နေပြီး လက်ရှိတွင် သွင်းကုန်တန်ဖိုး၏ လေး ဆအထိရှိနေပြီဟု ဗဟိုဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံအတွင်း နိုင်ငံခြား အရန်ငွေ တိုးမြှင့်ရေး ဗဟိုဘဏ်က ဆောင်ရွက်နေပြီး လက်ရှိတွင် သွင်းကုန်တန်ဖိုး၏ လေး ဆအထိရှိနေပြီဟု ဗဟိုဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောသည်။

နိုင်ငံခြား အရန်ငွေသည် နိုင်ငံတစ်ခု ငွေကြေးလဲလှယ်နှုန်း ခိုင်မာမှုကို တိုင်းတာခြင်းဖြစ်၍ ၂၀၁၇ ကစတင်ပြီး နိုင်ငံခြား အရန်ငွေ တိုးတက်ရေးဆောင် ရွက်နေခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

‘‘နိုင်ငံခြားအရန်ငွေ ခိုင်မာ ရင် ဒီနိုင်ငံက လုပ်ငန်းတွေက နိုင်ငံခြားထွက်ပြီး ပိုက်ဆံချေးတာ ပဲဖြစ်ဖြစ်၊ နိုင်ငံခြားနဲ့ ဆက်ဆံတာ ပဲဖြစ်ဖြစ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ တာပဲဖြစ်ဖြစ် ယုံကြည်မှု ပိုကြီးပါ တယ်။ ဒါကြောင့် နိုင်ငံခြားရန်ပုံ ငွေ တိုးမြှင့်ရေး အာရုံစိုက်ပြီးလုပ် နေပါတယ်’’ဟု ဦးဘိုဘိုငယ်က ပြောသည်။

ပမာဏအတိအကျကို ဗဟို ဘဏ်က ထုတ်ပြောလေ့ မရှိ ကြောင်းနှင့် မြန်မာနိုင်ငံအတွက် နိုင်ငံခြား ရန်ပုံငွေသည် သွင်းကုန်တန်ဖိုး၏ အနည်းဆုံး ငါးလမှ ခြောက်လရှိရမည်ဖြစ်ပြီး လက်ရှိ တွင် လေးလစာအထိရှိသည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌက ပြော သည်။ နိုင်ငံခြားရန်ပုံငွေပမာဏ သည် ၂၀၁၂ မှ ၂၀၁၇ အထိ သိသိသာသာ တိုးတက်လာခြင်း မရှိသော်လည်း ၂၀၁၇ တွင် သိသိသာသာတိုးတက်ခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံခြားအရန် ငွေကို ဝယ်ယူခြင်းဖြစ်ပြီး ဈေး ကွက် မထိခိုက်အောင်လည်း ဆောင်ရွက်ရသည်ဟု ဦးဘိုဘို ငယ်က ပြောသည်။

နိုင်ငံခြားအရန်ငွေ တိုင်းတာ သည့် သွင်းကုန်တန်ဖိုးသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနက ထုတ်ပြန်သောစာရင်းများအရ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပျမ်းမျှ တစ်လ သွင်းကုန်တန်ဖိုးသည် ၁ ဒသမ ၅ ဘီလီယံကျော်ရှိသည်။

၂၀၁၃ တွင် ဗဟိုဘဏ်က လွှတ်တော်သို့တင်ပြရာတွင် နိုင်ငံ ခြားအရန်ငွေသည် ကန်ဒေါ်လာ ရှစ်ဘီလီယံကျော်ရှိသည်ဟု ဆို သည်။

၂၀၁၅ အစိုးရအပြောင်းအလဲတွင် နိုင်ငံခြားအရန်ငွေမှ ကန်ဒေါ်လာ ၂ ဘီလီယံကျော်အထိလျော့နည်းခဲ့သည်ဟု နိုင်ငံတကာအဖွဲ့အစည်း၏ စာရင်းများက ဖော်ပြထားသည်။

 အာဆီယံ  နိုင်ငံများတွင် ဖိလစ်ပိုင်နိုင်ငံသည် ဒေါ်လာ ဘီလီယံ ၄၈၀ ဖြင့် အများဆုံး၊ စင်ကာပူက ကန်ဒေါ်လာ ၂၅၁ ဘီလီယံ၊ ထိုင်းက ၁၇၁ ဘီလီယံ၊ ဗီယက် နမ်က ၃၆ ဘီလီယံရှိသည်။

=======================
251 / End