အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကြိုးပမ်းရာတွင်လွှတ် တော်လမ်းကြောင်းနှင့် တစ်နိုင်ငံ လုံးအပစ်ရပ်စာချုပ်(NCA)အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လမ်းကြောင်း ဆက် စပ်ပြီး တစ်ပြိုင်တည်းဆောင်ရွက် သင့်ကြောင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ က အကြံပြုသည်။
အစိုးရအနေဖြင့် ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ရေး ကြိုး ပမ်းရာတွင် ၂၀၁၈ နှစ်ကုန်ပိုင်း အထိ လွှတ်တော်လမ်းကြောင်း ကို ဦးစားပေးခြင်းမတွေ့ရဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေးဆွေး နွေးပွဲလမ်းကြောင်းက ဦးစားပေး သည်ကို တွေ့ရကြောင်း၊ သို့ရာ တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကြန့်ကြာနေသည့်အပေါ် ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းမှ နည်း လမ်းရှာသည့်သဘောဟု ယူဆ ကြောင်း ပအိုဝ်းအမျိုးသားလွတ် မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦး ဆောင်နာယက ဗိုလ်မှူးကြီးခွန် ဥက္ကာက သုံးသပ်သည်။
‘‘လမ်းကြောင်း နှစ်ခုစလုံးက တော့ အလားအလာရှိနေပါသေး တယ်။ လမ်းကြောင်းနှစ်ခုစလုံးက တော့ အကြိတ်အနယ်ရင်ပေါင် တန်း ရွေ့လျားသွားနိုင်ရင်တော့ ပိုကောင်းတာပေါ့’’ ဟု ဗိုလ်မှူး ကြီးခွန်ဥက္ကာက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်သည့်နေရာတွင် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် လမ်းကြောင်းနှင့် လွှတ်တော် လမ်းကြောင်းနှစ် ဖက်ညှိနှိုင်းဆောင်ရွက်ပါက အ ကောင်းဆုံးဖြစ်သည်ဟု ရှမ်း လက်နက်ကိုင်အဖွဲ့(RCSS) အ ကြံပေးဦးခွန်းဆေက ပြောသည်။
‘‘ကျွန်တော်ပြောချင်တာက တစ်ခုပဲရှိတယ်။ လွှတ်တော်လမ်း ကြောင်းနဲ့လုပ်လုပ်၊ နောက်ပြီး တော့ NCA လမ်းကြောင်းနဲ့လုပ် လုပ် လမ်းကြောင်းနှစ်ကြောင်း ဟာ ဆက်စပ်ပြီးတော့လုပ်တာဟာအကောင်းဆုံးပဲ’’ ဟု ဦးခွန်း ဆေက ပြောသည်။
NCA စာချုပ်ပါ ဖော်ပြချက် အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ပြည်ထောင်စုသ ဘောတူစာချုပ်ရယူပြီး သဘော တူစာချုပ်ပါအချက်များကို အခြေ ခံကာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေ ခံဥပဒေအပါအ၀င် ဥပဒေအား လုံးကို ပြင်ဆင်ခြင်း၊ ဖြည့်စွက် ခြင်း၊ ပယ်ဖျက်ခြင်းကို လုပ်ထုံး လုပ်နည်းနှင့်အညီ ပြုလုပ်ရမည် ဟု ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန် မှုန်းကပြောသည်။
‘‘NCA လမ်းကြောင်းအရ ကျွန်တော်တို့လုပ်နိုင်တာက NCA စာချုပ်မှာပါတဲ့ နိုင်ငံရေးလမ်းပြ မြေပုံအဆင့်အတိုင်းပဲ ဆောင် ရွက်လို့ရပါတယ်။ အဲဒီအဆင့် အတိုင်း ဆောင်ရွက်တဲ့နေရာမှာ အဆင့်(၄)က ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ ကျင်းပခြင်းဖြစ် တယ်။ အဆင့်(၅)က ပြည်ထောင် စု သဘောတူစာချုပ်ချုပ်ဆိုခြင်း ဖြစ်တယ်။ အဆင့်(၆)က အဲဒါကို လွှတ်တော်က အတည်ပြုခြင်းဖြစ် တယ်။ အဆင့်(၇)က ဒါကိုအ ကောင်အထည်ဖော်ခြင်းဖြစ် တယ်’’ ဟု ၎င်းက ရှင်းပြသည်။
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မှသာ ငြိမ်းချမ်းရေးရရှိမည်ဖြစ်၍ သက် ဆိုင်ရာ အစုအဖွဲ့အားလုံးကတိုင်း ပြည်အပေါ် စေတနာရှိရန်နှင့် အ မြော်အမြင်ရှိရန် လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ဒုဥက္ကဋ္ဌပဒိုစောကွယ်ထူး ၀င်းက ပြောသည်။
‘‘ငြိမ်းချမ်းရေးပြောလိုက်လို့ ရှိရင် တစ်နိုင်ငံလုံးနဲ့ ဆိုင်တယ်။ ဘာဖြစ်လို့လဲဆိုရင် တိုက်ပွဲဖြစ် တဲ့ဒေသတွေမှာ ဆင်းရဲတာတွေရှိ သလို တိုက်ပွဲမဖြစ်တဲ့ ရန်ကုန်မြို့ လယ်ကောင်တွေမှာလည်းဆင်းရဲ တာတွေရှိပါတယ်။ အညာတွေ မှာလည်း အများကြီးပါ ဆင်းရဲ တာ။ ဒါက တိုက်ပွဲလည်းဘာမှ မဖြစ်ဘူး။ ဒီနိုင်ငံရဲ့ အုပ်ချုပ်မှု စနစ်နဲ့ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ပတ်သက်တဲ့ ကိစ္စ။ နောက်ဆုံး ပြန်ပြောရလို့ရှိရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြဿနာ ဖြစ်တယ်။ ဒီလိုအခွင့်အရေးမျိုးရှိဖို့အတွက် ကျွန်တော်တို့အားလုံး မှာ တာဝန်ရှိတယ်’’ ဟု ပဒိုစော ကွယ်ထူးဝင်းက ပြောသည်။
လက်ရှိအစိုးရအနေဖြင့် ၂၀၁၉ အတွင်း NCA လမ်း ကြောင်းအရ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ အစည်းအဝေးများ ကျင်းပကာ ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ သဘောတူညီချက် ရရှိရေး ဆောင်ရွက်ရန် ကြိုးပမ်းခဲ့ သော်လည်း ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ ပြေလည်မှုမရ၍ ၂၁ ရာစုပင်လုံ ကျင်းပရန်ပင်အခက် အခဲကြုံနေသည်။
ထိုအခြေအနေတွင်အာဏာ ရပါတီအမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများ ဆောလျင်စွာဆောင် ရွက်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ရေး ပူးပေါင်းကော်မ တီဖွဲ့စည်းရန် အရေးကြီးအဆို ကို ဇန်န၀ါရီ ၂၉ ရက်တွင် ပြည် ထောင်စုလွှတ်တော်သို့ တင်သွင်း ခဲ့သည်။
=======================
251 / End
ဖွဲ့စည်းပုံပြင်ဆင်ရေး လွှတ်တော်လမ်းကြောင်းနှင့် NCA လမ်းကြောင်းတစ်ပြိုင်တည်းဆောင်ရွက်ရန် အကြံပြု အုပ်ချုပ်မှုစနစ်နှင့် ဖွဲ့စည်းပု
၁၀ ဖေဖော်ဝါရီ ၂၀၁၉ - ၁၈:၃၈
News ID: 928518
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကြိုးပမ်းရာတွင်လွှတ် တော်လမ်းကြောင်းနှင့် တစ်နိုင်ငံ လုံးအပစ်ရပ်စာချုပ်(NCA)အရ ဆောင်ရွက်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်လမ်းကြောင်း ဆက် စပ်ပြီး တစ်ပြိုင်တည်းဆောင်ရွက် သင့်ကြောင်း တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ က အကြံပြုသည်။