အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးပြည်သူလူထု ဆန္ဒထုတ်ဖော်ထောက်ခံပွဲကို မန္တ လေးမြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သည်။
မန္တလေးမြို့ မဟာအောင် မြေမြို့နယ် မနော်ရမ္မံလူထုဟစ် တိုင်ကွင်းတွင် ကျင်းပသည့်အဆို ပါထောက်ခံပွဲသို့ သံဃာတော် များ၊ တိုင်းရင်းသားအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းများနှင့် မြို့ ခံလူထု ၃,၀၀၀ ကျော်တက် ရောက်ခဲ့သည်။
ထောက်ခံပွဲသို့ တက် ရောက်လာသူများသည် ‘၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေး’ ဟု ရေး သားထားသည့်ခေါင်းစည်းအနီ များ၊ ‘၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင် ရေးအား ထောက်ခံပါသည်’ ဟု ရေးသားထားသည့်တီရှပ်များ ၀တ်ဆင်ခြင်း၊ ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအား ထောက်ခံပါသည်၊ နိုင်ငံတော် ကြီး ပြောင်းလဲတိုးတက်ဖို့ဖွဲ့စည်း ပုံအခြေခံဥပဒေပြင်ဆင်ဖို့ စသည့် ဗီနိုင်းများ ကိုင်ဆောင်ဆန္ဒပြုခဲ့ သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးပြည်သူလူထု ဆန္ဒထောက်ခံပွဲကို အသင်းအဖွဲ့ အစည်းတစ်ခုက ဦးဆောင်ပြုလုပ် ခြင်းမဟုတ်ကြောင်း ပွဲစီစဉ်သူ များက ပြောသည်။
‘‘ပြည်ထောင်စုလွှတ်တော် မှာ တင်တဲ့အဆိုကိုပြည်သူလူထု က ထောက်ခံတယ်ဆိုတာကို မန္တ လေးက ပြည်သူတွေကထောက်ခံ တယ်ဆိုတာ ပြသတဲ့အနေနဲ့ လုပ်တာ။ မန္တလေးမြို့ကို ကိုယ် စားပြုတဲ့ပြည်သူတွေက လုပ်တဲ့ ပွဲပါ’’ ဟု ထောက်ခံပွဲဦးဆောင် ကျင်းပသူတစ်ဦးဖြစ်သည့် မန္တ လေးသုခရိပ်မြုံလူငယ်ပရဟိတ အဖွဲ့ ဒုတိယဥက္ကဋ္ဌဦးစန်းယုကဆို သည်။
ထောက်ခံပွဲပြုလုပ်ရန် လွန် ခဲ့သည့်ငါးရက်က လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှတစ်ဆင့် ကြေညာခြင်းသာ ပြုလုပ်ခဲ့ကြောင်း၎င်းကဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို ထောက်ခံခြင်းဖြစ်ပြီး မည်သည့်အချက်များကို ပြုပြင်ရ မည်ဆိုသည်မှာ သက်ဆိုင်ရာ ပညာရှင်များ၏ ဆုံးဖြတ်ချက်သာ ဖြစ်ကြောင်း ထောက်ခံပွဲတွင်ပါ ၀င်သူ ဆိုင်းဆရာစိန်ဒူးဝါးက ဆို သည်။
‘‘နိုင်ငံသူ၊ နိုင်ငံသားတွေဟာ တရားဥပဒေချိုးဖောက်ရမှာကိုပဲ ကြောက်သင့်တယ်။ တရားဥပဒေ လို့ အမည်ခံထားတဲ့မတရားဥပ ဒေကို ကြောက်နေရတာမျိုး၊ တစ် ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ကို ကြောက်နေရတဲ့ဘ၀တွေကို မကြိုက်တဲ့အတွက် ဒီပွဲကိုတက် ရောက်လာတာဖြစ်တယ်’’ ဟု ထောက်ခံပွဲသို့ တက်ရောက်လာ သည့် ဘ၀အလင်းဆရာတော်ဦး သောဘိတက မိန့်ကြားသည်။
ထောက်ခံပွဲတွင် စိန်ဒူးဝါး ဆိုင်းအဖွဲ့က သီဆိုတီးခတ်ဖျော် ဖြေခြင်း၊ ကဗျာဆရာမောင်ဖြိုး ဝေ၊ စံညိမ်းဦးနှင့် ထွဏ်းသွေးအိမ် တို့က ကဗျာများရွတ်ဆိုခြင်းအစီ အစဉ်များပါဝင်သည်။
အခြေခံဥပဒေပြင်ဆင်နိုင် ရေး ဒီချုပ်အစိုးရကလွှတ်တော် တွင် ကြိုးစားနေသကဲ့သို့ အချို့ မြို့များတွင် အခြေခံဥပဒေပြင် ဆင်ရေးကို ထောက်ခံသည့်စတစ် ကာကမ်ပိန်းများ ပြုလုပ်နေသည်။
=======================
251 / End
၁၁ ဖေဖော်ဝါရီ ၂၀၁၉ - ၁၅:၁၄
News ID: 928636
၂၀၀၈ ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးပြည်သူလူထု ဆန္ဒထုတ်ဖော်ထောက်ခံပွဲကို မန္တ လေးမြို့တွင် ဖေဖော်ဝါရီ ၁၁ ရက်က ပြုလုပ်ခဲ့သည်။