၁၂ ဖေဖော်ဝါရီ ၂၀၁၉ - ၁၈:၄၆
တစ်နိုင်ငံလုံး အကျိုးစီးပွားကို တွေးခေါ်သုံးသပ်ရန် ပြည်ထောင်စုနေ့ ဒီချုပ်ထုတ်ပြန်ချက်တွင် တိုက်တွန်း

လူမျိုးတစ်ခု၏ အကျိုး စီးပွားထက် လူမျိုးအားလုံး၏ အ ကျိုးစီးပွားများအပေါ် အလေးအ နက်ထားပြီး ပြည်ထောင်စုစိတ် ဓာတ်ကို မြှင့်တင်ရန် ဒီချုပ်ပါတီက ပြည်ထောင်စုနေ့တွင် ထုတ်ပြန်ကြေညာသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


လူမျိုးတစ်ခု၏ အကျိုး စီးပွားထက် လူမျိုးအားလုံး၏ အ ကျိုးစီးပွားများအပေါ် အလေးအ နက်ထားပြီး ပြည်ထောင်စုစိတ် ဓာတ်ကို မြှင့်တင်ရန် ဒီချုပ်ပါတီက ပြည်ထောင်စုနေ့တွင် ထုတ်ပြန်ကြေညာသည်။

ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် ပြည်ထောင်စု နေ့အခမ်းအနားကို ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ဒီချုပ်ပါတီ ဗဟိုရုံးချုပ်၌ ကျင်းပပြီးနောက် ပါတီသဘောထားကိုထုတ်ပြန်ခဲ့သည်။

တိုင်းရင်းသားမျိုးနွယ်စုအ ချင်းချင်း ရေတိုအကျိုးစီးပွားထက် ရေရှည်အကျိုးစီးပွားကို မျှော်ခေါ် ကြည့်ခြင်း၊ အနာဂတ်မျိုးဆက် အားလုံးအတွက် တန်ဖိုးထားခြင်း၊ ဒေသတစ်ခုတည်း၏ အကျိုးစီး ပွားထက် တစ်နိုင်ငံလုံး၏ အကျိုး စီးပွားကို တွေးခေါ်သုံးသပ်ကြည့် ကြရန် ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

၁၉၄၇ တွင် ၂၀ ရာစု ပင်လုံညီလာခံသည် လွတ်လပ်မှုနှင့် တန်းတူညီမျှမှုကို အခြေခံသည့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမှသည် အမျိုးသားလွတ်လပ်ရေးကို ဦးတည်ခဲ့ခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ၂၁ ရာစု ပင်လုံညီလာခံသည် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အခြေခံသည့် ညီညွတ်ရေး၊ ငြိမ်းချမ်းရေးမှသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုထူထောင်ရေးသို့ ဦးတည်ကြောင်း ဒီချုပ်က ထုတ်ပြန်သည်။

NLD ပါတီသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူလူထု ထောက်ခံမှုကြောင့် နိုင်ငံတော်နှင့် ပြည်သူများအပေါ် တာဝန်ယူ၊ တာဝန်ခံနေရပြီဖြစ်ပြီး ပါတီ၏ နိုင်ငံရေးမူဝါဒသဘောထားများ သည် အမျိုးသားပြန်လည် ရင် ကြားစေ့ရေးကို အခြေခံထားသောညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမို ကရေစီအရေးတို့ဖြစ်ကြောင်း ဒီ ချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောသည်။

=======================
251 / End