အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အကောင်အထည်ဖော် မည့် ရန်ကုန်မြို့အတွင်းနှင့်အပြင် မြို့ပတ်လမ်းစီမံကိန်း အစိတ်အ ပိုင်းအချို့အတွက် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးမှုရန်ပုံငွေမှ ချေးငွေရယူရန်ရှိကြောင်း ဆောက်လုပ်ရေးဝန်
ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်းက ပြောသည်။
အဆိုပါ မြို့ပတ်လမ်းများကို ယာဉ်ကြောကျပ်တည်းမှု ဖြေ လျှော့နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းပေါ်ပေါက်လာရေး ရည်ရွယ်၍ အကောင်အထည် ဖော်ခြင်းဖြစ်သည်ဟု ဒုဝန်ကြီးက ပြောသည်။
ချေးငွေပမာဏနှင့် ချေးငွေ ယူမည့်လမ်းပိုင်းကို ဒုဝန်ကြီးက ထုတ်ပြန်ပြောကြားခြင်း မရှိဘဲ ထိုလမ်းများသည် သယ်ယူပို့ ဆောင်ရေး အချိန်ကာလနှင့် စရိတ်လျှော့ချနိုင်ရေး၊ ယာဉ်အ သုံးပြုကုန်ကျစရိတ် လျှော့ချရေးတို့ဖြစ်သည်ဟု ဦးကျော်လင်းက ပြောသည်။
ရန်ကုန်မြို့ပတ်လမ်းအဖြစ် အစိုးရက ရန်ကုန်မိုးပျံအမြန်လမ်း အဖြစ် ဆောင်ရွက်နေခြင်းဖြစ်ပြီး ရန်ကုန်မိုးပျံအမြန်လမ်း စီမံကိန်း တစ်ခုလုံးတွင် ရန်ကုန်မြို့တွင်း ပတ်လမ်းသည် စုစုပေါင်း ၅၄ ကီလိုမီတာနှင့် မြို့ပြင်ပတ်လမ်း သည် ၁၂၄ ကီလိုမီတာ ဖြစ်သည်။
မြို့တွင်းပတ်လမ်းအတွင်း လမ်းကို အပိုင်း(က)နှင့် (ခ)ဟူ၍ နှစ်ပိုင်းထပ်မံခွဲထားပြီး ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိ ပတ်လမ်းဖြစ်သည်။ အပိုင်း(က)တွင် ရန်ကုန်မြို့တွင်း ကမ်းနားလမ်းမှ မင်္ဂလာဒုံစက်မှုဇုန်အထိအပြင် ရန်ကုန်၊ မန္တလေးချိတ် ဆက်မည့် ၁၅ ကီလိုမီတာ လမ်း ပိုင်းပါ ပါဝင်သည်။
အပိုင်း(ခ)သည် ရန်ကုန်မြို့ တွင်းမှ ရန်ကုန်အနောက်ဘက် ခြမ်းကိုပတ်၍ အပိုင်း(က) ကို မင်္ဂလာဒုံစက်မှုဇုန်၌ ချိတ်ဆက် ရန်ဖြစ်သည်။ ရန်ကုန်မိုးပျံအမြန် လမ်း မြို့တွင်းပိုင်း (က) တည်ဆောက်ခွင့်ရ ကုမ္ပဏီကို မေလတွင် ထုတ်ပြန်မည်ဖြစ်ပြီး အပိုင်း(ခ)ကို ၂၀၁၉ နှစ်လယ်တွင် တင်ဒါခေါ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။အဆိုပါ အပိုင်းအတွက် ကုမ္ပဏီသည် ငွေကြေးစိုက်ထုတ် ၍ တည်ဆောက်ရမည်ဖြစ်ပြီး အ ကျိုးအမြတ်အတွက် လမ်းဖြတ် သန်းခ ကောက်ယူခွင့်ရမည် ဖြစ် သည်။
မြို့တွင်းပိုင်း အပိုင်း(က) ကို ဆောက်လုပ်ရေးဝန်ကြီးဌာနက ၂၀၁၈ ဇွန်လတွင် တင်ဒါခေါ်ယူ ပြီး လက်ရှိ၌ နောက်ဆုံးကုမ္ပဏီ တစ်ခု ရွေးချယ်ရန် အဆင့်သာ ကျန်ရှိ၍ အပိုင်း(ခ)ကိုဆက်လက် လုပ်ဆောင်ရန် စီစဉ်ခြင်းဖြစ် သည်ဟု ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ လမ်းဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့် က ပြောသည်။
မိုးပျံ အမြန်လမ်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့တို့ ပူးပေါင်းပြီး Public Pri-vate Partnership(PPP) အစီအ စဉ်ဖြင့် အကောင်အထည်ဖော် ရန် ဖြစ်သည်။ ထိုသို့ အကောင်အ ထည်ဖော်ရန် ဆောက်လုပ်ရေး ၀န်ကြီးဌာနက IFC ကို အကြံပေး အဖွဲ့ငှားထားပြီး IFC က တင်ဒါ ရွေးချယ်ခြင်းနှင့် ဒီဇိုင်းရေးဆွဲမည့် အပိုင်း ဆောင်ရွက်မည်ဟု ဦးကြည်ဇော်မြင့်က ပြောကြားသည်။
IFC သည် လက်ရှိစီမံကိန်း တစ်ခုလုံးအတွက် စီးပွားရေးအရ ဖြစ်နိုင်ခြေ ရှိ၊ မရှိ လေ့လာပြီး ဆောက်လုပ်ခွင့်ရ ကုမ္ပဏီများ သည် ထိုလေ့လာမှုအတိုင်း အ ကောင်အထည်ဖော်ရမည်ဟု ဆို သည်။
=======================
251 / End
ရန်ကုန်မြို့ပတ်လမ်းစီမံကိန်းတည်ဆောက်မှု အစိတ်အပိုင်းအချို့အတွက် ဂျပန်ဖွံ့ဖြိုးမှု ရန်ပုံငွေမှ ချေးငွေယူမည်ဟုဆို
၁၄ ဖေဖော်ဝါရီ ၂၀၁၉ - ၁၈:၁၈
News ID: 929111
အကောင်အထည်ဖော် မည့် ရန်ကုန်မြို့အတွင်းနှင့်အပြင် မြို့ပတ်လမ်းစီမံကိန်း အစိတ်အ ပိုင်းအချို့အတွက် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးမှုရန်ပုံငွေမှ ချေးငွေရယူရန်ရှိကြောင်း ဆောက်လုပ်ရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီးဦးကျော်လင်းက ပြောသည်။