၁၇ ဖေဖော်ဝါရီ ၂၀၁၉ - ၁၉:၁၅
ဒီချုပ် ဗဟိုကော်မတီ အစည်းအဝေး နှစ်ရက်ကြာ ကျင်းပမည်

၂၀၂၀ ရွေးကောက်ပွဲ ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ဗဟိုကော်မတီ အစည်း အဝေးကို ဖေဖော်ဝါရီ ၂၃ နှင့်၂၄ရက်တို့တွင်နှစ်ရက်ကြာ ကျင်းပမည်ဖြစ် ကြောင်းဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ၂၀၂၀ ရွေးကောက်ပွဲ ကြိုတင် ပြင်ဆင်သည့်အနေဖြင့် ဗဟိုကော်မတီ အစည်း အဝေးကို ဖေဖော်ဝါရီ ၂၃ နှင့်၂၄ရက်တို့တွင်နှစ်ရက်ကြာ ကျင်းပမည်ဖြစ် ကြောင်းဒီချုပ်ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။

ဒီချုပ်ဗဟိုကော်မတီအစည်း အဝေးကို ခြောက်လတစ်ကြိမ် ပုံ မှန် ကျင်းပလေ့ရှိသော်လည်း ယမန်နှစ်ဇွန်လက ပြုလုပ်သည့် ဗဟိုကော်မတီ အစည်းအဝေး အပြီးတွင် ထပ်မံပြုလုပ်ခြင်းမရှိဘဲ ယခုလမှသာ ပြန်လည်ပြုလုပ် ခြင်းဖြစ်သည်။

‘‘အဓိကကတော့ ရွေး ကောက်ပွဲအတွက် ဘာတွေလုပ် ရမယ်ဆိုတာကို တိုင်းနဲ့ပြည်နယ် တွေက အကြံဉာဏ်တွေပေးကြ မှာပါ’’ ဟု ၎င်းကပြောသည်။

ဒီချုပ်ပါတီအစိုးရနှင့် လွှတ် တော်ဆိုင်ရာကဏ္ဍများ ပြန်လည် သုံးသပ်မည့်အစီအစဉ်ကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

ယင်းဗဟိုကော်မတီအစည်း အဝေးတွင် မြို့နယ်အလုပ်အမှု ဆောင်များက စာတမ်းတင်သွင်း ဖတ်ကြားခြင်း၊ ဗဟိုကော်မတီအ ဖွဲ့အစည်းများ၏ ဆောင်ရွက် ချက်၊ လေ့လာတွေ့ရှိသည်များကို တင်ပြမည်ဖြစ်သည်။

ယင်းဗဟိုကော်မတီအစည်း အဝေးကို ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ပါတီရုံးချုပ်တွင် ကျင်းပမည်ဖြစ် ပြီး ပါတီဝင်အင်အား ၁၅၀ ကျော် တက်ရောက်မည်ဖြစ်သည်။

ယမန်နှစ်ဇွန်လက ကျင်းပ သည့် ဒုတိယအကြိမ်နိုင်ငံလုံး ဆိုင်ရာပါတီညီလာခံ အတည်ပြု ချက်အရ လက်ရှိဒီချုပ်ပါတီဗဟို ကော်မတီကို တိုင်းနှင့်ပြည်နယ် ၀န်ကြီးချုပ်များအပါအ၀င် အဖွဲ့ဝင် ၁၄၈ ဦးဖြင့် ဖွဲ့စည်းပြီး အရန် ဗဟိုကော်မတီဝင် ၃၀ ဦးကို သီး ခြားဖွဲ့စည်းထားသည်။

=======================
251 / End