အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် အခက်အခဲများကြုံနေရ သော်လည်း ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ - ၂၁ ရာစုပင် လုံအစည်းအဝေးများကို သတ် မှတ်ချိန်အတိုင်းကျင်းပနိုင်ရေး နည်းလမ်းရှာရန်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) နိုင်ငံရေးပါ တီအစုအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင်အချို့က တိုက်တွန်း သည်။
၂၁ ရာစုပင်လုံကို ခြောက် လတစ်ကြိမ်ကျင်းပရန် သတ်မှတ် ထားသော်လည်း ၂၀၁၈ တွင် တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့ပြီး ၂၀၁၉ နှစ်ဆန်းတွင် ကျင်းပနိုင် ရေးမှာ မသေချာသေးပေ။
၂၁ ရာစုပင်လုံအစည်းအ ဝေးများ သတ်မှတ်အချိန်အတွင်း ကျင်းပနိုင်ရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အဆင်မပြေ မှုများကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားအဖွဲ့များအကြား ပွင့်လင်းစွာညှိနှိုင်းရန် UPDJC ကိုယ်စားလှယ်ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌဒေါက် တာမနာမ်တူးဂျာက တိုက်တွန်း သည်။
‘‘ညှိနှိုင်းလို့ရသလောက်နဲ့ သွားတာကောင်းတယ်။ ညှိနှိုင်း လို့မရတဲ့ဟာကို စောင့်နေလို့ရှိ ရင်တစ်သက်လုံးဖြစ်မှာ မဟုတ် ဘူး။ တချို့ကညှိနှိုင်းလို့မရတဲ့ ဟာတွေရှိတယ်။ ဒါကြောင့် ပြု ပြင်ပြောင်းလဲရေးအဆင့်ကနေ လုပ်ရမှာ။ အပေးအယူ၊အလျှော့ အတင်းလုပ်ရမှာ။ အပေးအယူ၊ အလျှော့အတင်းမလုပ်ချင်တဲ့ လူ တွေ၊ ပြုပြင်ပြောင်းလဲရေးစိတ် ဓာတ်မရှိတဲ့လူတွေ၊ ငြိမ်းချမ်းရေး တကယ်လိုချင်စိတ်မရှိတဲ့လူတွေ ရှိကောင်းရှိနိုင်တယ်။ အဲဒီလူတွေ ကပင်လုံညီလာခံ မကျင်းပဖြစ် အောင်တားဆီးနေတဲ့အနေအ ထားမျိုးဆိုရင် ကျွန်တော်တို့က လက်မခံဘူး’’ ဟု ၎င်းကပြော သည်။
သက်ဆိုင်ရာ အဖွဲ့ခေါင်း ဆောင်များနှင့် တွေ့ဆုံတိုင်း ၂၁ ရာစုပင်လုံ သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ရေးနည်းလမ်းရှာရန် တိုက်တွန်းနေကြောင်း၎င်းကဆိုသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ရှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ (RCSS) တို့ က ၂၀၁၈ နှစ်ကုန်တွင် ငြိမ်း ချမ်းရေးဆိုင်ရာတရားဝင်အစည်း အဝေးများ၌ ပါဝင်မှုယာယီရပ် ဆိုင်းထားခြင်းကြောင့် ၂၁ ရာစု ပင်လုံအပါအ၀င် နိုင်ငံရေးဆွေး နွေးပွဲများ ရပ်တန့်နေခြင်းဖြစ် သည်။ ‘‘ဒီရပ်တာက ကောင်းတဲ့ လက္ခဏာမဟုတ်ဘဲ၊ တစ်ဆို့မှု တောင်မကဘဲအခုဟာရပ်တန့် ပြီးတော့ နောက်ပြန်လှည့်သလို ဖြစ်နေတာ’’ ဟု UPDJC နိုင်ငံ ရေးပါတီအစုအဖွဲ့ကိုယ်စားလှယ် တစ်ဦးဖြစ်သူတအာင်း (ပ လောင်) အမျိုးသားပါတီဗဟိုအ လုပ်အမှုဆောင် တာလှဖေက ပြောသည်။
KNU နှင့် RCSS တို့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်မှု ယာယီရပ်ဆိုင်းခဲ့ခြင်းကြောင့်နိုင် ငံရေးဆွေးနွေးပွဲများဖြစ်မြောက် ရေးအရေးပါသည့် UPDJC အစည်းအဝေးများ ကျင်းပနိုင် ခြင်း မရှိဘဲ ရွှေ့ဆိုင်းထားခဲ့ရ သည်ဟု ၎င်းကဆိုသည်။
‘‘UPDJC အစည်းအဝေးမ ဖြစ်မှတော့ ငြိမ်းချမ်းရေးညီလာ ခံကလည်းမဖြစ်ခဲ့ဘူးပေါ့’’ ဟု တာလှဖေကပြောသည်။
၂၀၁၅ တွင် NCA လက် မှတ်ထိုးပြီးနောက် နိုင်ငံရေးဆွေး နွေးပွဲများမှတစ်ဆင့် ပြည်ထောင် စု သဘောတူ စာချုပ်ရရှိရေး ဆောင်ရွက်နေရာ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ဇန်န၀ါရီ၌ တစ်ကြိမ်၊ ပြည်ထောင် စုငြိမ်းချမ်းရေးညီလာ ခံ-၂၁ ရာစုပင်လုံ (ပထမအစည်း အဝေး) ကို ၂၀၁၆ နှစ်ကုန်ပိုင်း၌ တစ်ကြိမ်ကျင်းပခဲ့သည်။ ထို့ နောက် ၂၀၁၇ မေလတွင် ၂၁ ရာစုပင်လုံဒုတိယအစည်းအဝေး ၌ အခြေခံမူ ၃၇ ချက်ကိုပြည် ထောင်စုသဘောတူချုပ်အစိတ် အပိုင်း (၁) အဖြစ်ချုပ်ဆိုခဲ့ပြီး ၂၀၁၈ ဇူလိုင်တွင်ကျင်းပသည့် ၂၁ ရာစုပင်လုံ တတိယအစည်းအ ဝေး၌ အခြေခံမူ ၁၄ ချက်ရရှိခဲ့ရာ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၂) အဖြစ်ချုပ်ဆိုခဲ့ သည်။
အဆိုပါ ပြည်ထောင်စုသ ဘောတူစာချုပ်ပါ အချက်များ သည်ဖွဲ့စည်းပုံအခြေခံဥပဒေအ ပါအ၀င်ဥပဒေများပြင်ဆင်၊ ဖြည့် စွက် ပယ်ဖျက်ရာတွင် အခြေခံရ မည့်အချက်များဖြစ်သည်။
=======================
251 / End
၁၉ ဖေဖော်ဝါရီ ၂၀၁၉ - ၁၉:၄၀
News ID: 929835
ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွင် အခက်အခဲများကြုံနေရ သော်လည်း ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံ - ၂၁ ရာစုပင် လုံအစည်းအဝေးများကို သတ် မှတ်ချိန်အတိုင်းကျင်းပနိုင်ရေး နည်းလမ်းရှာရန်ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲ ကော်မတီ (UPDJC) နိုင်ငံရေးပါ တီအစုအဖွဲ့ ကိုယ်စားလှယ် ခေါင်းဆောင်အချို့က တိုက်တွန်း သည်။