အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလိမ့်တပတ် ပြင်ဆင် ရန် ကြိုးစားခြင်းနှင့် ပါတီတစ်စု တစ်ဖွဲ့က လိုသလို ပုံစံပြောင်းရန် ကြိုးစားခြင်းတို့ပြုလုပ်ပါက နိုင်ငံ တွင် မလိုလားအပ်သည့် ဆိုးကျိုး များ ဖြစ်လာနိုင်ကြောင်း တပ် မတော်နှင့် ပြည်ခိုင်ဖြိုးပါတီကိုယ် စားလှယ်များက သတိပေးပြော ကြားသည်။
ယမန်နေ့က ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီဖွဲ့စည်းခြင်းကို ကန့် ကွက်မှုများရှိသော်လည်း မဲခွဲဆုံး ဖြတ်အတည်ပြုပြီးနောက် တပ် မတော်သားကိုယ်စားလှယ် ဗိုလ် မှူးချုပ်မောင်မောင်နှင့် ပြည်ခိုင် ဖြိုးအမတ် ဦးသောင်းအေးတို့က သတင်းထောက်များအား အထက်ပါအတိုင်း ပြောကြားခဲ့သည်။
‘‘ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပါတီတစ်စုတစ်ဖွဲ့က လိုသလို ပုံစံပြောင်းပြီး လုပ်သွားရင် နိုင်ငံ ရဲ့ အခြေအနေကလည်း ယိုင်သွားနိုင်တယ်။ ကျွန်တော်တို့နိုင်ငံက လည်း ဘာပဲပြောပြောပေါ့။ အ ရေးကြီးတဲ့နေရာမှာ ရှိနေတာဖြစ် တဲ့အတွက် ကိုယ်ကရပ်တည်မှု မှားသွားတာနဲ့ တစ်ပြိုင်နက် ကိုယ့်နိုင်ငံဟာ စစ်တလင်းဖြစ်ကောင်း လည်း ဖြစ်သွားနိုင်တယ်။ ဒါတွေ ကို သတိထားဖို့ လိုပါတယ်’’ဟု ဗိုလ်မှူးချုပ်မောင်မောင်က ပြော သည်။
တပ်မတော်အနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ကို ကန့်ကွက်နေခြင်းမဟုတ်ဘဲ လက်ရှိ ဆောင်ရွက်နေသည့် နည်းလမ်းသည် ဥပဒေ၊ လုပ်ထုံးလုပ် နည်းနှင့်မညီ၍ ကန့်ကွက်ခြင်းသာ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အာဏာရဒီချုပ်ပါတီက ဆောင်ရွက်နေသော အခြေခံ ဥပဒေပြင်ဆင်ရေး ပူးပေါင်းကော် မတီ ဖွဲ့စည်းမှုအပေါ် တပ်မတော် ၏ သဘောထားကို သတင်း ထောက်များအား ရှင်းပြစဉ် ဗိုလ် မှူးချုပ်မောင်မောင်က တပ် မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကာကွယ်စောင့်ရှောက် ရန် တာဝန်ရှိကြောင်း ငါးကြိမ်ခန့် ထည့်သွင်းပြောကြားသည်။
‘‘ကိုယ့်နိုင်ငံအတွက် အရေး ကြီးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက မူလအနှစ်သာရ ယိုင်နဲ့မသွား အောင်လို့ ထိန်းသိမ်းစောင့် ရှောက်ဖို့အတွက် အခုလိုမျိုး စိုးရိမ်ပြီးတော့မှ တခြားသော မလိမ့်တပတ်နဲ့ ကျော်လွန်လုပ် ဆောင်မှုတွေ ဖြစ်သွားရင် နိုင်ငံ မှာ မလိုလားအပ်တဲ့ ဆိုးကျိုးတွေ ဖြစ်လာမှာစိုးလို့ ကျွန်တော်တို့က အခုလိုမျိုး ထောက်ပြကန့်ကွက် တာ ဖြစ်ပါတယ်’’ဟု ၎င်းက ပြော သည်။
ပြည်ခိုင်ဖြိုးအမတ် ဦးသောင်းအေးကလည်း ၎င်းတို့ပါတီအနေ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးကို ကန့်လန့်တိုက်နေခြင်း မဟုတ်ဘဲ ဥပဒေနှင့်အညီ မျှတ စွာ ဆောင်ရွက်ရန် တိုက်တွန်းနေ ခြင်းသာဖြစ်ကြောင်း ပြောသည်။
လတ်တလော ဖြစ်ပွားနေ သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးဆိုင်ရာ အငြင်းပွားမှုများ ကြောင့် နိုင်ငံအတွင်း မတည် မငြိမ်မှုများ ဖြစ်လာနိုင်သည်ကို နိုင်ငံတော်အုပ်ချုပ်သည့် ခေါင်း ဆောင်ပိုင်းအနေဖြင့် သတိပြုရန် လိုကြောင်း ဦးသောင်းအေးက သတ်းထောက်များအား နှစ်ကြိမ် တိုင် ပြောသည်။
‘‘ပြည်သူတွေကြားထဲမှာ လည်း ဟိုဘက်ကလည်း ထောက် ခံပွဲလုပ်လိုက်၊ ဒီဘက်ကလည်း ထောက်ခံပွဲလုပ်လိုက် နိုင်ငံတော် မတည်မငြိမ်ဖြစ်လာနိုင်တယ်။ အဲဒါတွေဟာ နိုင်ငံတော်ကို အုပ် ချုပ်တဲ့လူတွေ ကြိုတင်စဉ်းစား သင့်တဲ့ကိစ္စပဲ’’ဟု ၎င်းကဆိုသည်။
အာဏာရဒီချုပ်ပါတီကမူ ပူးပေါင်း ကော်မတီဖွဲ့စည်းခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြတ်လမ်းနည်းဖြင့် ပြင်ဆင်ရန် ကြိုးပမ်းခြင်းမဟုတ်ဘဲ အားလုံး ပါဝင်နိုင်ရေး ရည်ရွယ်ခြင်းသာ ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြင်ဆင်ရေးနည်းလမ်းများ အ တိုင်း ဆောင်ရွက်မည်ဟု တုံ့ပြန် သည်။
‘‘ပြောရကြေးဆို NLD က ၅၈ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် တဲ့ ဥပဒေမူကြမ်းနှစ်ခုလောက်ကို တောင် တစ်ပြိုင်နက်တည်း တင် နိုင်တယ်။ အဲဒီလို မတင်ချင်လို့၊ မဆောင်ရွက်ချင်လို့ အားလုံး ပါဝင်နိုင်ဖို့အတွက်ပါ’’ဟု ပူး ပေါင်းကော်မတီ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်မည့် ဒီချုပ်အ မတ် ဒေါက်တာ မြတ်ဉာဏစိုးက ရှင်းပြသည်။
ဒီချုပ်ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ ကြိုးပမ်းဆောင်ရွက်နေခြင်း ဖြစ်၍ မလိမ့်တပတ်ဆောင်ရွက် နေသည်ဆိုသော စွပ်စွဲမှုကို လက် မခံကြောင်း ဒီချုပ်ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောသည်။
‘‘မလိမ့်တပတ်နဲ့လို့ ပြောဆို တာမျိုး ဒါတွေဟာ ကျွန်တော်တို့ လုံးဝလက်မခံပါဘူး။ လုပ်ထုံး လုပ်နည်းတွေနဲ့အညီပဲ လုပ် ဆောင်နေတာပါ။ အခုလို ပြော ဆိုတာကတော့ ခြိမ်းခြောက်တဲ့ သဘောမျိုး ရောက်နေပါတယ်’’ ဟု ၎င်းက ပြောသည်။
=======================
251 / End
ခြေဥကို မလိမ့်တပတ်ပြင်ရန် ကြိုးစားခြင်းက မလိုလားအပ်သော ဆိုးကျိုးများဖြစ်လာနိုင်ဟု တပ်နှင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ သတိပေး
၁၉ ဖေဖော်ဝါရီ ၂၀၁၉ - ၂၀:၁၅
News ID: 929841
ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မလိမ့်တပတ် ပြင်ဆင် ရန် ကြိုးစားခြင်းနှင့် ပါတီတစ်စု တစ်ဖွဲ့က လိုသလို ပုံစံပြောင်းရန် ကြိုးစားခြင်းတို့ပြုလုပ်ပါက နိုင်ငံ တွင် မလိုလားအပ်သည့် ဆိုးကျိုး များ ဖြစ်လာနိုင်ကြောင်း တပ် မတော်နှင့် ပြည်ခိုင်ဖြိုးပါတီကိုယ် စားလှယ်များက သတိပေးပြော ကြားသည်။