အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်၏ ရခိုင်ပြည်နယ်သံတွဲခရီး စဉ်အတွင်း လုံခြုံရေးအင်အားကို ပုံမှန်အခြေအနေထက်တိုးမြှင့် ဆောင်ရွက်ထားကြောင်း ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ်သံတွဲ မြို့နယ် ငပလီကမ်းခြေတွင်ကျင်း ပမည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံ မှုဖိုရမ်သို့တက်ရောက်မည်ဖြစ်ပြီး ယနေ့ (ဖေဖော်ဝါရီ ၂၂ ရက်) တွင်လာရောက်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး ဦးဝင်းမြင့်ကအတည် ပြုပြောကြားသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရ သေ့တောင်၊ ဘူးသီးတောင်တို့ တွင် ၂၀၁၈ နှစ်ကုန်ကတည်းက ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် တပ်မတော်တို့ကြားတိုက်ပွဲ များဆက်တိုက်ဖြစ်ပွားနေသည်။
ယခု ရက်ပိုင်းတွင်လည်း မြောက်ဦးမြို့နယ်နှင့် ရသေ့ တောင်မြို့နယ်တို့တွင် တိုက်ပွဲ များဖြစ်ပွားနေပြီး ယင်းတိုက်ပွဲ များကြောင့် အရပ်သားသေဆုံး မှုနှင့် ဒဏ်ရာရမှုများရှိနေသည်။
‘‘လုံခြုံရေးပိုင်းဆိုင်ရာမှာ တော့ လိုအပ်သလောက်ကျွန် တော်တို့ ဆောင်ရွက်ထားပါ တယ်။ ပုံမှန်အခြေအနေထက်ပို ပြီးတော့ ဆောင်ရွက်ထားပါ တယ်။ အဆင့်နဲ့လျော်ညီတဲ့ဟာ ကိုဆောင်ရွက်ထားပါတယ်’’ ဟု ရဲမှူးကြီး ကြည်လင်းက ပြော သည်။
အဆိုပါ ဖိုရမ်ကို ဖေဖော်ဝါ ရီ ၂၁ရက် မှ ၂၃ ရက်အထိပြု လုပ်မည်ဖြစ်ပြီး နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်သည် သံတွဲမြို့ရှိ ရင်းနှီးမြှုပ်နှံမှုဖိုရမ်အပြင် မည်သည့်ဒေသများသို့ သွားရောက် မည်ကိုမူ မပြောနိုင်သေးကြောင်း ၀န်ကြီး ဦးဝင်းမြင့်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် အစိုးရသစ်တက်ပြီး နောက် ရခိုင်ပြည်နယ်သို့ ဒုတိယအကြိမ် သွားရောက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် အကြမ်းဖက်တိုက်ခိုက်မှု များဖြစ်ပွားပြီးနောက်အကူအညီ ပေးရန်နှင့် ဒုက္ခသည်များနေရာ ပြန်လည်ချထားရေးဆိုင်ရာကိစ္စ ရပ်များ ဆောင်ရွက်ရန် ၂၀၁၇ နိုဝင်ဘာ၂ ရက်တွင် အတိုင်ပင် ခံပုဂ္ဂိုလ်သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ သွား ရောက်ခဲ့သည်။
ယင်းအပြင် ဒေါ်အောင်ဆန်း စုကြည်သည် ၂၀၁၅ ရွေးကောက် ပွဲမတိုင်မီကလည်း ရခိုင်ပြည်နယ် တောင်ပိုင်းသံတွဲ၊ ဂွ၊ တောင် ကုတ်မြို့များသို့ မဲဆွယ်စည်းရုံ ရေးခရီးစဉ်အဖြစ် သွားရောက်ဖူး သည်။
=======================
251 / End
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်ခရီးစဉ်တွင် လုံခြုံရေးအင်အားတိုးမြှင့်ထားကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးပြော
၂၁ ဖေဖော်ဝါရီ ၂၀၁၉ - ၂၀:၂၉
News ID: 930151
နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်၏ ရခိုင်ပြည်နယ်သံတွဲခရီး စဉ်အတွင်း လုံခြုံရေးအင်အားကို ပုံမှန်အခြေအနေထက်တိုးမြှင့် ဆောင်ရွက်ထားကြောင်း ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းကပြောသည်။