အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရန်ကုန်မြို့ အိမ်ရာစီမံ ကိန်းများ၏ သတင်းအချက်အလက်များကို တစ်နေရာတည်း လေ့လာနိုင်ရန် ရန်ကုန်မြို့ပြပြခန်း(Yangon City Gallery)ကိုဖေဖော်ဝါရီ ၂၄ ရက်ကဖွင့်လှစ်ခဲ့သည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဆိုင်ရာ အသိအမြင်ဗဟုသုတဖြန့် ဝေရန်၊ နိုင်ငံတကာ အစိုးရအဖွဲ့ အစည်းများနှင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဆောင်ရွက်ရာတွင် အ ထောက်အကူပြုစေရန်၊ ပြည် တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ အထောက်အကူပြုစေရန်၊ အိမ် ရာဝယ်ယူသူပြည်သူများ အဆင် ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ပြခန်းဖွင့်လှစ်ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းလမ်း ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံးမြေညီထပ်တွင် ပြခန်းဖွင့် လှစ်ပြီး အဆိုပါပြခန်း၌ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့်ဆောက်လုပ်ဆဲ အိမ်ရာများကို ပုံစံငယ်ဖြင့် ပြသရောင်းချမည်ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။
‘‘နေရေးအခက်အခဲဖြစ်နေ သူတွေအားလုံးအတွက် ဒီနေရာ က အခွင့်အလမ်းကောင်းတွေကို ဖန်တီးပေးဖို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ် ပါတယ်’’ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက ဖွင့်ပွဲတွင်ထည့်သွင်းပြော ကြားသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ပုဂ္ဂလိကတို့ပူးပေါင်းထားသည့် Yangon Metropolitan Deve-lopment Company (YMDC)၊ ဆောက်လုပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ပြခန်းကို တစ်ပတ်လျှင် ငါးရက် အစိုးရရုံးချိန်အတွင်းဖွင့်လှစ်မည်ဖြစ်သည်။
လက်ရှိ ပြခန်းတွင် လမ်းမ တော်အိမ်ရာစီမံကိန်းအပါအဝင် ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေး ကုမ္ပဏီကြီးများ၏စီမံကိန်းအချို့ ကိုလည်း ပုံစံငယ်များ ပြသထား သည်။ အာရှဖွံ့ဖြိုးရေးဘဏ်၏ရန် ကုန်မြို့ပြအိမ်ရာအခြေအနေစစ် တမ်း ဖော်ထုတ်ချက်များတွင် ပါဝင်သော အိမ်ရာစီမံကိန်းများ၏ သတင်းအချက်အလက်ရရှိရန် ယခုဖွင့်လှစ်သည့် ပြခန်းကဖြည့် ဆည်းခြင်းဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောသည်။
ရန်ကုန်တိုင်းတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအသစ်ဝင်ရောက်မှု တစ်လလျှင် အနည်းဆုံး ၁၀ ခုခန့် လာရောက်ရင်းနှီးမြှုပ်နှံနေပြီး လစဉ် လူ ၂,၀၀၀ ခန့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနေသည်ဟုဆိုသည်။
စီးပွားရေးအခွင့်အလမ်းများ ခြင်းကြောင့် ရန်ကုန်မြို့သို့ ပြောင်း ရွှေ့အခြေချမှုများ မြင့်တက်နေ ရန်ကုန်မြို့တွင်း လူဦးရေ ၅ ဒသမ ၂ သန်းကျော်ရှိသည်။ ရွှေ့ပြောင်း အခြေချသူများအတွက် နေထိုင်ရေး အရေးကြီးသော်လည်းရန်ကုန် မြို့၏ အိမ်တစ်လုံးဆောက်လုပ်မှု ကုန်ကျစရိတ်သည် စင်ကာပူနိုင်ငံတွင် အိမ်တစ်လုံးဆောက် လုပ်မှုကုန်ကျစရိတ်နှင့် တန်းတူရှိနေကြောင်း ဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းကပြောသည်။
မြန်မာနိုင်ငံ၏ အိမ်ရာ ဆောက်လုပ်ရေးကို ကြည့်လျှင် ဆောက်လုပ်မှုစရိတ် ကြီးမား ကြောင်း တွေ့ရသဖြင့် အစိုးရက မြေပေးပြီး တန်ဖိုးနည်းအိမ်ရာ များ တည်ဆောက်လိုသော်လည်း ဆောက်လုပ်ရေးစရိတ်ကြီးမားမှု နှင့် ကြုံတွေ့နေရသည်ဟု ဖေဖော် ဝါရီ ၂၂ ရက်က ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ ဆုံပွဲတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းကပြောကြားထားသည်။
=======================
251 / End
၂၄ ဖေဖော်ဝါရီ ၂၀၁၉ - ၁၉:၄၃
News ID: 930550
ရန်ကုန်မြို့ အိမ်ရာစီမံ ကိန်းများ၏ သတင်းအချက်အလက်များကို တစ်နေရာတည်း လေ့လာနိုင်ရန် ရန်ကုန်မြို့ပြပြခန်း(Yangon City Gallery)ကိုဖေဖော်ဝါရီ ၂၄ ရက်ကဖွင့်လှစ်ခဲ့သည်။