အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ရခိုင်ပြည်နယ်မြောက်ပိုင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ကြားဝင်ကြီးကြပ်ပေးရန် ဘင်္ဂ လားဒေ့ရှ် နိုင်ငံခြားရေး အတွင်းဝန်က တောင်းဆိုသည်။
မြန်မာအရေးနှင့်ပတ်သက်၍ ကုလ လုံခြုံရေးကောင်စီ၏ တံခါးဖွင့်ဆွေးနွေးပွဲ ကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ကုလသမဂ္ဂ ဌာနချုပ် နယူးယောက်မြို့၌ကျင်းပရာ ဘင်္ဂ လားဒေ့ရှ်နိုင်ငံက ယင်းသို့ ထည့် သွင်းတာင်းဆိုခြင်းဖြစ်သည်။
အထက်ပါ ဆွေးနွေးပွဲသို့ မြန်မာသံအမတ်ကြီးဦးဟောက်ဒို ဆွမ်းတက်ရောက်ရှင်းလင်းပြီး မြန်မာအစိုးရသည် ရခိုင်ပြည်နယ် အရေးနှင့် ပတ်သက်၍ တစ်ဆင့် ချင်းဆောင်ရွက်နေကြောင်းနှင့် စိတ်ရှည်စွာ စောင့်ကြည့်ရန် တုံ့ပြန်ခဲ့သည်။
‘‘ရခိုင်ပြည်နယ်ရှိ မတူညီတဲ့ အသိုင်းအ၀ိုင်းတွေကြားမှာ အ ပြန်အလှန် ယုံကြည်မှုတည် ဆောက်ရေးကို အားပေးဖို့၊ စိတ် ရှည်ဖို့အချိန်ယူရပါမယ်’’ ဟု ဦး ဟောက်ဒိုဆွမ်းက ပြောကြား သည်။
ဒုက္ခသည်များနေရပ်ပြန်ရေး လုပ်ငန်းစဉ်တွင် ကြီးမားသည့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင် ရာအဟန့်အတားများရှိနေသည် ဟု မြန်မာသံအမတ်ကြီးကထည့် သွင်းပြောကြားသည်။
ယင်းနောက် တရုတ်ဒုတိယ သံအမတ်က ရခိုင်ပြည်နယ်အ ရေးတွင် ဖွံ့ဖြိုးမှုအကူအညီများ က ပဋိပက္ခဖြေရှင်းရေးတွင် အ ထောက်အကူဖြစ်နိုင်ပြီး ကုလလုံ ခြုံရေးကောင်စီက မပါဝင်သင့် သည်မှာ ထင်ရှားကြောင်း ပြော ကြားသည်။
‘‘ဒါကနှစ်နိုင်ငံ (မြန်မာ - ဘင်္ဂလားဒေ့ရှ်) ပူးပေါင်းအဖြေ ရှာရမယ့်ကိစ္စပါ’’ ဟု အထက်ပါ တရုတ်သံအမတ်ကဆိုသည်။
လုံခြုံရေးကောင်စီ၏ တံခါး ဖွင့်ဆွေးနွေးပွဲသို့ ကုလသမဂ္ဂအ ထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်မစ္စရှယန်နာဘာဂီနာ လည်းတက်ရောက်ရှင်းလင်းပြီး သိန်းနှင့် ချီသောဒုက္ခသည်များ၏ နေရပ်ပြန်ရေးလုပ်ငန်းစဉ်သည် တိုးတက်မှုနှေးကွေးကြောင်း အစီ ရင်ခံသည်။ ၎င်းသည်မြန်မာနိုင်ငံ သို့ငါးကြိမ်လာရောက်ခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ကု လသမဂ္ဂအေဂျင်စီများကိုလက်ခံ သွားလာခွင့်ပြုရာတွင်လုံလောက် သည့်အခြေအနေ၌ မရှိကြောင်း အထက်ပါ အထူးကိုယ်စားလှယ် က ဆိုသည်။ ထို့အပြင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲက ပြန် လည်လက်ခံရေးလုပ်ငန်းစဉ်ကို ပို မိုဆိုးရွားလာစေမည်ဟု ၎င်းက သတိပေးသည်။
ဘင်္ဂလားဒေ့ရှ်သည် မြန်မာ နိုင်ငံကထွက်ပြေးလာသည့် ဒုက္ခ သည်များကို ဆက်လက်လက်ခံ နိုင်သည့်အခြေအနေမရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးအ တွင်းဝန်က ကောင်စီအားပြော သည်။
======================================
251 / End