အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းဦးဆောင်သည့် အထူးကော်မရှင်ကို ဆက် လက်တာဝန်ပေးအပ်ခြင်းမပြုရန် ပြည်ထာင်စုလွှတ်တော်က ဆုံးဖြတ်ပြီး ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်းမှုမရှိကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို သက်တမ်းတိုးမြှင့် ရေး ယမန်နေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ မဲ ပေးခွင့်ရှိသူ ၆၀၈ ဦးအနက် ကန့် ကွက်မဲ ၅၅၅ မဲ၊ ထောက်ခံမဲ ၂၀၊ ကြားနေ ၁၀ မဲဖြင့် သက်တမ်းတိုး ခြင်း မပြုရန် ဆုံးဖြတ်ခဲ့သည်။
ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေ မန်းအပါအဝင် လက်ရှိကော်မရှင် အဖွဲ့ဝင်အချို့သည် နိုင်ငံရေးပါ တီတစ်ရပ်ထူထောင်ရေးဆောင် ရွက်နေခြင်းကြောင့် ကော်မရှင် သက်တမ်းတိုးခြင်းကို မထောက်ခံ ခြင်းဖြစ်ကြောင်း ဒီချုပ်အမတ် ဦးအောင်ကြည်ညွန့်က သတင်း ထောက်များအား ပြောသည်။
‘‘ရွေးကောက်တင်မြှောက်ခံ ထားရတဲ့ ပုဂ္ဂိုလ်တွေမဟုတ်ဘဲနဲ့ ဆိုရင်တော့ နိုင်ငံရေးပါတီတစ်ခုခု ကို ကိုယ်စားပြုနေတာမသင့်တော် ဘူးလေ။ အခုသူက နိုင်ငံရေးပါတီ ထောင်လိုက်ပြီ။ ဒီထဲမှာ ၁၂ ဦး လောက်ကလည်း နိုင်ငံရေးပါတီ ထဲမှာ ပါသွားတယ်။ သူရဦးရွှေ မန်း ကိုယ်တိုင်ကလည်း ဥက္ကဋ္ဌ ဖြစ်တယ်’’ ဟု ဒီချုပ်ပါတီဗဟိုအ လုပ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သည့် ၎င်းကပြောသည်။
လွှတ်တော် ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်း ထားမှု မရှိခဲ့ကြောင်းနှင့် အထွေ အထူးမှတ်ချက်ပေးရန် မရှိ ကြောင်း သူရဦးရွှေမန်းက လွှတ် တော်ဝင်းအတွင်းရှိ ကော်မရှင်ရုံး ခန်း၌ သတင်းထောက်များအား ပြောကြားသည်။
‘‘နိုင်ငံရေးဆိုတာက အင်မ တန်မှ ကျယ်ပြန့်ပါတယ်။ သိမ် မွေ့ပါတယ်။ တစ်ခါတစ်ခါမှာ လည်း မူယာမာယာတွေများ တတ်ပါတယ်။ ဒါကြောင့်မို့လို့ ဖြစ်လေ့ဖြစ်ထကိစ္စတစ်ခုပဲလို့ မှတ်ယူပါတယ်’’ ဟု သူရဦးရွှေ မန်းက ဆိုသည်။
လွှတ်တော်သက်တမ်းသုံး နှစ်အတွင်း ကော်မရှင် ဆောင် ရွက်ချက်အများစုကို ကျေနပ် အားရမှုရှိပြီး ကော်မရှင်တာဝန် မရှိတော့၍ ၎င်းဦးဆောင်မည့် နိုင်ငံရေးပါတီအတွက် ပိုမိုအား ထည့်ဆောင်ရွက်နိုင်မည်ဖြစ်ကာ ပြည်သူလူထုနှင့်လည်း ပိုမိုထိ တွေ့ခွင့်ရမည်ဖြစ်ကြောင်း သူရ ဦးရွှေမန်းက ဆက်လက်ပြော ကြားသည်။
လွှတ်တော်ရေးရာကော်မ တီ၊ ကော်မရှင်များဖွဲ့စည်းရာတွင် သက်တမ်းတစ်နှစ်ဟုသာ အများ ဆုံးသတ်မှတ်ပြီး နှစ်စဉ် သက် တမ်းထပ်မံ တိုးမြှင့်ပေးလေ့ရှိ သည်။ လက်ရှိလွှတ်တော်သက် တမ်းအတွင်း အထူးကော်မတီဖွဲ့ စည်းခြင်း၊ နှစ်စဉ်သက်တမ်းထပ် မံတိုးမြှင့်ခြင်းတို့ ဆောင်ရွက်ချိန် တွင် တပ်မတော်သားကိုယ်စား လှယ်များနှင့် ပြည်ခိုင်ဖြိုးကိုယ် စားလှယ်များက ကန့်ကွက်ခဲ့ သည်။ သို့သော် ဒီချုပ်အမတ်များ ၏ ထောက်ခံမှုဖြင့် ကော်မရှင်ကို လက်ရှိအချိန်အထိ ဆက်လက် သက်တမ်းတိုးဖွဲ့စည်းထားခြင်း ဖြစ်သည်။
တပ်မတော်သားကိုယ်စား လှယ်များက အထူးကော်မရှင် ဖွဲ့ စည်းမှုအပေါ် လွှတ်တော်အတွင်း ကန့်ကွက်သည့်အပြင် ၂၀၁၇ အ တွင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင် ရာ ခုံရုံးသို့လည်း တင်ပြ၍ အခြေ ခံဥပဒေနှင့် ညီ၊ မညီအဆုံးအဖြတ် ခံယူခဲ့သေးသည်။
‘‘ဘယ်လိုသွားဖြစ်လဲဆို တော့ သူတို့မလိုအပ်လို့ရှိရင် သွားပြီးတော့မှ ဘာမှအကြောင်း ပြချက်မပြောဘဲ ပယ်ဖျက်လိုက် တာ။ ပြန်ပြီးတော့ ကြည့်မယ်ဆို ရင် ဥပဒေနဲ့မညီလို့ ထောက်ပြ ပြောပြပေးမယ့် အဲဒီတုန်းက မဲအ သာနဲ့ပဲ ဒီလိုပဲအနိုင်ယူပြီးတော့ လုပ်လိုက်တာ။ အခုကျတော့ အဲ ဒါတွေက ခေါင်းထဲမှာ မရှိတော့ ဘူး’’ ဟု တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်ကမှတ်ချက်ပြုသည်။
သူရဦးရွှေမန်းက ၎င်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အ ကြား လက်ရှိဆက်ဆံရေးအခြေ အနေနှင့် ပတ်သက်၍ မေးမြန်းမှု ကို ‘‘ပုံမှန်ပဲဖြစ်ပါတယ်’’ ဟု ဖြေ ကြားသည်။
သူရဦးရွှေမန်းသည် ပြည် ထောင်စုကောင်းကျိုးဆောင်ပါ တီ (UBP) အမည်ဖြင့် ပါတီတစ် ရပ် တည်ထောင်ရန် ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်သို့ လျှောက် ထားခဲ့သည်။
အဆိုပါ ပါတီဦးဆောင်အဖွဲ့ ဝင်များအဖြစ် လက်ရှိအထူးကော် မရှင်မှ အဖွဲ့ဝင် ၁၂ ဦးလည်း ပါ ဝင်နေသည်။ ယင်းပါတီသည် ဒီချုပ်နှင့် မဟာမိတ်ပါတီအဖြစ် ပူးပေါင်းဆောင်ရွက်ရန် ရှိ၊မရှိ မေးမြန်းမှုကို သူရဦးရွှေမန်းက ဒီမိုကရေစီလိုလားပြီး လက်တွေ့ ကျင့်သုံးနေသော ပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဖြေ ကြားသည်။
‘‘ဒီနေ့ပြည်ထောင်စုကို အ ကျိုးပြုမယ့်၊ ဒီမိုကရေစီကို လို လားနှစ်ခြိုက်ပြီးတော့ လက်တွေ့ ကျင့်သုံးနေတဲ့ ပါတီ၊ ဒီတိုင်းပဲ လူ့ အခွင့်အရေးကို နိုင်ငံ့အကျိုးစီးပွား အတွက် မှန်မှန်ကန်ကန် အသုံးပြု လုပ်ဆောင်နေတဲ့ ပါတီများဟာ တော့ မိမိတို့နဲ့ မဟာမိတ်ဆိုတာ ထက် လက်တွဲပူးပေါင်းဆောင် ရွက်မယ့် အဖွဲ့အစည်းများဖြစ်ပါ တယ်’’ ဟု ၎င်းကဆိုသည်။
၂၀၁၆ တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအရ အထူး ကော်မရှင် ဖွဲ့စည်းထားမှုကို မတ် လ ၁ ရက် (ယနေ့)တွင် စတင် ရုပ် သိမ်းကြောင်း ပြည်ထောင်စုလွှတ် တော်ရုံးက ယမန်နေ့၌ထုတ်ပြန် သည်။
======================================
251 / End
၃ မတ် ၂၀၁၉ - ၁၆:၀၈
News ID: 931543
လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းဦးဆောင်သည့် အထူးကော်မရှင်ကို ဆက် လက်တာဝန်ပေးအပ်ခြင်းမပြုရန် ပြည်ထာင်စုလွှတ်တော်က ဆုံးဖြတ်ပြီး ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ကြိုတင်ညှိနှိုင်းမှုမရှိကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။