အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ်အများဆုံးရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် အခြေခံဥပဒေအရကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းရယူထား သည့် တပ်မတော်တို့အကြား ဆွေးနွေးညှိနှိုင်းရန် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လွှတ်တော်အမတ်က တိုက်တွန်းသည်။
မတ်လ ၈ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ပြည်ခိုင်ဖြိုးပါတီ အမတ်ဦးသိန်းထွန်း တင်သွင်း သည့် ပုဒ်မ ၂၆၁ ပြင်ဆင်ရေး ဆိုင်ရာ ဥပဒေမူကြမ်းနှင့်ပတ် သက်ပြီး ဥပဒေမူကြမ်းလေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် ဆွေးနွေးရာ SNLD မိုင်းရှူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်း ထွန်းအေးက ထိုသို့အကြံပြု တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပ ဒေသည် ခေတ်ကာလအခြေအ နေနှင့်လျော်ညီစွာ ပြင်ဆင်ရန် လိုအပ်နေကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံပြင်ဆင်ရေးသည် ပြည် သူတစ်ရပ်လုံးက မဖြစ်မနေလုပ် ဆောင်ရမည့် တစ်နိုင်ငံလုံးနှင့် ဆိုင်သည့် အရေးကိစ္စဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ မည်သည့်ပုဒ်မမျိုးကို ပြင်ပြင်၊ အနိမ့်ဆုံးအားဖြင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်း ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှသာ ပြင်ဆင်နိုင်မည် ဖြစ်၍ လွှတ်တော်အတွင်း အများ စုလွှမ်းမိုးထားသည့် ဒီချုပ်နှင့် တပ်မတော်တို့သည် အဓိကကျ ကြောင်း ဦးစိုင်းထွန်းအေးက ထောက်ပြခြင်းဖြစ်သည်။
‘‘ဒါကြောင့် အဓိကကျသော အင်အားစုများက ညှိညှိနှိုင်းနှိုင်း နဲ့ နိုင်ငံသူနိုင်ငံသားများရဲ့အကျိုး စီးပွားကို ရှေးရှုပြီး ဆောင်ရွက်ကြ မှသာ အောင်မြင်နိုင်မှာဖြစ်ပါ တယ်’’ ဟု ဦးစိုင်းထွန်းအေးက ပြောသည်။
ခြေဥပြင်ဆင်ရေးလုပ်ငန်း စဉ် အလုပ်ဖြစ်ရန် ပူးပေါင်း ဆောင်ရွက်မှု၊ ညီညွတ်မှု၊ နိုင်ငံ သူ၊ နိုင်ငံသားများအတွက် ပိုမို ကောင်းမွန်သည့် အကျိုးစီးပွား ဖြစ်ထွန်းလာနိုင်ရေး လက်တွေ့ ကျသည့် ပြင်ဆင်ရေးကို ဆုံးဖြတ် တတ်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။
အနာဂတ်တွင် တည် ဆောက်ရမည့် ဖယ်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုအတွက် အ ခြေခံအုတ်မြစ်ကို ယခုကတည်း က ညီညီညွတ်ညွတ်ဖြင့် အတူ တကွ ပူးပေါင်းဆောင်ရွက်ရန် လည်း ဦးစိုင်းထွန်းအေးက တိုက် တွန်းသည်။
ဦးသိန်းစိန် အစိုးရလက် ထက် ၀န်ကြီးဟောင်းဖြစ်သည့် ကယားပြည်နယ် မဲဆန္ဒနယ်အ မှတ်(၉)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုးသိန်းက လည်း ဖက်ဒရယ်ပြည်ထောင်စုကို သွားရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ဆိုပါက လွယ်ကူ သည့်အရာကို လက်တွဲလုပ်ပြီး ခက်ခဲသည့်အရာအတွက် တည် ဆောက်ကြရမည်ဟု ဆိုသည်။ အချင်းချင်း ရန်ဖြစ်နေရုံဖြင့် ယုံ ကြည်မှု ရမလာနိုင်ဘဲ အခြေအ နေပိုဆိုးသွားနိုင်ကြောင်း ၄င်းက ဆိုသည်။
‘‘ဖန်ခွက်ထဲမှာ ရေတစ်ဝက် ရှိတဲ့ ဥပမာလိုပါပဲ။ ထက်ဝက်ကို ပဲ ယာယီလက်ခံမလား၊ အပြည့် မရလို့ လက်မခံဘူးလားဆိုတာကို တင်ပြလိုပါတယ်။ ၂၀၁၁ မတ်လ မတိုင်မီကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်သားပါဝင်မှု ၁၀၀ ရာ ခိုင်နှုန်းဖြစ်ပြီး ယနေ့ ၂၅ ရာခိုင် နှုန်းဖြစ်တဲ့အတွက်ကြောင့် တ ဖြည်းဖြည်းယုံကြည်မှု တည် ဆောက်ပြီး ရွှေ့ဖို့ပဲဖြစ်ပါတယ်’‘ ဟု ဦးစိုးသိန်းက ပြောသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရာတွင် အဖွဲ့အစည်းတစ်ခု တည်း၏ အကျိုးစီးပွားထက်တိုင်း ရင်းသားပြည်သူတစ်ရပ်လုံး၏ အ ကျိုးစီးပွားကို ရှေးရှုရန် လိုအပ် ကြောင်း၊ ငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေးလုပ် ငန်းစဉ်များ အားကောင်းလာစေ ရေး၊ နိုင်ငံသားများ၏ တန်းတူညီ မျှမှုကို အကာအကွယ်ပေးနိုင်ရေး၊ ဒီမိုကရေစီစံနှုန်းနှင့် ညီညွတ်လာ စေရန် အာဏာသုံးရပ်ကို အပြန် အလှန်ထိန်းကျောင်းသွားနိုင်ရေး အတွက် ရည်ရွယ်ပြင်ဆင်ရ မည်ဖြစ်ကြောင်း SNLD အမတ် ဦးစိုင်းထွန်းအေးက ပြောသည်။
‘‘One country Two government လို့ အခေါ်ခံရတဲ့နိုင်ငံ မျိုးမကျရောက်စေဖို့ နိုင်ငံတော် စွမ်းဆောင်ရည်မြင့်တက်လာစေ ပြီး ကမ္ဘာ့အလယ်မှာ အားကောင်း တဲ့ နိုင်ငံဖြစ်လာဖို့အတွက် တိုင်း ရင်းသားပြည်သူတစ်ရပ်လုံးနဲ့ အဓိကကျတဲ့ အင်အားစုများက ညီညီညွတ်ညွတ်သွားကြပါလို့ တိုက်တွန်းလိုပါတယ်’’ဟု ၎င်းက လွှတ်တော်တွင် ဆွေးနွေးသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်မှသာ တိုင်းရင်း သားစည်းလုံးညီညွတ်ရေး ပိုမို ခိုင်မာလာမည်ဖြစ်ပြီး ပြည် ထောင်စုကြီးကို အတူတကွတည် ဆောက်နိုင်မည်ဖြစ်ကာ နိုင်ငံ၏ အချုပ်အခြာအာဏာကို အများ တကာက လေးစားလာမည်ဟု ဦး စိုင်းထွန်းအေးက ပြောသည်။
ယနေ့တွင် ကိုယ်စားလှယ် ၁၆ ဦးပါဝင်ဆွေးနွေးပြီး မတ်လ ၁၆ ရက်၌ ကျင်းပမည့်ပြည်ထောင် စုလွှတ်တော်အစည်းအဝေးတွင် ဆက်လက် ဆွေးနွေးဦးမည် ဖြစ်သည်။
=================================
251 / End
၉ မတ် ၂၀၁၉ - ၁၈:၂၈
News ID: 932436
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ်အများဆုံးရှိသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နှင့် အခြေခံဥပဒေအရကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းရယူထား သည့် တပ်မတော်တို့အကြား ဆွေးနွေးညှိနှိုင်းရန် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) လွှတ်တော်အမတ်က တိုက်တွန်းသည်။