၁၇ မတ် ၂၀၁၉ - ၂၀:၂၉
တောင်န၀င်းဆည် တာပေါင်အက်ကြောင်းပြုပြင်မှု ရေရှည်လုံလောက်သည်ဟု ဆည်မြောင်းဝန်ကြီးဆို

တောင်န၀င်းဆည်တာ ပေါင်အက်ကြောင်း ပြုပြင်နေမှု သည် ရေရှည်အတွက်ပါလုံ လောက်မှုရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြော ကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


 တောင်န၀င်းဆည်တာ ပေါင်အက်ကြောင်း ပြုပြင်နေမှု သည် ရေရှည်အတွက်ပါလုံ လောက်မှုရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြော ကြားသည်။

မတ်လ ၁၄ ရက်က ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်း မ၌ လူထုနှင့်ဒေါ်အောင်ဆန်းစု ကြည်တွေ့ဆုံရာတွင် ပေါက် ခေါင်းဒေသခံတစ်ဦးက ယင်းနှင့် စပ်လျဉ်း၍မေးသောမေးခွန်းကို ထိုသို့ပြန်လည်ဖြေ ကြားသည်။

တောင်န၀င်းဆည် တာ ပေါင်သည် မြေငလျင်ကြောင့် ဇန်န၀ါရီက အက်ကြောင်းပေါ် သဖြင့် ဂျပန်နည်းပညာရှင်ဖြင့် စစ်ဆေးပြီးနောက် ဆည်တာ ပေါင်ကြံ့ခိုင်ရေး ပြင်ဆင်ထိန်း သိမ်းနေသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တမံကိုယ်ထည်အောက်ခြေ မြေ သားဖို့ခြင်းကို မြေကျင်း ၂,၂၀၀၀ ဖြင့် ဆောင်ရွက်မည်ဖြစ်၍ ပိုမိုခိုင် ခံ့ကာယခင်ထက်ပင် ကောင်းမွန် မည်ဟု ၀န်ကြီးကဆိုသည်။ ထို့အ ပြင် အက်ကြောင်းအတွင်း ရေစိမ့် ခြင်းမရှိစေရန် မြေကျင်း ၄၀၀ ကျော်တူး၍ ဘိလပ်မြေဖြင့်ပြင် ဆင်သည့်လုပ်ငန်းကို မတ်လ နောက်ဆုံးပတ်အပြီးဆောင်ရွက် မည်ဟု ဒေါက်တာအောင်သူက အသိပေးသည်။

မေးခွန်းမေးမြန်းသူ ပေါက် ခေါင်းဒေသခံဦးမော်စီက ‘‘၀န် ကြီးကတော့ ဆည်တာပေါင်အက် ကြောင်း ပြုပြင်ပြီးရင် ကြံ့ခိုင်မှုက ရေရှည်လုံလောက်တယ်လို့ ဆို တယ်။ ဒါပေမဲ့ ဒေသခံတွေက စိုး ရိမ်ဆဲပါပဲ။ ဘယ်ရေလှောင်တမံ တွေမှာဖြစ်ဖြစ် ရေထိန်းတံခါးအ ပြင် အရေးပေါ်ရေထွက်ပေါက် ရှိတယ်။ တောင်န၀င်းဆည်မှာ မရှိဘူး။ တကယ်တမ်းဖြစ်လာရင် အရေးပေါ်ရေထွက်ပေါက်ထပ်မံ ဖောက်ပေးဖို့ပြောတာကို ဖြေ မသွားဘူး။ ဒေသခံတွေစိုးရိမ်မှုကို ရှင်းပြဖို့ ရုပ်မြင်သံကြားကနေ လွှင့်ပေးမယ်လို့သိရတယ်’’ ဟု ပြောသည်။

ဒေါက်တာ အောင်သူကမူ ‘‘တောင်န၀င်း ရေလှောင်တမံ အက်ကွဲမှုနဲ့ပတ်သက်လို့ ပြင်ဆင် မှုတော့လုပ်နေပါတယ်။ ဒါပေမဲ့ ရေလှောင်တမံရဲ့ ကြံ့ခိုင်မှုအား ရော၊ ရေလှောင်မယ့်အားရော အားလုံးအတွက်က နောက်ထပ် ရေတံခါးအရေးပေါ်ထွက်ပေါက် ဆိုတာမရှိပါဘူး။ အဲဒီအရေးပေါ် ရေထွက်ပေါက်လုပ်ပေးနိုင်ဖို့ကို မြို့လူထုရဲ့ကိုယ်စား လာပြောရ တာပါ’’ ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီး ပြည်ခ ရိုင်ပေါက်ခေါင်းမြို့ရှိ တောင်န ၀င်းဆည်တာပေါင်အက်ကြောင်း ဖြစ်ပေါ်နေ၍ ဆည်ကျိုးမည်ကို စိုးရိမ်သဖြင့် ပြင်ရုံသာပြင်ပြီး ဆက်လက်အသုံးမပြုရန် ဖေဖော် ၀ါရီ ၁၂ ရက်တွင် ဒေသခံများက ဆန္ဒထုတ်ဖော်ခဲ့သည်။

==========================
251 /End