၁၉ မတ် ၂၀၁၉ - ၁၈:၃၅
NRPC နှင့် KNPP တို့ NCA လက်မှတ်ထိုးနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေး

အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များပါဝင်သည့် အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) တို့ယမန်နေ့ က နေပြည်တော်၌တွေ့ဆုံပြီး KNPP အဖွဲ့တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင်ပါဝင်လက် မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့ ကြောင်း နှစ်ဖက်ကိုယ်စားလှယ် များကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


အစိုးရ၊ တပ်မတော် ကိုယ်စားလှယ်များပါဝင်သည့် အ မျိုးသားပြန်လည်သင့်မြတ်ရေးနှင့်  ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နှင့် ကရင်နီအမျိုးသားတိုးတက် ရေးပါတီ (KNPP) တို့ယမန်နေ့ က နေပြည်တော်၌တွေ့ဆုံပြီး KNPP အဖွဲ့တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ် (NCA) တွင်ပါဝင်လက် မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးခဲ့  ကြောင်း နှစ်ဖက်ကိုယ်စားလှယ် များကပြောသည်။

ဆွေးနွေးပွဲသို့ NRPC အဖွဲ့ ၀င်ပြည်ထောင်စုရှေ့နေချုပ် ဦး ထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ် ကြီးရာပြည့်တို့ဦးဆောင်တက် ရောက်ပြီး KNPP ဘက်မှဒုဥက္ကဋ္ဌ  ခူဦးရယ် ဦးဆောင်တက်ရောက် သည်။

ဆွေးနွေးမှုရလဒ်ကို ကျေနပ် အားရသည်ဟု KNPP ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ခူဦး ရယ်ကပြောသည်။

‘‘မကြာသောအချိန်မှာ နှစ် ဖက်သဘောတူညီချက်တွေကို လည်း တစ်စုံတစ်ရာဒီထက်ပိုမို ကောင်းမွန်တဲ့အာမခံချက်ရှိတဲ့ ဘက်ကို ရွေ့အောင်လို့အဖြေရှာ  နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ ဘက်က မျှော်လင့်ပါတယ်’’ ဟု ခူဦးရယ်ကပြောသည်။

ပြည်ထောင်စုရှေ့နေချုပ်ဦးထွန်းထွန်းဦးက‘‘နောင်ဆွေးနွေးပွဲကိုလည်း ဧပြီမကုန်မီမှာ နှစ် ဖက်သဘောတူပြီးတော့ ထပ်မံ ဆွေးနွေးဖို့သဘောတူထားပြီဖြစ် ပြီးတော့ ဒီဆွေးနွေးပွဲမှာလည်း NCA လက်မှတ်ရေးထိုးနိုင်ဖို့ ဆက်လက်ပြီး ဆွေးနွေးကြမှာ ပေါ့’’ ဟု ပြောသည်။

ဆွေးနွေးပွဲတွင် NCA လက် မှတ်ရေးထိုးနိုင်ရေး၊ လက်ရှိဖြစ်  ပေါ်နေသည့် NCA လုပ်ငန်းစဉ် ရှေ့မဆက်နိုင်သည့် အကျပ်အ တည်းများဖြေရှင်းနိုင်ရေးကိစ္စ များဆွေးနွေးခဲ့ကြောင်း KNPP ပြောရေးဆိုခွင့်ရှိသူနဲနယ်ပလိုးက ပြောသည်။

‘‘KNPP လိုအဖွဲ့တွေက NCAလမ်းကြောင်းပေါ်သွားပါ မယ်ဆိုတဲ့ မူအရကျွန်တော်တို့ လည်း ပါဝင်ပြီးကြိုးပမ်းနေပါ တယ်။ ဒီလိုဆွေးနွေးရင်းနဲ့ တ ဖြည်းဖြည်းချင်းစီလိုရာကိုရောက် မယ်လို့မျှော်လင့်ပါတယ်’’ ဟု နဲ နယ်ပလိုးက ပြောသည်။

ထို့အပြင်ကယားပြည်နယ် လွိုင်ကော်၌ ဖြစ်ပွားနေသော ဗိုလ်ချုပ်ကြေးရုပ်ကိစ္စသည် တစ် နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်း မှုကို အဟန့်အတားဖြစ်စေသည် ဟု ၎င်းက ပြောသည်။

‘‘ဒီကိစ္စတွေက တစ်နိုင်ငံလုံး ပေါ့။ ဟိုးလေးတကျော်ဖြစ်သွား တယ်။ ပြောစရာတွေအများကြီး ဖြစ်လာတဲ့အပေါ်မှာ ဒါကတော့ ကျွန်တော်တို့သွားနေတဲ့ NCA လက်မှတ်ရေးထိုးနိုင်ရေး ကြိုးပမ်း မှုကိုတော့ အဟန့်အတားဖြစ်စေ ပါတယ်’’ ဟု ၎င်းက ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကြား သမိုင်းကြောင်းများအရ အ သိအမှတ်ပြုပေးရန်လိုသည်ဟု လည်း ၎င်းက မှတ်ချက်ပြုသည်။

‘‘တစ်ဖက်သတ်သမိုင်းကို အဓိပ္ပာယ်ဖွင့်ဆိုပြီးတော့မှ ကျန် တဲ့တစ်ဖက်အပေါ်မှာ လာပြီး တော့ လွှမ်းမိုးတဲ့သဏ္ဌာန်မျိုးတွေ ကိုတော့ ကရင်နီပြည်သူလူထုနဲ့ အတူ KNPP ကလည်း မလိုလား ပါဘူး’’ ဟု နဲနယ်ပလိုးက ပြော သည်။

အစိုးရနှင့် KNPP တို့ ယခင်  ရရှိထားသည့် နှစ်ဦးနှစ်ဖက်  သဘောတူညီချက်များတွင် ပါဝင် သောပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ကိစ္စများအ ကောင်အထည်ဖော်ရာတွင် အ ခက်အခဲကြုံနေရခြင်းများဖြေရှင်း နိုင်ရေးဆွေးနွေးရာတိုးတက်မှုရှိ သည်ဟုနှစ်ဖက်ကိုယ်စားလှယ် များကဆိုသည်။

KNPP အနေဖြင့် မတ်လ ၁၉ ရက်တွင် တပ်မတော်ညှိနှိုင်း ရေးကိုယ်စားလှယ်အဖွဲ့နှင့် တပ် ပိုင်းဆိုင်ရာကိစ္စများဆွေးနွေးမည် ဖြစ်သကဲ့သို့ မတ်လ ၂၁ ရက် တွင်လည်း NRPC နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်း ရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့တက် ရောက်မည်ဖြစ်သည်။

==========================
251 /End