၂၂ မတ် ၂၀၁၉ - ၁၅:၀၀
AA ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်ဟန်နှင့် တွေ့ဆုံခြင်း

ဆွေးနွေးပွဲတွင် AA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီးကျော်ဟန်အား 7Day Daily သတင်းစာအပါအ၀င် မီဒီယာများက တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအခြေအနေ၊ AA အဖွဲ့ ရခိုင်ပြည်နယ်အတွင်း အခြေချ နိုင်ရေးဆောင်ရွက်မှု စသည်တို့ ကို မေးမြန်းဖော်ပြလိုက်ပါသည်။ ဗိုလ်မှူးကြီး ကျော်ဟန်သည် AA အဖွဲ့ စတင်ဖွဲ့စည်းစဉ်ကတည်း က ပါဝင်ခဲ့သူဖြစ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


ဆွေးနွေးပွဲတွင် AA ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီးကျော်ဟန်အား   7Day Daily သတင်းစာအပါအ၀င် မီဒီယာများက တွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခအခြေအနေ၊ AA အဖွဲ့ ရခိုင်ပြည်နယ်အတွင်း  အခြေချ နိုင်ရေးဆောင်ရွက်မှု စသည်တို့ ကို မေးမြန်းဖော်ပြလိုက်ပါသည်။ ဗိုလ်မှူးကြီး ကျော်ဟန်သည် AA အဖွဲ့ စတင်ဖွဲ့စည်းစဉ်ကတည်း က ပါဝင်ခဲ့သူဖြစ်သည်။

ဒီနေ့ NRPC ဒုဥက္ကဋ္ဌရဲ့ အဖွင့်မိန့် ခွန်းမှာ ရခိုင်ပြည်နယ်ဟာ အဖြူ ရောင်နယ်မြေ ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့တွေ အခြေချ ခွင့်မပြုနိုင်ဘူးဆိုတဲ့သဘော ပြော သွားတဲ့အပေါ် ဘာပြောချင်လဲ။

ကျွန်တော်တို့ ရခိုင့်တပ်မတော်ကို ရခိုင်ပြည်မှာ တည်ရှိနေမှုကို တပ်မတော်ဘက်က လက်မခံတဲ့ သဘောလို့ ကျွန်တော်တို့နား လည်တယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့ရခိုင်တွေကို ရခိုင်ပြည်မှာ ရခိုင့်တပ်မတော် တည်ရှိရေး ဟာ ကျွန်တော်တို့ ULA/AA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်။ ရခိုင်ပြည်သူကို ရခိုင့်တပ်မတော် ကပဲ လုံခြုံအေးချမ်းဖို့၊ ဖွံ့ဖြိုးဖို့အ တွက် တာဝန်ယူနိုင်မှာဖြစ်တယ် လို့ ကျွန်တော်တို့ ခံယူထားတဲ့ အတွက် ကျွန်တော်တို့ဟာ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ ဟာကို ကျွန်တော်တို့ လုပ်နေတာ ဖြစ်တယ်။ အခုလည်း ကျွန်တော် တို့ရခိုင်ပြည်မှာ တာဝန်ယူနေပြီ ဖြစ်တယ်။

လက်ရှိအနေအထားအရ စစ်ရေးအခြေအနေ တင်းမာနေတာပေါ့။ ဒီဆွေးနွေးပွဲကနေ စစ်ရေးတစ်စုံတစ်ရာ လျော့သွားမယ်လို့ မြင်ရ လား။ တင်းမာမှုတွေ ဆက်ရှိနေ နိုင်လား။

ကျွန်တော်တို့ မျှော်လင့်လို့ ရတယ်ဆိုတာက အရင် စကား မပြောဘဲ နေတာထက် အခုက ဆွေးနွေးလာတယ်။ ပြီးရင် ထပ်ပြီး ဆွေးနွေးဖို့လည်း အစီအစဉ် ရှိတယ်။ ဆိုတော့ အရင်ထက် တော့ တိုးတက်မှုရှိတယ်။

အစိုးရက ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်အခြေချခွင့်မပြုဘူးပြောတဲ့ အခါကျတော့ ရှေ့ဆက် ဘာ ဆက်ဖြစ်နိုင်လဲ။ ဆက်ပြီး ဆွေးနွေးလို့ ရနိုင်သေးရဲ့လား။

ဒါက အမှန်တရားကို အခြေ ခံပြီးတော့ ဆွေးနွေးရမယ်လေ။ အမှန်တရားကို ငြင်းပယ်ရင်တော့ ကျွန်တော်တို့ ရှေ့ကို ငြိမ်းချမ်းရေးဆိုတာ ဘယ်ဖြစ်လာနိုင်မလဲ။ ငြိမ်းချမ်းရေးလိုတယ်ဆိုရင် အမှန်တရားကို လက်ခံဖို့လိုတယ်။

ရဲစခန်းတွေကို ဘာဖြစ်လို့ တိုက် တာလဲ။

ရဲစခန်းတိုက်တာကို ကျွန်တော်တို့ တာဝန်ရှိတဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနက ဖြေပြီးသား ဖြစ်တဲ့အတွက် ကျွန်တော်ထပ်ပြီး ဒီနေရာမှာ မဖြေလိုပါဘူး။ (AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက တပ်မတော်၏ စစ်ရေးဖိအားကို တုံ့ပြန်သည့်အနေဖြင့် ရဲကင်းစ ခန်းများကို တိုက်ခိုက်ခဲ့သည်ဟု ဖြေကြားထားသည်။)

မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်ပြီး တပ်ဘက်က AA က ပစ်တယ်လို့ ပြောတယ်။ အဲဒီကိစ္စနဲ့ ပတ်သက် ပြီးတော့ကော AA ဘက်က ပစ်တာ လား။ ဘယ်လိုလဲဗျ။

ကျွန်တော်တို့ ဒီနေ့ဆွေးနွေး ပွဲမှာလည်း တပ်ဘက်က ခေါင်း ဆောင်တွေကို ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မြောက်ဦးမြို့ထဲမှာ တိုက်ပွဲဖော် တာ မရှိဘူးဆိုတာကို အတိအ လင်း ပြောခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ တိုက်ပွဲဖော်ခြင်းမဟုတ် ဘဲ အရပ်သားပြည်သူတွေကို လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်တာကတော့ တားပေး ပါ။ နောက်နောင် ဒီလို မဖြစ်ပါ စေနဲ့လို့ ကျွန်တော်တို့က ဒီလိုတင် ပြခဲ့ပါတယ်။

ဒီဆွေးနွေးပွဲအရ ရခိုင်ပြည်နယ် မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ လျော့သွားနိုင်လား၊ ဆက်ပြီးတော့ တိုးလာနိုင်လား။

ဒီနေ့ဆွေးနွေးချက်ကတော့ ဒီနေ့ထုတ်ပြန်တဲ့ ထုတ်ပြန်ချက် အရရော တစ်နိုင်ငံလုံး လက်ရှိဖြစ် ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲ လျှော့ချရေးအတွက် ဆက်လက် ညှိနှိုင်းကြိုးပမ်းရန်ဆိုတဲ့ အချက် တစ်ချက်ပါတယ်။ တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးကို ထိန်း သိမ်းရေးအတွက် ဆက်လက်ညှိ နှိုင်းကြိုးပမ်းရန်ဆိုတာပါတယ်။ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ အရေးအတွက် နှစ်ဖက်စလုံး က အလေးအနက် ဆောင်ရွက်ရန် ဆိုတာပါတယ်။ အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး အတွက် အရင်းခံအကြောင်းတ ရားဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန်ဆိုတဲ့ အချက် တွေ ပါတယ်ဆိုတဲ့အတွက် ဒီအ ချက်တွေကို နှစ်ဦးနှစ်ဖက်က မှန်မှန်ကန်ကန် အကောင်အထည် ဖော်ကြမယ်ဆိုရင်၊ စေတနာမှန် မှန်နဲ့ အကောင်အထည်ဖော်ကြ မယ်ဆိုရင် တိုက်ပွဲတွေက လျော့ ကျဖို့ အလားအလာရှိတယ်။ ဒါပေမဲ့ အဲဒါကို ဒီနေ့ ဆွေးနွေးပွဲရလဒ် အ ကောင်အထည်မဖော်ဘူးဆိုရင် အရင်အတိုင်း ရှိမှာပဲဖြစ်တယ်။

==========================
251 /End