အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
တပ်မတော်ညှိနှိုင်းရေး အဖွဲ့နှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)တို့ ဆွေး နွေးပွဲတွင် ဇွန်လ ၃၀ ရက်မတိုင်မီတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးနိုင်ရေးနှင့် နှစ်ဖက်တပ်များအကြား တိုက်ခိုက်မှု ပြန်လည်မဖြစ်ပွားရေး ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပြီး KNPP ကိုယ်စားလှယ်က လည်း အတည်ပြုသည်။
မတ်လ ၁၉ ရက်က နေ ပြည်တော်၌ပြုလုပ်သော သုံးနာရီခန့်ကြာဆွေးနွေးပွဲတွင် တပ်ပိုင်း ဆိုင်ရာသဘောတူညီချက်များရရှိ ခဲ့သည်ဟု KNPP ပြောရေးဆိုခွင့် ရှိသူ နဲနယ်ပလိုးကပြောသည်။
အလားတူ တပ်မတော်က သတင်းထုတ်ပြန်ရာ ၂၀၁၉ ဇွန်လ၃၀ ရက်မတိုင်မီ NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် နှစ်ဖက်တပ်များအကြား ယုံကြည်မှု တည်ဆောက်နိုင်ရန်၊ ပြည်နယ် နှင့် ပြည်ထောင်စုအဆင့်သဘော တူညီချက်များကို နှစ်ဖက်စလုံးက အလေးထားလိုက်နာဆောင်ရွက် ရန်၊ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ရန် လိုအပ်ပါက ညှိနှိုင်းဆောင်ရွက် ရန် စသည့်ကိစ္စရပ်များ ဆွေးနွေး ခဲ့ကြောင်း ဖော်ပြသည်။
ဇွန်လ ၃၀ ရက်မတိုင်မီ NCAလက်မှတ်ထိုးနိုင်ရေး ဆွေးနွေးမှု နှင့် ပတ်သက်ပြီး နဲနယ်ပလိုးက ‘‘တပ်မတော်ဘက်က အပစ်အ ခတ်ရပ်ထားတာကို နှစ်လထပ်တိုးဖို့ သဘောရှိတယ်။ အဲဒီအတော အတွင်းမှာလည်း တွေ့ဆုံဆွေး နွေးမှုတွေ ဆက်လုပ်သွားမယ့် သဘောပေါ့။ ကျွန်တော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ အားလုံး ကတော့ NCA လက်မှတ်ရေးထိုး နိုင်ရေးပါပဲ။ လက်မှတ်ရေးထိုးနိုင် ရေးမှာ ကြုံတွေ့ရတဲ့ အကျပ်အ တည်းအခက်အခဲတွေကို ဖြေရှင်း နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှု ကို လိုသလောက် ဆက်လုပ်သွား ဖို့ အဲဒါကိုဆိုလိုပါတယ်’’ဟု ပြောသည်။
တပ်မတော်က ၂၀၁၈ ဒီဇင် ဘာ ၂၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ပြီး တိုင်းစစ်ဌာနချုပ်နယ်မြေငါးခု၌ စစ်ရေးလှုပ်ရှားမှု များ လေးလကျော် ရပ်ဆိုင်းမည် ဟုဖော်ပြရာ ဧပြီလကုန်တွင် သတ်မှတ်ရက် ကုန်ဆုံးမည်ဖြစ်သည်။ ယင်း အပစ်ရပ်နယ်မြေ တွင် KNPP အဖွဲ့ တည်ရှိရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ပါဝင်သည်။
တပ်မတော်က တစ်ဖက် သတ် အပစ်ရပ်ဆိုင်းမှု နှစ်လ သက်တမ်းတိုးနိုင်ဖွယ်ရှိသည်ဟူ သော ပြောကြားချက်နှင့် ပတ် သက်ပြီး တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ အချို့ထံ မတ်လ ၂၀ ရက်က ဆက်သွယ်ရာ အဆက်အသွယ် မရပေ။
၂၀၁၇ ဒီဇင်ဘာတွင် တပ် မတော်ယာဉ်တန်းကို တားဆီးရာ က အစပြုပြီး KNPP ယာယီ ကင်းစခန်းမှ တပ်ဖွဲ့ဝင်အချို့ သေ ဆုံးသည့် ကိစ္စ၊ ၂၀၁၈ အောက်တိုဘာတွင် တပ်မတော်နှင့် KNPPအကြား တိုက်ပွဲဖြစ်ပွားမှု ကိစ္စတို့ ဆွေးနွေးညှိနှိုင်းပြီး တိုက်ခိုက်မှုများ၊ ပဋိပက္ခများ ထပ်မံမဖြစ် ရေး ဆောင်ရွက်ရန် သဘောတူခဲ့ သည်။
ယင်းအချက်များသည် ယခင်ကတည်းက အစိုးရနှင့် KNPP အကြား ချုပ်ဆိုထားသည့် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအ ဆင့် သဘောတူစာချုပ်တွင် ပါရှိ သည်။
အစိုးရ၊ တပ်မတော်နှင့် KNPP ဆွေးနွေးရေး ကိုယ်စား လှယ်များ ဧပြီအတွင်း ထပ်မံတွေ့ ဆုံရန် စီစဉ်ထားသည်။
==========================
251 /End
ဇွန်လကုန်မတိုင်မီ NCA လက်မှတ်ထိုးနိုင်ရေး တပ်မတော်နှင့် KNPP ဆွေးနွေး တပ်မတော်ကအပစ်ရပ်သက်တမ်း နှစ်လထပ်တိုးဖွယ်ရှိဟုKNPP ပြော
၂၃ မတ် ၂၀၁၉ - ၁၈:၅၃
News ID: 934270
တပ်မတော်ညှိနှိုင်းရေး အဖွဲ့နှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP)တို့ ဆွေး နွေးပွဲတွင် ဇွန်လ ၃၀ ရက်မတိုင်မီတစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးနိုင်ရေးနှင့် နှစ်ဖက်တပ်များအကြား တိုက်ခိုက်မှု ပြန်လည်မဖြစ်ပွားရေး ဆွေးနွေးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ပြီး KNPP ကိုယ်စားလှယ်က လည်း အတည်ပြုသည်။