၂၅ မတ် ၂၀၁၉ - ၁၉:၁၀
အခြေခံဥပဒေပြင်ရာတွင် ပြည်သူ့အခန်းကဏ္ဍ ပိုမိုချဲ့ထွင်ပေးရန် လေ့လာစောင့်ကြည်သူအချို့ တိုက်တွန်း

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် ပြည်သူ လူထု၏ အခန်းကဏ္ဍကိုပိုမိုချဲ့ ထွင်ပေးရန်နှင့် တိုင်းရင်းသား များ၏ ဆန္ဒသဘောထားများကို ထည့်သွင်းရေးဆွဲရန် လိုအပ် ကြောင်း လေ့လာစောင့်ကြည်သူ အချို့ကပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


 ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးတွင် ပြည်သူ လူထု၏ အခန်းကဏ္ဍကိုပိုမိုချဲ့ ထွင်ပေးရန်နှင့် တိုင်းရင်းသား  များ၏ ဆန္ဒသဘောထားများကို ထည့်သွင်းရေးဆွဲရန် လိုအပ် ကြောင်း လေ့လာစောင့်ကြည်သူ အချို့ကပြောကြားသည်။

ISP မြန်မာ၏ယောမင်းကြီး  ဇရပ်ဆဋ္ဌမမြောက်စကားဝိုင်းအ ဖြစ် ‘ဖွဲ့စည်းပုံအခြေခံဥပဒေလမ်း ခွဲ၊လူ့အဖွဲ့အစည်းဘက်မှ အမြင်’ ခေါင်းစဉ်ဖြင့် ယမန်နေ့တွင် ရန် ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပရာပါဝင်ဆွေးနွေးသူအချို့ ကယင်းသို့ထည့်သွင်းပြောကြား ခြင်းဖြစ်သည်။

‘‘ပြည်သူလူထုဟာ သူတို့ပါ ၀င်ရေးဆွဲထားတဲ့အခြေခံဥပဒေ  သာရှိမယ်ဆိုရင် ဒီအခြေခံဥပဒေ ကို လေးစားမယ်၊ မြတ်နိုးမယ်။ လိုက်နာဖို့ကလည်း ကျွန်တော် ထင်တယ်၊ အခက်အခဲသိပ်မရှိ လောက်ဘူးလို့ယူဆတယ်’’ ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် တကောင်းနိုင်ငံရေးလေ့လာမှုအ ဖွဲ့၏ ဘုတ်အဖွဲ့ဝင်ဦးဝင်းညီညီ ဇော်ကပြောသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေသည်  မဖြစ်မနေ ပြင်ဆင်ရ မည့် ဥပဒေဖြစ်ပြီးပြင်ဆင်ရာတွင် လုပ်ငန်းစဉ်မှန်ကန်ရန် အရေးကြီး ကြောင်းနှင့် လူမျိုးစုတိုင်း၊ တိုင်း ရင်းသားတိုင်း တစ်နိုင်ငံလုံးပါဝင် သည့် ဖွဲ့စည်းပုံဖြစ်ရမည်ဖြစ် ကြောင်း ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီထူးကပြောသည်။

သို့ရာတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပြည်သူလူထု  အကျိုးအတွက် ဆောင်ရွက်၍ရ သည့် ပုဒ်မများပါဝင်ကြောင်းနှင့်  အသုံးပြုနိုင်သည့် ပုဒ်များကိုအ သက်သွင်းကာ နိုင်ငံသူ၊ နိုင်ငံ သားများ၏ နေ့စဉ်လုပ်ငန်းများ၊ ဘ၀များကိုပိုမိုအဓိပ္ပာယ်ရှိစေရေး  ဆောင်ရွက်ပေးရန်  လိုအပ် ကြောင်း ဆောင်းပါးရှင် ကိုနိုင် လင်းထွန်းက တိုက်တွန်းသည်။

‘‘ရှေ့လျှောက်ပြီး ဘယ်လို နည်းနဲ့ ပြောင်းလဲအောင်လုပ်မ လဲ၊ စံနှုန်းတွေကိုချဉ်းကပ်တဲ့နေ ရာမှာ ကျွန်တော်တို့လိုချင်တဲ့ စံ နှုန်းကဘာလဲ၊ ကျွန်တော်တို့ နား လည်တဲ့စံနှုန်းကဘာလဲ။ ကျွန် တော်တို့ရဲ့ သမ္မတနိုင်ငံစံနှုန်းက ဘာလဲဆိုတာကို နောက်ခံအ ကြောင်းရင်းကို သေချာနားလည် ပြီးတော့အကျေအလည်ဆွေးနွေး ပြီး တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း သွားဖို့လိုအပ်ပါတယ်’’ ဟု မြန်မာ နိုင်ငံငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ အင်စတီကျုဒ် (MIPS) အကြီးအတန်းသုတေသနမန်နေ ဂျာကိုအမရာသီဟက သုံးသပ် သည်။

ထို့အပြင် တပ်မတော်အစိုး ရသည် နိုင်ငံရေးအခြေအနေအ ရ ဖြစ်သင့်ဖြစ်ထိုက်သည့်နိုင်ငံ ရေးမူချကာ ပညာရှင်များဖြင့်ဖွဲ့ စည်းပုံအခြေခံဥပဒေကို အဓိက ရေးဆွဲခဲ့ကြောင်း ပထမအကြိမ် လွှတ်တော်သက်တမ်းအမျိုးသား လွှတ်တော်ဥက္ကဋ္ဌဦးခင်အောင် မြင့်ကပြောသည်။ ၎င်းသည် ၂၀၀၄ အမျိုးသားညီလာခံကျင်း ပရေးကော်မရှင်တွဲဖက်အတွင်း ရေးမှူးအဖြစ်တာဝန်ယူခဲ့သည်။

‘‘ဒါကြောင့် နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ပြင်မယ် ဆိုရင် ဘာကိုပြင်မှာလဲ၊ ဘယ်သူ့ အကျိုးစီးပွားအတွက်ပြင်မှာလဲ၊ ဘယ်လို ၀ါရင့်နိုင်ငံရေးသမား တွေနဲ့ ဥပဒေပညာရှင်တွေနဲ့တိုင်  ပင်မှာလဲဆိုတာ အရေးကြီးပါ တယ်။ ဒါမှမဟုတ်ရင်တော့ ကူး တို့ဆိပ်မှာ ပိုးအိတ်ဖွင့်သလိုအ ကုန် ပွထပြီးအားလုံးဒုက္ခရောက် တော့မှာဖြစ်ကြောင်း အကျဉ်းမျှ တင်ပြလိုက်ရပါတယ်’’ ဟု ယော မင်းကြီးစကားဝိုင်းသို့ ရုပ်သံဖိုင်မှ တစ်ဆင့်သတင်းစကားပါးသည်။

အခြေခံဥပဒေပြင်ဆင်ရေး  ပူးပေါင်းကော်မတီ ဖွဲ့စည်းရန် ပြည်ထောင်စုလွှတ်တော်သို့ အ ရေးကြီးအဆိုတင်သွင်းသူ အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က အား လုံးပါဝင်နိုင်ရေး အာဏာရပါတီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကလွှတ်တော်တွင်း၌  ဆောင်ရွက် နေကြောင်းနှင့် ပြည်သူလူထုကို လမ်းပေါ်မထွက်စေရန်၊ ပြည်သူ လူထုနစ်နာမှုမရှိစေရန် ဆောင် ရွက်မည်ဖြစ်ကြောင်းပြောသည်။

အာဏာရအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် အစိုးရလက်ထက် တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများပါဝင်သည့် ၂၁ ရာစုပင်လုံ၊ ပြည်ထောင်စုငြိမ်း ချမ်းရေးညီလာခံများကျင်းပပြီး ထွက်ပေါ်လာသော ရလဒ်ဖြင့်အ ခြေခံဥပဒေပြင်ဆင်နိုင်ရန်ကြိုး ပမ်းနေသကဲ့သို့ ပြည်ထောင်စု  လွှတ်တော်၌လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူး ပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း ဆောင်ရွက်နေသည်။

==========================
251 /End