အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ရိုဟေးဆာဆာကာဝါကို မတ်လ ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။
ယင်းသို့ တွေ့ဆုံစဉ် မြန်မာ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုး သားပြန်လည်သင့်မြတ်ရေး လုပ် ငန်းစဉ်၊ ရခိုင်ပြည်နယ်အရေးကိစ္စ နှင့် ဂျပန်နိုင်ငံက ဆက်လက်ကူညီ ဆောင်ရွက်ပေးမည့်ကိစ္စရပ်များ ကို ဆွေးနွေးခဲ့ကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေး ရှင်း၏ ဥက္ကဋ္ဌလည်းဖြစ်သူ အ ထက်ပါ အထူးကိုယ်စားလှယ် သည် နေရပ်စွန့်ခွာသူများ ပြန် လည်လက်ခံရေး လုပ်ငန်းစဉ်တွင် လိုအပ်သော အကူအညီများ ပေး အပ်နိုင်ရေး မတ်လ ၂၂ ရက်မှ ၂၄ရက်အထိ ရခိုင်ပြည်နယ် စစ်တွေနှင့် မောင်တောဒေသများသို့ သွားရောက်ခဲ့သည်။
အလားတူ ဂျပန်အထူးကိုယ် စားလှယ်သည် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်ကို မတ်လ ၂၅ ရက်တွင် နေပြည်တော်ရှိ ဘုရင့်နောင်ဧည့်ခန်းမသို့ သွား ရောက်တွေ့ဆုံသည်။
အထူးကိုယ်စားလှယ်သည် ရခိုင်ပြည်နယ်အတွင်း လေ့လာ တွေ့ရှိခဲ့သည့် အခြေအနေများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်နေမှု များနှင့် ဖမ်းဆီးနှိမ်နင်းဆောင် ရွက်နေမှုအခြေအနေများကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေး ကြောင်း သတင်းထုတ်ပြန်သည်။
ထို့အပြင် ဂျပန်နိုင်ငံက မွန် ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် ကချင်ပြည်နယ်အ တွင်း စစ်ဘေးရှောင်ပြည်သူများ နှင့် ဒေသဖွံ့ဖြိုးရေး ဆက်လက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဆက်လက်ဖော် ပြသည်။
==========================
251 /End
၂၇ မတ် ၂၀၁၉ - ၁၇:၄၄
News ID: 934806
နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဂျပန်အစိုးရ၏ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုင်ရာ အထူးကိုယ်စားလှယ် ရိုဟေးဆာဆာကာဝါကို မတ်လ ၂၅ ရက်က နေပြည်တော်ရှိ နိုင်ငံ ခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။