၂၈ မတ် ၂၀၁၉ - ၁၉:၁၀
ရွေးကောက်ပွဲတရားမျှတစေရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအရ ဆောင်ရွက်ရန် ဒုတပ်ချုပ်တိုက်တွန်

တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် NCA ကို လက်မှတ်ရေးထိုးပြီး ရွေးကောက် ပွဲများမှတစ်ဆင့် နိုင်ငံရေးအရ ဆောင်ရွက်ရန် ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဒုတိ ယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြော သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန


 တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာစေရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအနေဖြင့် NCA ကို လက်မှတ်ရေးထိုးပြီး ရွေးကောက် ပွဲများမှတစ်ဆင့် နိုင်ငံရေးအရ ဆောင်ရွက်ရန် ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ်ဒုတိ ယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြော သည်။

မတ်လ ၂၇ ရက်ကနေပြည် တော်တွင် ကျင်းပသော (၇၄)နှစ် မြောက်တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ ကျန်းမာရေးအ ခြေအနေကြောင့် တက်ရောက် နိုင်ခြင်းမရှိသည့် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကိုယ်စား ဒု တိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တက်ရောက်မိန့်ခွန်း ပြောကြားခြင်းဖြစ်သည်။

၂၀၁၀ နှင့် ၂၀၁၅ ရွေး ကောက်ပွဲအတွေ့အကြုံများအရ တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့အစည်းများ၏ နယ်မြေများနှင့် ဆက်စပ်နယ်မြေအချို့တွင် ပြု လုပ်သော ရွေးကောက်ပွဲများ၌ တရားမျှတမှုမရှိသောဖြစ်စဉ်များ ဖြစ်ပွားမှုရှိသည်ဟု ၎င်းကပြော သည်။

‘‘တရားမျှတတဲ့ရွေးကောက် ပွဲဖြစ်လာစေဖို့၊ မတရားတာတွေ မဖြစ်ဖို့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များအားလုံး NCA လက်မှတ်ရေးထိုးပြီး နိုင်ငံရေးအ ရ ဆောင်ရွက်သင့်တာများဆောင် ရွက်ကြဖို့ ထပ်မံပြောလိုပါတယ်’’ ဟု ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောသည်။

အယူဝါဒကွဲပြားမှုများကို NCA လမ်းကြောင်းအခြေခံဆောင်ရွက် ရန် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသောပြည်ထောင် စုကြီးအဖြစ် တည်ဆောက်နိုင်ရေး NCA လမ်းကြောင်းကိုအခြေခံ ဆောင်ရွက်နေသည်ဟု ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဆိုသည်။

‘‘အယူဝါဒရေးရာအရ ကွဲ ပြားမှုနှင့် တိုင်းရင်းသားရေးအရ အမြင်လွဲမှားမှုများကို ပါတီစုံဒီမို ကရေစီလမ်းကြောင်းပေါ်မှာ ဥပ ဒေဘောင်အတွင်းက ဖြေရှင်း ဆောင်ရွက်နိုင်ဖို့အတွက် တစ်နိုင် ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)လမ်း ကြောင်းကို အခြေခံပြီး ဆောင် ရွက်နေတာဖြစ်ပါတယ်’’ ဟု ၎င်း က ပြောသည်။

တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့်ကာလတွင် နားလည်မှုလွဲစေနိုင်မည့်ကိစ္စရပ် များကို ရှေ့တန်းတင်တောင်းဆို ခြင်းနှင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်နှင့်မသက်ဆိုင်သောကိစ္စရပ် များ ဆွဲသွင်းလာခြင်းများမပြု လုပ်ရန်လိုသည်ဟု ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က မိန့်ခွန်းတွင်ထည့်သွင်း ပြောကြားသည်။

‘‘တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းများအနေနဲ့ NCA မူဘောင်နဲ့အညီ တွေ့ဆုံညှိ နှိုင်းဆွေးနွေးမှုများပြုလုပ်ပြီး ဒီမို ကရေစီလမ်းကြောင်းအတိုင်း မှန် မှန်ကန်ကန်လျှောက်လှမ်းရန် လို အပ်မှာဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် တပ်မတော်ကပစ် ခတ်တိုက်ခိုက်မှုရပ်စဲထားသည့် ကာလအတွင်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်ကို ထိခိုက်စေသည့်လုပ် ရပ်များ ဆက်လက်လုပ်ဆောင် ခြင်းမပြုဘဲ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)နှင့်ဖြစ်စေ၊ တပ်မတော်၏ ညှိနှိုင်းရေးအဖွဲ့ များနှင့်ဖြစ်စေ ငြိမ်းချမ်းရေးအ တွက် ညှိနှိုင်းဆွေးနွေးမှုများအမြန် ဆုံးပြုလုပ်ရန် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ထပ်မံ တိုက်တွန်းသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ စစ်မှန်သော စိတ်ရင်းစေတနာမှန်များဖြင့် ပူး ပေါင်းပါဝင်ရန်လိုအပ်မည်ဖြစ်ပြီး အတိတ်ကို လက်ညှိုးထိုးပြောဆို နေမည့်အစား သင်ခန်းစာရယူ ကာ တိုင်းပြည်တိုးတက်ရေး အ ကျိုးရှိစွာ ဆောင်ရွက်ရန်လိုမည် ဟု ၎င်းကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ခိုင်မာမှုရှိသော ဥပဒေသည် အကောင်းဆုံးဖြစ်သော်လည်း ပြီး ပြည့်စုံသောဥပဒေဆိုသည်မှာမရှိ သဖြင့် လိုအပ်ချက်များ ပြင် ဆင်ဖြည့်စွက်ရမည်ဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

‘‘ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်နိုင်ငံလုံးရဲ့အကျိုးစီးပွားအ တွက် ပကတိအခြေအနေများနဲ့ ကိုက်ညီအောင် အချိန်ယူရေးဆွဲ ခဲ့ကြတာဖြစ်တယ်’’ ဟု ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က ဆိုသည်။

လက်ရှိ ကျင်းပနေသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာ ခံအစည်းအဝေးအသီးသီးမှ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ နှင့် သဘောတူထားသည့်အချက် များလည်း ပြည်ထောင်စုသ ဘောတူစာချုပ်(Union Accord)  အစိတ်အပိုင်းအဖြစ် လွှတ်တော် သို့တင်ပြပြီးဖြစ်ကြောင်းနှင့် ယင်း သို့ တင်ပြသဘောတူထားသည် များကို အခြေခံဥပဒေတွင် ထည့် သွင်း စဉ်းစားဆောင်ရွက်ရန်ရှိ ကြောင်း ဒုတိယတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ဖြည့်စွက် ပြောကြားသည်။

ယင်းသို့ ပြင်ဆင်ရာတွင် မလိုလားအပ်သည့် နိုင်ငံရေးအ ကျပ်အတည်းနှင့် ဘေးထွက်ဆိုး ကျိုးများမဖြစ်စေဖို့ အခြေခံဥပဒေ အခန်း(၁၂)ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်း နည်းလမ်းများ အတိုင်း ဥပဒေနှင့်အညီအဆင့် ဆင့်လုပ်ဆောင်ရမည်ဟု ၎င်းက ဆိုသည်။

‘‘ဒီမိုကရေစီဆိုတာအများရဲ့ ဆန္ဒအရ ဥပဒေနဲ့အညီ စည်းကမ်း တကျလိုက်နာ၊ လိုက်ပါလုပ် ဆောင်ခြင်းဖြစ်တယ်။ လူနည်းစု ရဲ့ ဆန္ဒကိုလည်း လေးစားရတယ်’’ ဟု ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ပြောသည်။

AA ကို ထိထိရောက်ရောက်နှိမ်နင်းမည် ARSA အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်ကြောင့် တည်ငြိမ်မှုပျက် ပြားခဲ့သည့် ရခိုင်ပြည်နယ်မြောက် ပိုင်း တည်ငြိမ်အေးချမ်းနေချိန် တွင် AA သောင်းကျန်းသူများက ARSA အဖွဲ့ရန်ကာကွယ်ပေးနေ သည့် ရဲကင်းစခန်းများကို ၀င် တိုက်ခိုက်ခြင်းသည် နိုင်ငံတော် အချုပ်အခြာအာဏာကို ထိခိုက် စေသဖြင့် ထိထိရောက်ရောက် နှိမ်နင်းမည်ဖြစ်ကြောင်း ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်က ပြောသည်။

‘‘နိုင်ငံတော်တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေး  အတွက် တပ်မတော်အနေနဲ့မည် သည့် လက်နက်ကိုင်သောင်းကျန်းသူမဆို ရှင်းလင်းရမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်’’ ဟုဒုတပ်ချုပ်ကဖြည့်စွက်ပြောကြားသည်။

==========================
251 /End