အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
မိုးတွင်းကာလမရောက် မီ ကချင်ဒေသစစ်ရှောင်များ နေ ရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန် ကချင်လက်နက်ကိုင် အဖွဲ့ (KIO) က ဆန္ဒရှိနေပြီး အစိုးရ၊ တပ်မတော်နှင့် ဆွေးနွေး ပွဲကို ဧပြီအတွင်း နှစ်ကြိမ်ပြုလုပ် ရန် အဆိုပြုထားသည်ဟု ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြော ကြားသည်။
KIO အနေဖြင့် မတ်လ ၂၁ ရက်က နေပြည်တော်၌ ကျင်းပ သည့် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင် ရှစ် ဖွဲ့တွေ့ဆုံပွဲ၌ ဆွေးနွေးပွဲဖြစ် မြောက်ရေး အဆိုပြုခြင်းဖြစ်သော် လည်း ရက်သတ်မှတ်နိုင်ခြင်းမရှိ သေးဟု ၎င်းက ဆိုသည်။
‘‘KIO ဘက်က အဆိုပြုထား တာကတော့ ဧပြီလဆန်းမှာတစ် ခေါက်၊ ဧပြီလကုန်ပိုင်းမှာ တစ် ခေါက်လို့ပြောပါတယ်။ တစ်လ အတွင်း နှစ်ခါတွေ့ဖို့ အဆိုပြု ထားတာရှိတယ်။ အဲဒါက အဓိက တော့ အပစ်ရပ်ရေး၊ IDP (စစ် ရှောင်ဒုက္ခသည်များ) နေရပ်ပြန် ရေး အဲဒီဟာဆွေးနွေးရမှာဆို တော့ နှစ်ခါတွေ့ဖို့ အချိန်လိုတာ ပေါ့။ IDP တွေကလည်း မိုးတွင်း မှာ ပြန်ဖို့က အခက်အခဲရှိတယ်။ ပွင့်လင်းပြန်မှ အဆင်ပြေမှာမို့ အမြန် စိပ်စိပ်တွေ့နိုင်ဖို့ သဘော မျိုးပါပဲ’’ ဟု ဦးဆန်းအောင်က ပြောသည်။
KIO အနေဖြင့် ဧပြီ ၄ ရက် နောက်ပိုင်း ဆွေးနွေးပွဲပြုလုပ်ရန် အဆိုပြုထားပြီး အစိုးရလက်ခံ ပါက ဧပြီ ၈ရက်မတိုင်မီ ဆွေးနွေး ပွဲ ဖြစ်ပေါ်နိုင်သည်ဟု ကိုယ်စား လှယ်တစ်ဦးက ပြောသည်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိ သူ ဦးဇော်ဌေးက KIO နှင့် ဧပြီလ ဆန်းတွင် တွေ့ဆုံရန် စီစဉ်ထား သည်ဟု မတ်လ ၂၁ရက်တွင်ပြော ကြားထားသော်လည်း အသေး စိတ် ပြောကြားခြင်းမရှိပေ။ ငြိမ်း ချမ်းရေးကော်မရှင် တာဝန်ရှိသူ အချို့ထံ ဆက်သွယ်သော်လည်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့်ပတ် သက်၍ အတည်ပြုချက် မရပေ။
မတ်လ ၂၁ ရက်က ကျင်းပ သည့် အစိုးရ၊ တပ်မတော်နှင့် KIO အပါအ၀င် NCA မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့ ဆွေးနွေးပွဲတွင် Bilateral Agreement ဟု ခေါ် ဆိုသော နှစ်ဦးနှစ်ဖက် အပစ်ရပ်စဲ ရေး ဆောင်ရွက်ရန်၊ Bilateral Agreement ရရှိပါက ကချင်ပြည် နယ်ရှိ စစ်ရှောင်ပြည်သူများ နေ ရပ်သို့ လုံခြုံအေးချမ်းစွာ ပြန်နိုင် ရေးကိစ္စများတွင် KIO က ၀ိုင်း ၀န်းဆောင်ရွက်ရန် စီစဉ်ထားမှု ကိုဆွေးနွေးခဲ့ကြောင်း KIO ကိုယ် စားလှယ် ဗိုလ်မှူးကြီး ခွန်နောင် က ပြောသည်။
တပ်မတော်နှင့် KIO/KIA တို့အကြား ၂၀၁၁ ကတစ်ကျော့ပြန် ဖြစ်ပွားသည့် ရှစ်နှစ်ကြာတိုက် ပွဲများကြောင့် ဒေသခံပြည်သူများ စွာ ထိခိုက်နစ်နာရပြီး လက်ရှိ အချိန်ထိ စစ်ရှောင်စခန်း ၁၇၀ ခန့်တွင် လူဦးရေ တစ်သိန်းကျော် စားဝတ်နေရေးခက်ခဲစွာ နေထိုင် နေရဆဲဖြစ်ကြောင်း ကူညီရေး အဖွဲ့ တာဝန်ရှိသူများက ပြော သည်။
==========================
251 /End
ပွင့်လင်းရာသီမကုန်မီ စစ်ရှောင်များ နေရပ်ပြန်နိုင်ရေး စတင်ရန် KIO ဆန္ဒရှိဟု PCG ပြော ဧပြီအတွင်း ဆွေးနွေးပွဲ နှစ်ကြိမ်ပြုလုပ်ရန် အဆ
၂၉ မတ် ၂၀၁၉ - ၁၇:၄၉
News ID: 934997
မိုးတွင်းကာလမရောက် မီ ကချင်ဒေသစစ်ရှောင်များ နေ ရပ်ပြန်နိုင်ရေး လုပ်ငန်းစဉ်များ စတင်နိုင်ရန် ကချင်လက်နက်ကိုင် အဖွဲ့ (KIO) က ဆန္ဒရှိနေပြီး အစိုးရ၊ တပ်မတော်နှင့် ဆွေးနွေး ပွဲကို ဧပြီအတွင်း နှစ်ကြိမ်ပြုလုပ် ရန် အဆိုပြုထားသည်ဟု ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးဆန်းအောင်က ပြော ကြားသည်။