အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံ့အကြီးအကဲများ အကောင်းဆုံးစီစဉ်နေပြီး အချိန် တန်လျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားသည်။
‘‘လူကြီးတွေ အကောင်းဆုံး ဖြစ်အောင် လုပ်နေတယ်။ အချိန် တန်ရင်တော့ ပြည်သူလူထုကို ချ ပြမှာဖြစ်ပါတယ်။ ဘယ်အချိန်ဆို တာတော့ ကျွန်တော်တို့မပြောနိုင် သေးပါဘူး’’ ဟု ယမန်နေ့ကသမ္မတအိမ်တော်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ 7Day Daily ၏ မေးမြန်းမှုအား ဦးဇော်ဌေးက ဖြေကြားသည်။
မြစ်ဆုံသည် တရုတ်နိုင်ငံအ တွက် အရေးကြီးသည့် စီမံကိန်း ဖြစ်ပြီး မြန်မာနိုင်ငံအတွက်လည်း အရေးကြီးသလို လူထုအတွက် လည်း အရေးကြီးကြောင်း ဦးဇော် ဌေးက ဆိုသည်။
မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် ပန္နက်ရိုက်ရန်ရှိသည်ဆိုသော သတင်းများ ထွက်ပေါ်နေခြင်းအပေါ် လုံးဝမဟုတ်ပါကြောင်း ၎င်းကငြင်းဆိုသည်။
မတ်လအတွင်း ပြည်မြို့၌ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က မြစ်ဆုံစီမံ ကိန်းအပါအဝင် ကြီးကျယ်သည့် စီမံကိန်းများကို အစိုးရက တာဝန် သိသိဖြင့် ဆောင်ရွက်မည်ဖြစ် ကြောင်းနှင့် မြစ်ဆုံ အပါအဝင် စီမံကိန်းများနှင့်ပတ်သက်၍ ပြည် သူလူထုက အမြင်ကျယ်ကျယ်ဖြင့် အဘက်ဘက်က စဉ်းစားစေချင် ကြောင်း ပြောကြားသည်။
တပ်မတော်အစိုးရ လက် ထက်တွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအကောင်အထည်ဖော် ရန် သဘောတူစာချုပ်ချုပ်ဆိုပြီး သမ္မတဟောင်း ဦးသိန်းစိန်လက် ထက်တွင် ပြည်သူလူထုက ကန့် ကွက်၍ အဆိုပါစီမံကိန်းကို ၎င်း ၏ သက်တမ်းအတွင်း ရပ်ဆိုင်း ထားခဲ့သည်။
မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းကို အရွယ်အစားနှင့်နေရာ ပြောင်း လုပ်ဆောင်ရန် တရုတ် နိုင်ငံနှင့် ညှိနှိုင်းနေကြောင်း ရင်း နှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက် သွယ်ရေး ဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးသောင်းထွန်းက ပြော ကြားထားဖူးသည်။
မြစ်ဆုံစီမံကိန်းပြဿနာကို မဖြေရှင်းဘဲ အချိန်ဆွဲမည်ဆိုပါက တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံရန် ယုံ ကြည်စိတ်ကို ဆိုးရွားစွာ ထိခိုက် နိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာဟုန် လျန်က ပြောကြားသည်။
==========================
251 /End
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံ့အကြီးအကဲများ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေဟု သမ္မတရုံးပြော အချိန်တန်လျှင် ပြည်သူထံအသိပေ
၃၀ မတ် ၂၀၁၉ - ၁၈:၂၆
News ID: 935110
မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံ့အကြီးအကဲများ အကောင်းဆုံးစီစဉ်နေပြီး အချိန် တန်လျှင် ထုတ်ပြန်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားသည်။