အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ထိုင်းနိုင်ငံဒုဝန်ကြီးချုပ် ပရာဂျင်ဂျန်တွန်းသည် ကမာရွတ် မြို့နယ်လှည်းတန်းဈေးသို့ ယမန် နေ့နံနက်က လာရောက်လည် ပတ်ခဲ့သည်။
ထိုင်းဒုဝန်ကြီးချုပ် ပရာဂျင် ဂျန်တွန်းနှင့် ဇနီးတို့သည် လှည်း တန်းဈေးနှင့် ပေ ၅၀ လမ်းရှိ ဈေး တန်းကို လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။ ဒုဝန်ကြီးချုပ်သည် ဈေးရှိသစ်သီးသည်နှင့် ဟင်းသီး ဟင်းရွက် ဈေးရောင်းချမှုကိုကြည့် ရှုခဲ့သည်။ သို့သော်ဈေးဝယ်ခြင်း မတွေ့ရပေ။
‘‘ဈေးကိုလာလည်မယ်လို့ပဲ သိရတာ။ ဘာကြောင့်လာတယ်၊ ဘာကိစ္စလဲဆိုတာမသိရဘူး’’ ဟု ကမာရွတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောသည်။ ထိုင်းနိုင်ငံဒုဝန်ကြီးချုပ်သည် ဒုဝန်ကြီးချုပ်အပြင် တရားရေးဝန်ကြီးနှင့် တော်ဝင်လေတပ်ချုပ်ရာထူးများကို တာဝန်ယူထားသူဖြစ်သည်။
==========================
251 /End
၃၁ မတ် ၂၀၁၉ - ၁၇:၂၃
News ID: 935201
ထိုင်းနိုင်ငံဒုဝန်ကြီးချုပ် ပရာဂျင်ဂျန်တွန်းသည် ကမာရွတ် မြို့နယ်လှည်းတန်းဈေးသို့ ယမန် နေ့နံနက်က လာရောက်လည် ပတ်ခဲ့သည်။