၁၇ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၅
ဂျာမနီ၏ ရပ်တည်ချက်အပေါ် အီရန်က ပြင်းထန်စွာ ကန့်ကွက် / ဘာလင်သံအမတ်ကို နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်

အီရန်အပေါ် ဂျာမနီအဆင့်မြင့်အရာရှိများ၏ မကြာသေးမီက ပြောကြားခဲ့သည့် ရပ်တည်ချက်များနှင့် တီဟီရန်ရှိ ဂျာမနီသံရုံး၏ ဝင်ရောက်စွက်ဖက်သည့် လုပ်ဆောင်ချက်အချို့ကြောင့် ဂျာမနီသံအမတ်ကို ကြာသပတေးနေ့တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပြီး အီရန်ဘက်မှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း အသိပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန ၏ အစီရင်ခံစာအရ  ဂျာမနီအဆင့်မြင့်အရာရှိများ၏ အီရန်အပေါ် မသင့်လျော်သော ရပ်တည်ချက်များနှင့် တီဟီရန်ရှိ ဂျာမနီသံရုံး၏ ဝင်ရောက်စွက်ဖက်သည့် လုပ်ဆောင်ချက်အချို့ကြောင့် တီဟီရန်ရှိ ဂျာမနီသံအမတ် အက်ဆဲလ် ဝီလ်ဟဲလ်မ် ဒီ့တ်မန်း  ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဆင့်ခေါ်ခဲ့ပါတယ်။

ထိုသို့ ဆင့်ခေါ်ရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အနောက်ဥရောပရေးရာ ညွှန်ကြားရေးမှူးချုပ်အလီရေဇာ ယူစွဖ်ဖီ က ဂျာမနီသံအမတ်အား အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပြင်းထန်သော ကန့်ကွက်ချက်ကို အသိပေးခဲ့ပါတယ်။

အနောက်ဥရောပရေးရာ ညွှန်ကြားရေးမှူးချုပ်က အီရန်နှင့်ပတ်သက်၍ ဂျာမနီဝန်ကြီးချုပ်၏ အထောက်အထားမရှိသော ပြောဆိုချက်များကို ပယ်ချခဲ့ပြီး၊ ဒေသတွင်းအခြေအနေများနှင့် အီရန်နိုင်ငံဆိုင်ရာ ကိစ္စရပ်များတွင် ဂျာမနီ၏ “တရားမဝင်ပြီး ဖျက်ဆီးလိုသော” အပြုအမူအပေါ် အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ၏ ပြင်းထန်သော ကန့်ကွက်ချက်ကို ထပ်မံ အသိပေးခဲ့သည်။ ထိုအပြုအမူများကို ပြုပြင်ရန် လိုအပ်ကြောင်းလည်း အလေးပေးပြောကြားခဲ့ပါတယ်။

ထို့အပြင် ဂျာမနီက အစ္စရေးနိုင်ငံထံ လက်နက်များ ပေးပို့နေခြင်းနှင့် နိုင်ငံရေးအရ ထောက်ခံပေးနေခြင်း ကိုလည်း ထောက်ပြခဲ့ပါတယ်။ အနောက်ဥရောပရေးရာ ညွှန်ကြားရေးမှူးချုပ်က “ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်းရှိ ပြည်သူများသည် ဂျာမနီ၏ အာဏာရပါတီကို ပါလက်စတိုင်းပြည်သူများနှင့် ဒေသတွင်းရှိ အခြားနိုင်ငံများအပေါ် အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုနှင့် အခြားသော ရာဇဝတ်မှုများတွင် ပူးပေါင်းပါဝင်သူအဖြစ် သတ်မှတ်ကြသည်” ဟု ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha