အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ ခရီးသည်အများစုသည် ကားလမ်းခရီးလုံခြုံရေးကို စိုးရိမ်ကာ ရေလမ်းဖြင့်သာ သွားရောက်မှု များပြားနေကြောင်း ယာဉ်လိုင်းတာဝန်ရှိသူအချို့က ပြောသည်။
ရခိုင်ပြည်နယ် မြို့နယ်အများစုမှ ခရီးသည်များသည် ရန်ကုန်-အမ်း-စစ်တွေကားလမ်း နှင့် အမ်း-တောင်ကုတ်ကားလမ်း ဖြင့် သွားလာနေခြင်းဖြစ်ပြီး ယခုအခါ ကားလမ်းဖြင့် သွားလာမှု သိသိသာသာ လျော့ကျနေသည် ဟု ခရီးသည်များက ပြောသည်။
‘‘မြောက်ဦး၊ ကျောက်တော် ဘက်မှာ တိုက်ပွဲတွေကြောင့် အဲဒီ လမ်းကို ဖြတ်သွားရတဲ့ ကားလမ်း ခရီးနဲ့ ဘယ်သူမှ မသွားချင်ပါဘူး။ လုံခြုံရေးစိုးရိမ်မှုကြောင့်ပါ။ အဲဒါ ကြောင့် ရေလမ်းခရီးကိုပဲ အား ထားပြီး သွားနေပါတယ်’’ ဟု တောင်ကုတ်မြို့မှ ခရီးသည်တစ် ဦးက ပြောသည်။
အလားတူ မြောက်ဦးမြို့သို့ သွားလာနေသည့် ခရီးသည်အ များစုသည် ကားလမ်းထက် ရေလမ်းခရီးသာ အသုံးပြုနေကြောင်း မြောက်ဦးမြို့ခံတစ်ဦးက ပြော သည်။
ရခိုင်ပြည်နယ်တွင် ရေလမ်း ခရီးစဉ်များအဖြစ် စစ်တွေ- ကျောက်ဖြူ - ရမ်းဗြဲ - တောင်ကုတ်၊ တောင်ကုတ် - မာန်အောင်၊စစ်တွေ-မြောက်ဦးနှင့် စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်သို့ အမြန်ယာဉ်များ ပြေးဆွဲပေးနေသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ဆန်းပိုင်းက စ၍ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့ တွင် တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့(AA)တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်။
=======================
251 / End
၃ ဧပြီ ၂၀၁၉ - ၁၈:၂၆
News ID: 935556
တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်ရှိ ခရီးသည်အများစုသည် ကားလမ်းခရီးလုံခြုံရေးကို စိုးရိမ်ကာ ရေလမ်းဖြင့်သာ သွားရောက်မှု များပြားနေကြောင်း ယာဉ်လိုင်းတာဝန်ရှိသူအချို့က ပြောသည်။