အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အုပ်ချုပ်ရေးတာဝန်ရှိ သူများ ပြည်သူလူထုနှင့်ဆက်ဆံ ရာတွင် ယဉ်ကျေးစွာ၊ သိက္ခာရှိ စွာပြုမူပြောဆိုရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့တွင် သတိပေးသည်။
မွန်ပြည်နယ်သို့ နှစ်ရက်ကြာ သွားရောက်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဧပြီ ၅ ရက်တွင် သထုံမြို့၌ ဒေသခံပြည် သူများနှင့်တွေ့ဆုံရာ ပြည်သူ တစ်ဦးက အုပ်ချုပ်ရေးတာဝန်ရှိ သူများ၏ ဟိန်းဟောက်ခြင်းခံရ သည့်အဖြစ်အပျက်တစ်ခုကို တင် ပြပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ထည့်သွင်း သတိပေးခြင်းဖြစ်သည်။
‘‘အုပ်ချုပ်ရေးဆိုင်ရာကို ဒီ လိုပြည်သူလူထုနဲ့ စကားပြောတဲ့ အခါ၊ ဆွေးနွေးတဲ့အခါ ယဉ်ယဉ် ကျေးကျေးပြောဖို့တော့ ကျွန်မတို့ က သတိပေးပါမယ်’’ ဟု နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။
ထို့အပြင် လူထုတွေ့ဆုံပွဲ တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ကျူးကျော် ကိစ္စတင်ပြသည့်အထက်ပါပြည် သူကို ‘‘ကျူးကျော်တွေက ပြီးခဲ့တဲ့အစိုးရလုပ်သွားတာထင်တယ်။ ဟုတ်ပါသလား၊ အခုက လူမိုက်ငှားတာပါလားဗျာ’’ ဟု ပြန်လည်မေးခွန်းထုတ်ခဲ့သည်။
ယင်းမေးခွန်းကို ပြည်သူက ‘‘လက်ရှိမှာ ဆရာတို့မရှင်းပေးရင် ဘယ်သူ့ရှင်းခိုင်းရမှာလဲ’’ ဟု တုံ့ ပြန်သည်။
သို့သော် တာဝန်မဲ့စွာ၊ ဥပ ဒေမဲ့ စွာလုပ်ဆောင်ခဲ့သည့်ကိစ္စ ရပ်များကို ကြည့်ရှုနေ၍မဖြစ် ကြောင်းနှင့် ကျူးကျော်များကို လုံးဝလက်မခံကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြား သည်။
အချို့ကျူးကျော်များသည် စီးပွားဖြစ်ကျူးကျော်ခြင်းဖြစ်ပြီး အများပြည်သူ၏ သွားလာရေးကို အနှောင့်အယှက် ဖြစ်စေမည့် ကျူးကျော်မှုများကို ခွင့်မပြုနိုင် ကြောင်း နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ကပြောသည်။
‘‘ဒါပေမဲ့ အရင်တုန်းက လုပ် ပြီးသားကိစ္စတွေကို ဘယ်လိုဖြေ ရှင်းရမလဲဆိုတာ အမှန်ပြောရင် ကျွန်မတို့အခုထိတော့ သေသေ ချာချာအဖြေရသေးတဲ့ ကိစ္စမဟုတ်ပါဘူး’’ ဟု ၎င်းကဆိုသည်။
သထုံမြို့လူထုတွေ့ဆုံပွဲ တွင် ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်တင်ပြလိုသည့် ပြည်သူ များပြားသဖြင့် တင်ပြလိုသူများ ထဲမှ မဲနှိုက်ကာ ရွေးချယ်တင်ပြခွင့် ပြုခဲ့သည်။ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် ဒေသခံလူထုတွေ့ ဆုံပွဲကို သထုံခရိုင်အတွင်း ကျိုက် ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့ နယ်တို့မှ ပြည်သူလူထုနှစ်ထောင် ကျော်တက်ရောက်ခဲ့သည်။
ယမန်နေ့တွင် အများပြည် သူများ၏ တိုင်ကြားစာ ၁၆၉ စောင်လက်ခံရရှိကြောင်း တိုင် ကြားစာလက်ခံရေးဌာနတာဝန်ရှိ သူတစ်ဦးက ပြောသည်။
=======================
251 / End
၆ ဧပြီ ၂၀၁၉ - ၁၉:၂၉
News ID: 935881
အုပ်ချုပ်ရေးတာဝန်ရှိ သူများ ပြည်သူလူထုနှင့်ဆက်ဆံ ရာတွင် ယဉ်ကျေးစွာ၊ သိက္ခာရှိ စွာပြုမူပြောဆိုရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ယမန်နေ့တွင် သတိပေးသည်။