အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရအဖွဲ့ဝင်များ စီး နင်းနေသော ယာဉ်များသည်ကား မစီးနိုင်သည့်ပြည်သူများ၏ ချွေးနှဲ စာများပါဝင်၍ ပြည်သူကို ပြန် လည်အလုပ်အကျွေးပြုရန် မွန် ပြည်နယ်ခရီးစဉ်အတွင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က လမ်းညွှန် ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် အချို့က ပြောသည်။
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဧပြီ ၄ ရက်တွင် မော် လမြိုင်မြို့၌ ပြည်နယ်အစိုးရအ ဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ် စားလှယ်အချို့၏ ဂါရ၀ပြုကန် တော့ခြင်းကို ခံယူပြီးနောက် လမ်းညွှန်ဆုံးမစကားပြောကြား စဉ် ယင်းသို့ထည့်သွင်းပြောကြား သည်ဟု အစိုးရအဖွဲ့ဝင်အချို့က ရှင်းပြသည်။
‘‘ကားကိုစီးတိုင်း စီးတိုင်း ပြည်သူ့ပိုက်ဆံနဲ့ ၀ယ်ထားတဲ့ ပစ္စည်း။ ဒါကြောင့်မို့ ပြည်သူကို ပြန်ပြီး အကျိုးပြုရမယ်။ ဒီလိုမျိုး ပြောတာ’’ ဟု မွန်ပြည်နယ်ပအိုဝ်း တိုင်းရင်းသားလူမျိုးရေးရာဝန် ကြီးဒေါ်စံဝင့်ခိုင်က ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် လွှတ်တော်ကိုယ်စားလှယ် အချို့ အများအကျိုးထမ်းရွက် ရာတွင် ထားရှိရမည့်စိတ်ဓာတ် များကို အဓိကလမ်းညွှန်ပြော ကြားပြီး ပြည်သူအပေါ်အကောင်း မွန်ဆုံးဖြစ်စေရေး အလုပ်အကျွေး ပြုရန် မှာကြားသည်ဟု မွန်ပြည် နယ် ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဦးအောင်မြင့်ခိုင်က ပြောသည်။
‘‘၀န်ကြီးတွေအနေနဲ့ မော် တော်ကားစီးတယ်ဆိုတာ ကိုယ် က လမ်းဖြတ်သွားလို့ ကားမစီးနိုင်တဲ့ပြည်သူတွေရဲ့ ချွေးနှဲစာတွေပါတယ်ဆိုတာ ပြောတဲ့အထဲမှာ ပါပါတယ်’’ ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဂါရ၀ပြုကန်တော့ရာ တွင် ကံသုံးပါးဖြင့်ပြစ်မှားကျူး လွန်မှုရှိပါက ခွင့်လွှတ်ပေးရန် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်အချို့က ထည့်သွင်းပြောကြားစဉ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ၎င်းအပေါ် အပြစ်ကျူးလွန်ပါက ခွင့်လွှတ်နိုင်သော်လည်း နိုင်ငံတော်အပေါ် အပြစ်မကျူးလွန်ရန်နှင့်နေရာမလုရန် လမ်းညွှန် ကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၁၉ နှစ်ဆန်းကစတင်၍ ကချင်၊ ချင်း၊ ရှမ်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ မွန် စသည့်တိုင်းဒေသကြီးနှင့် ပြည် နယ်များသို့ သွားရောက်ကာ လူ ထုတွေ့ဆုံပွဲများပြုလုပ်၍ တိုက် ရိုက်မေးမြန်း၊ ဖြေကြားခြင်းများ လုပ်ဆောင်ခဲ့သည်။
=======================
251 / End
အစိုးရအဖွဲ့ဝင်များ စီးသောကားများသည် ကားမစီးနိုင်သည့် ပြည်သူများ၏ ချွေးနှဲစာများပါဝင်၍ ပြန်အလုပ်အကျွေးပြုရန် ဒေါ်အောင်ဆန်းစုကြည် လ
၇ ဧပြီ ၂၀၁၉ - ၁၈:၄၅
News ID: 935997
အစိုးရအဖွဲ့ဝင်များ စီး နင်းနေသော ယာဉ်များသည်ကား မစီးနိုင်သည့်ပြည်သူများ၏ ချွေးနှဲ စာများပါဝင်၍ ပြည်သူကို ပြန် လည်အလုပ်အကျွေးပြုရန် မွန် ပြည်နယ်ခရီးစဉ်အတွင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က လမ်းညွှန် ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် အချို့က ပြောသည်။