၁၃ ဧပြီ ၂၀၁၉ - ၁၈:၁၄
ဒေါင်း၊ ခြင်္သေ့တို့၏ မကျက်သေးသည့် ဒဏ်ရာ

ပြည်သူ စိတ်ဝင်စားမှု အားနည်းခဲ့သော ရန်ကုန် စည်ပင်ရွေး ကောက်ပွဲက တိတ်ဆိတ်စွာ ပြီး ဆုံးခဲ့သည်။ မျက်နှာသစ်ပြိုင်ပွဲ ၀င်အချို့ကြောင့် လူမှုကွန်ရက် စာမျက်နှာတွင် အနည်းငယ်ပွဲဆူ သည်မှအပ လှုပ်လှုပ်ခတ်ခတ် မရှိလှ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



ပြည်သူ စိတ်ဝင်စားမှု အားနည်းခဲ့သော ရန်ကုန် စည်ပင်ရွေး ကောက်ပွဲက တိတ်ဆိတ်စွာ ပြီး ဆုံးခဲ့သည်။ မျက်နှာသစ်ပြိုင်ပွဲ ၀င်အချို့ကြောင့် လူမှုကွန်ရက် စာမျက်နှာတွင် အနည်းငယ်ပွဲဆူ သည်မှအပ လှုပ်လှုပ်ခတ်ခတ် မရှိလှ။

မဲပေးခွင့်ရှိသူ ၁၄ ရာခိုင်နှုန်း ကျော်သာ မဲပေးသည်အထိ စည် ပင်ရွေးကောက်ပွဲအပေါ် ရန်ကုန် လူထုက ခပ်ချေချေနေပြခဲ့သည်။ သို့သော် လက်ရှိအာဏာရဒီချုပ် ပါတီနှင့် အဓိကအင်အားကြီးအ တိုက်အခံ ပြည်ခိုင်ဖြိုးတို့အတွက် မူ ယူလျှင်ရနိုင်မည့်သင်ခန်းစာအ ချို့ ချန်ထားရစ်ခဲ့သည်။

ရွေးချယ်မှု

အာဏာရ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်အဖို့ စည်ပင်ရွေး ကောက်ပွဲသည် ပြဿနာအ ဟောင်းများ ပြန်လည်ပေါ်ပေါက် လာနေသေးသည်ကို ထင်သာမြင်သာဖြစ်ခဲ့၏။ ကိုယ်စားလှယ် လောင်းရွေးချယ်ခြင်းဆိုင်ရာ ပါ တီတွင်း အငြင်းပွားမှုဆိုသည်မှာ ဒီချုပ်ပါတီအတွက် ပြဿနာအ သစ်အဆန်းမဟုတ်။

ဦးကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်များ၊ ဒေါက်တာညိုညို သင်းကဲ့သို့သော လူကြိုက်များ သူတို့ကို ၂၀၁၅ အထွေထွေရွေး ကောက်ပွဲတွင် ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ်ရန် ငြင်း ဆန်ခဲ့ခြင်းကြောင့် ဒီချုပ်သည် ပါတီတွင်း၊ ပါတီပြင်ပဝေဖန်မှုများနှင့် ရင်ဆိုင်ရဖူးသည်။

 ထို့အတူ ကိုယ်စားလှယ် လောင်းရွေးချယ်ရာတွင် အောက် ခြေပါတီအဆင့်ဆင့်၏ သဘော ထားနှင့် ဆန့်ကျင်ဆောင်ရွက်မှု အချို့ကြောင့် ပါတီခေါင်းဆောင် များအပေါ် ဝေဖန်မှု၊ ဆန္ဒပြမှုအ ချို့နှင့် ပါတီမှထုတ်ပယ်ခံရခြင်း၊ နုတ်ထွက်သွားခြင်း စသည့်ဖြစ် စဉ်များ ပေါ်ပေါက်ဖူးသည်။

၂၀၁၅ နောက်ပိုင်း ကျင်းပ သော ကြားဖြတ်ရွေးကောက်ပွဲ နှစ်ကြိမ်တွင် ယင်းဖြစ်စဉ်များ တိမ်မြုပ်နေသော်လည်း မကြာ သေးမီက ကျင်းပသည့် ရန်ကုန် စည်ပင်ရွေးကောက်ပွဲ၌ လူသိရှင် ကြား အငြင်းပွားမှုဖြစ်စဉ်အချို့ ပြန်လည်ပေါ်ပေါက်လာသည်။

အင်းစိန်မြို့နယ်မှ ပါတီဝင် ၃၀ ခန့် နုတ်ထွက်ရန် စီစဉ်ခြင်းနှင့် လူငယ်ပညာတတ်တစ်ဦးဟု လူ သိများပြီး တစ်သီးပုဂ္ဂလအဖြစ် ရန်ကုန် စည်ပင်မြို့တော်ကော်မ တီဝင်လောင်းနေရာ ၀င်ပြိုင်ခဲ့ သည့် ကိုအောင်ခန့်ကို ပါတီမှ ထုတ်ပယ်ခြင်းတို့က အငြင်းပွားမှုများကို ပါတီပြင်ပအထိရောက် လာစေသည်။

မဲဆန္ဒနယ်သတ်မှတ်ချက်အ ရ စည်ပင်ရွေးကောက်ပွဲတွင် ဒီ ချုပ်သည် အင်းစိန်မြို့နယ်မှ သုံး နေရာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြို့နယ်စည်ပင်သာယာရေးကော် မတီဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)နှင့် (၂)တို့ဖြစ်သည်။ အဖွဲ့ဝင်(၁)နှင့် (၂) နေရာများအတွက် ပါတီကိုယ်စား ပြု ကိုယ်စားလှယ်လောင်းရွေး ချယ်ရာ တစ်ဦးစီသာရှိ၍ လွယ်ကူ စွာအဆင်ပြေသော်လည်းမြို့နယ် စည်ပင်ဥက္ကဋ္ဌနေရာမှ ၀င်ရောက် ယှဉ်ပြိုင်လိုသူက နှစ်ဦးဖြစ်နေသည်။ ထို့ကြောင့် ဒီချုပ်မြို့နယ်ပါတီအတွင်း မဲခွဲဆုံးဖြတ်ရွေးချယ် ရသည်။ သည်အထိ အဆင်ပြေ သည်။ ဆန္ဒမဲအများစုဖြင့် အနိုင်ရ သူကို ကိုယ်စားလှယ်လောင်းအ ဖြစ် အတည်ပြုရုံသာ။ ထွက်ပေါ် လာသော ကိုယ်စားလှယ်လောင်း သုံးဦးအမည်စာရင်းကို အတည် ပြုနိုင်ရန် ပါတီအထက်အဆင့် ဆင့်သို့ ဆက်လက်ပေးပို့သည့်အ ခါ ပြဿနာကစပါသည်။ မြို့နယ် ပါတီကရွေးချယ်ထားသော ကိုယ် စားလှယ်လောင်းစာရင်းကို ရန် ကုန်တိုင်းဒီချုပ်ပါတီက ပြင်ဆင် ခြင်းကြောင့်ဖြစ်သည်။ ဥက္ကဋ္ဌနေ ရာအတွက်ပြိုင်မည့် ကိုယ်စား လှယ်လောင်းက မူလရွေးချယ် ထားသူပင်ဖြစ်သော်လည်း အဖွဲ့ ၀င် နှစ်နေရာအတွက် ကိုယ်စား လှယ်လောင်းက ပြောင်းသွား သည်။

အဖွဲ့ဝင်(၁)နေရာမှ ယှဉ် ပြိုင်ရန် မြို့နယ်၌ ရွေးချယ်ခံထား ရသူက အဖွဲ့ဝင်(၂)အတွက် ကိုယ်စားလှယ်လောင်း ဖြစ်လာ သည်။ မြို့နယ်ဥက္ကဋ္ဌနေရာအ တွက် ပါတီတွင်းကိုယ်စားလှယ် လောင်းရွေးချယ်ပွဲတွင် ရှုံးနိမ့်ခဲ့သူ က အဖွဲ့ဝင်(၁) ကိုယ်စားလှယ် လောင်းအဖြစ် ပြန်လည်ပါဝင် လာကာ တိုင်းဒီချုပ်က မြို့နယ်မှ မူလရွေးချယ်ခံထားရသူ တစ်ဦး ကို ဖြုတ်ချခဲ့သည်။

သို့ဖြင့် အင်းစိန်မြို့နယ် စည်ပင်ကော်မတီ အဖွဲ့ဝင်(၂) ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံထားရသော ဦးကျော်ခိုင်တစ်ယောက် တိုင်းနှင့်ဗဟိုအဆင့်ပါတီ တာဝန်ရှိသူများ၏ အတည်ပြု ချက်မရခြင်းကြောင့် ရွေးကောက် ပွဲဝင်ခွင့်ပင် မရတော့။

 ထို့ကြောင့် စည်ပင်ရွေး ကောက်ပွဲယှဉ်ပြိုင်မည်ဟု ဆုံး ဖြတ်ထားသော ဦးကျော်ခိုင်သည် ပါတီက ထုတ်ပြန်ထားသည့်ညွှန် ကြားချက်အတိုင်း ပါတီဝင်အဖြစ် မှ နုတ်ထွက်ရတော့သည်။ ပါတီ ၏ အတည်ပြုချက်မရဘဲ စည်ပင် ရွေးကောက်ပွဲ ၀င်ပြိုင်လိုပါက ပါတီဝင်အဖြစ်မှ နုတ်ထွက်ရန် ဒီချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ညွှန်ကြားထားခြင်း ကြောင့်ပင်။

အဆိုပါဖြစ်စဉ်အပေါ် ကျေ နပ်မှုမရှိသောကြောင့် အင်းစိန်မြို့ နယ် ဒီချုပ်ပါတီဝင် ၂၆ ဦးက ပါတီမှ နုတ်ထွက်ရန် စီစဉ်သော် လည်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်နှင့် တွေ့ဆုံပြီးနောက် နုတ်ထွက်မည့် အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။

ရွေးကောက်ပွဲများအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ် မှုနှင့်ပတ်သက်၍ အောက်ခြေပါ တီဝင်များနှင့် ထိပ်ပိုင်းတာဝန်ရှိ သူများ သဘောထားကွဲလွဲခြင်း ကြောင့် ရေရှည်တွင် ပါတီတွင်း စည်းလုံးမှု ထိခိုက်နိုင်ကြောင်း ပါတီဝင်များအကြား ထောက်ပြမှုများရှိသည်။

ကိုယ်စားလှယ်လောင်း ရွေး ချယ်မှုကို မှန်ကန်မျှတစွာဆောင် ရွက်နိုင်ခြင်းမရှိမှုကြောင့် ပါတီ၊ လွှတ်တော်နှင့် အစိုးရကြား၊ အ ချင်းချင်းကြား ညီညွတ်မှုအား နည်းသည့်အခြေအနေကို တွေ့ရ သည်ဟု ဧပြီ ၁ ရက်ထုတ်အာဏာ ရ ဒီချုပ်ပါတီ၏ ဒီလှိုင်းဂျာနယ် အယ်ဒီတာ့အာဘော် ကဏ္ဍတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရေးလေ့လာသူ ဦးသီဟသွေးက ဒီချုပ်ပါတီခေါင်း ဆောင်များအနေဖြင့် ကိုယ်စား လှယ်လောင်း ရွေးချယ်ရေးဆိုင် ရာမူဝါဒများကို အောက်ခြေပါတီ ၀င်များ ကျေလည်စွာ သိရှိနား လည်စေရန် ဆောင်ရွက်သင့် ကြောင်း အကြံပြုသည်။

ပုံရိပ်

ပါတီထိပ်ပိုင်းနှင့် အောက် ခြေအမြင် ကွဲပြားသည့်ပြဿနာ သည် အာဏာရပါတီတွင်သာမ က အဓိကအတိုက်အခံ ပြည်ခိုင် ဖြိုးပါတီ၌လည်း ရှိနေသည်။ ပြည်ခိုင်ဖြိုး ထိပ်ပိုင်းတာဝန်ရှိသူ များက စည်ပင်ရွေးကောက်ပွဲဝင် ပြိုင်သောကိုယ်စားလှယ်များအား ပါတီအမှတ်တံဆိပ် အသုံးပြုခွင့် မပေးပေ။

ထို့ကြောင့် ပြည်ခိုင်ဖြိုးပါတီ ၀င်ကိုယ်စားလှယ်လောင်းအများ စုကို မဲဆန္ဒရှင်များက တစ်သီး ပုဂ္ဂလကိုယ်စားလှယ်များဟုသာ ထင်မှတ်ခဲ့သည့် အခြေအနေများ လည်းရှိသည်။ စည်ပင်ရွေး ကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက်တွင် ပြည်ခိုင်ဖြိုး ပါတီဝင် ၂၃ ဦး ယှဉ်ပြိုင်ကြောင်း ဖော်ပြထားပြီး ပါတီက ၈၂ ဦး ယှဉ်ပြိုင်သည်ဟုဆိုသည်။

ထိုသို့ကွဲလွဲနေမှုကပင် ပြည် ခိုင်ဖြိုးပါတီဝင် ကိုယ်စားလှယ် လောင်းများကို လူအများ သတိ မပြုမိခဲ့ကြောင်း သက်သေဖြစ် သည်။ ပါတီအမှတ်တံဆိပ်ကို အသုံးပြု၍ ယှဉ်ပြိုင်ခွင့်ရရန် ဆန္ဒ ရှိသော်လည်း ပါတီတာဝန်ရှိသူ များက အသုံးပြုခွင့်မပေးခဲ့ဟု ပြည်ခိုင်ဖြိုးပါတီဝင် အချို့က ပြောသည်။

 ‘‘နောက်ပိုင်းအကြောင်း ကြောင်းလေးတွေရှိနိုင်တယ်တဲ့ ဒီ လိုပဲပြောတယ်။ ပါတီကိုယ်စားပြု ပြိုင်တာဖြစ်တဲ့အတွက် ပါတီလိုဂို သိပ်ထည့်ချင်တာ။ စိတ်ထဲ မကောင်းဘူးပေါ့လေ’’ဟု မြို့နယ်စည်ပင်အဖွဲ့ဝင်နေရာ ယှဉ်ပြိုင်သူ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ဆိုသည်။

 ထို့အပြင် ရွေးကောက်ပွဲ ရလဒ်အပေါ် ရှုမြင်မှုတွင်လည်း အောက်ခြေနှင့် ထိပ်ပိုင်းတာဝန်ရှိ သူများအကြား အမြင်တူညီမှုမရှိ ပေ။ စည်ပင်ရွေးကောက်ပွဲရလဒ် သည် ပါတီကို ထိခိုက်စေမည် မဟုတ်ဟု ပြည်ခိုင်ဖြိုးပြောရေး ဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ဆို သည်။

‘‘ဒီဟာက ရှုံးတာ၊ နိုင်တာက တို့ပါတီမခံရပါဘူး။ ပြည်သူပဲခံရ မှာပါ’’ဟု ၎င်းကပြောသည်။ ထို့ အပြင် ပြည်သူများ မဲပေးမှုအား နည်းခြင်းကြောင့် အနိုင်၊ အရှုံး ရလဒ်အပေါ် သုံးသပ်ရန် ခက်ခဲ ကြောင်း ပြည်ခိုင်ဖြိုးပါတီတာဝန် ရှိသူများက သုံးသပ်သော်လည်း ပါတီ အောက်ခြေအဆင့်ကမူ ပါတီတွင်း အားနည်းချက်များ ကြောင့်ဟုဆိုသည်။

ရပ်ကျေး၊ မြို့နယ် စသည့် အောက်ခြေပါတီအဆင့်တွင် ခိုင် မာစွာ တည်ဆောက်နိုင်ခြင်းမရှိ ဘဲ အားနည်းချက်များရှိနေသည် ကို ၂၀၂၀ မတိုင်မီ ပြင်ဆင်ရန်လို အပ်ကြောင်း အင်းစိန်မြို့နယ် စည်ပင်ကော်မတီအဖွဲ့ဝင် (၁) နေရာမှ ယှဉ်ပြိုင်သူ ဦးဝင်းဗိုလ်  ကပြောသည်။

‘‘အဓိကအချက်က ကိုယ့် ကိုယ်ကိုယ် အင်အားပြည့်အောင် ဖြည့်တင်းဖို့လိုတယ်။ ပါတီကို ကျစ်လျစ်ခိုင်မာအောင် တည် ဆောက်ဖို့ အဓိကကျတယ်။ အခု မြို့နယ်နဲ့ ကြည့်လိုက်ရင် တည် ဆောက်ထားတာမရှိဘူး။ အား နည်းလွန်းတယ်။ အမာခံမရှိဘူး’’ ဟု ၎င်းကပြောသည်။

ရန်ကုန်စည်ပင်ရွေးကောက် ပွဲရလဒ်အပေါ် အားကိုးအားထား ပြု၍ ၂၀၂၀ အထွေထွေ ရွေး ကောက်ပွဲအတွက် စဉ်းစားလျှင် မှားမည်ဟု ဆိုနိုင်သော်လည်း ‘‘ပြည်ခိုင်ဖြိုးရော၊ ဒီချုပ်ရော နိုင်ငံရေးနဲ့ ပတ်သက်ရင် ဒီထက်ပိုပြီးမြင့်မြင့်မားမား တွေးခေါ်စဉ်း စားနိုင်သင့်တယ်’’ဟု ဦးသီဟ သွေးကသုံးသပ်သည်။

=======================
251 / End