အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂၀၁၉ဧပြီ ၁ ရက်က စတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီအီးအိုရာထူးကို ဂျပန်နိုင်ငံသား DrNoboruEdagawa က တာဝန်ယူပြီဖြစ်သည်။ သူသည် ၂၀၁၇ တွင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ စတင်ရောက်ရှိလာပြီးစီအီးအို ဟောင်း Mr.ToshitakeAmamiya နှင့်လက်တွဲ၍ နည်းပညာဌာနအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။ တယ်လီကွန်းဈေးကွက်၌လက်ဦးမှုရရှိထားသည့်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် ဂျပန်ရင်းနှီး မြှုပ်နှံမှုနှင့်အတူ အကျိုးတူပူးပေါင်း လုပ်ကိုင်နေခြင်းဖြစ်သည်။7Day News ဂျာနယ်သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီအီးအိုအသစ် Dr Noboru Edagawa နှင့်သီးသန့်တွေ့ဆုံ၍ အော်ပရေတာတစ်ခု၏ လုပ်ငန်းလည်ပတ်မှုနှင့် ပတ်သက်ဆက်နွှယ်သည်များကို မေးမြန်းဖော်ပြလိုက်ပါသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ MPT Money ဆိုတဲ့မိုဘိုင်းအခြေပြု ငွေကြေးဝန်ဆောင်မှု လုပ်ငန်းမှာ ငွေကြေးဘယ်လောက် ရင်းနှီးမြှုပ်နှံသွားမလဲ။ ပူးပေါင်းမယ့် ဘဏ်အမည်တွေနဲ့ တခြား အသေးစိတ်အချက်အ လက်တွေ သိချင်ပါတယ်။
MPT Money က မတ်လ ၁ ရက်ကစပြီး စမ်းသပ်မိတ်ဆက် ထားတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ အစိုးရဆီကနေ တရားဝင်လိုင်စင်ရတဲ့အချိန်ရောက်ရင် မိတ်ဆက်ပါမယ်။ အဲဒီအချိန်ကျရင် အသေးစိတ် အချက်အလက်ကို ပြောပါမယ်။ ဘဏ်အနေနဲ့ကတော့ မြန်မာနိုင်ငံက ဘဏ်တွေပူးပေါင်း ပြီး ဆောင်ရွက်ဖို့ ရှိပါတယ်။အထူးသဖြင့် သုံးစွဲသူတွေ ပိုပြီးအဆင်ပြေ လွယ်ကူစေဖို့ ရည်ရွယ်ပြီး လုပ်ဆောင်သွားမှာပါ။
ဒါဆို အခု MPT Money အတွက် လိုင်စင်မရသေးဘူးလို့ ဆိုလိုချင်တာများလား။
စမ်းသပ်မိတ်ဆက်ဖို့ အတွက် ခွင့်ပြုချက်ရထားပါတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ကော်ပိုရေးရှင်းပြောင်းဖို့ လုပ်နေတာ ဘယ်အခြေအနေ ရောက်နေပြီလဲ။ ပြောင်းပြီးသွားရင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဘယ် လိုအကျိုးကျေးဇူးတွေ ရရှိလာမလဲ။
ကော်ပိုရေးရှင်း ပြောင်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး လောလောဆယ် အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီးသွားပြီ။ အခုဘယ်မှာ စောင့်နေလဲဆိုတော့ ပြည်သူ့လွှတ်တော်မှာ ဆုံးဖြတ်ချက်စောင့်နေပါတယ်။ ဒါတွေအတည် ဖြစ်သွားရင်တော့ ပြီးပါပြီ။ စဖို့အဆင်သင့်ဖြစ်ပြီ။ ကော်ပိုရေးရှင်း ဖြစ်သွားရင် ပိုအားကောင်းပြီးတော့ လုပ်ငန်းတွေ ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ၀န်ထမ်းတွေ လေ့ကျင့်ရေးကအစ ပိုပြီးတော့ အကျိုးအမြတ်ကောင်းတွေ ရလာနိုင်မယ်။ နောက်ဆုံးအနေနဲ့ ပြည်သူလူထုအတွက် ၀န်ဆောင်မှု ကောင်းကောင်း ပေးနိုင်မှာပေါ့။
နယ်စပ်ဒေသ ဈေးကွက်နဲ့ ပတ်သက်ပြီး သိချင်ပါတယ်။ ပြည်ပအော်ပရေတာတွေရဲ့ ဖုန်းလိုင်းတွေကို နယ်စပ်ဒေ သတွေမှာ သုံးနေကြတယ်။ ပြည်တွင်း အော်ပရေတာတွေက နယ်စပ်မှာရှိတဲ့ ဈေးကွက်ထဲကို ၀င်နိုင်တာ မတွေ့ရ ဘူး။ ပြည်တွင်း အော်ပရေတာတွေက အဲဒီဈေးကွက်ကို ဘာလို့အပြည့်အ၀ မထိုးဖောက်နိုင် တာလဲ။
နယ်စပ်ဒေသတွေမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကွန်ရက်လွှမ်းခြုံ နှောင့်ယှက်မှုတွေ ရှိတယ်။ မြန်မာအစိုးရနဲ့ ပြည်ပအော်ပရေတာ တွေအကြား နယ်စပ်ဒေသ ကွန် ရက်တွေ ပိုမိုကောင်းမွန်ဖို့နဲ့ ပတ် သက်ပြီး ဆွေးနွေးနေတာတွေ ရှိတယ်။
အစိုးရက ကွန်ရက်လွှမ်းခြုံနှောင့်ယှက်မှုတွေကို ဆွေးနွေးဖြေရှင်းပေးနိုင်မှ အော်ပရေတာတွေ အနေနဲ့ နယ်စပ်ဈေးကွက်ကို အပြည့်အ၀ လွှမ်းမိုးနိုင်မယ်လို့ ပြောချင်တာလား။
မြန်မာအစိုးရရယ်၊ ပြည်ပအစိုးရယ်၊ အော်ပရေတာတွေရယ် ပူးပေါင်းပြီး ညှိနှိုင်းမှုတွေ လုပ်နေတယ်။ အဲဒီအပေါ်မှာ မှုတည်ပြီးတော့ပဲ ဒါတွေက တိုးတက်အောင် ဆောင်ရွက်လို့ရတယ်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အစိုးရပိုင် စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တော့ တခြားအော်ပရေ တာတွေထက် အခွင့်အရေး ပိုရတာများ ရှိလား။ ဥပမာ သူများတာဝါစိုက်ဖို့ ခက်ခဲတဲ့နေရာမှာ လွယ်ကူနေတာမျိုး။
နိုင်ငံတော်အစိုးရ သက်မှတ်ထားတဲ့ ဥပဒေတွေနဲ့အညီ တကယ်ကို အလေးထား လိုက်နာရပါတယ်။ နိုင်ငံပိုင်လုပ်ငန်းလည်း ဖြစ်တာကြောင့် ဒီလိုဥပဒေတွေကို ပိုပြီးအသေးစိတ် တိတိကျကျ လိုက်နာမှကိုရတာ ဖြစ်ပါတယ်။ကျန်တဲ့လူတွေနဲ့ ယှဉ်ပြီးအထူး အခွင့်အရေး ရတယ်ဆိုတာ မရှိ ပါဘူး။
ပညာရှင်တွေက ၂၀၂၀ ကျော်ရင် အော်ပရေတာလေးခု ထဲမှာတစ်ခု စီးပွားရေးဆက်လက်ရပ်တည်ဖို့တောင်ခက်ခဲသွားနိုင်လို့ ပြောကြတာရှိတယ်။ တယ်လီကွန်း ဈေးကွက်ပြိုင်ဆိုင်မှု အပေါ်မှာ ဘယ်လိုမြင်လဲ။
ဈေးကွက်အနေအထားအရ ပြောရမယ်ဆိုရင် လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာ ၀င်လာတဲ့နောက်ပိုင်းမှာ ပြိုင်ဆိုင်မှုက တကယ်ကိုပြင်းထန်ပြီး အခက်အခဲ အကျပ်အတည်းတွေ ရှိတယ်။ သုံးစွဲသူတွေအတွက် တော့ အကောင်းဆုံး ကြိုးစား ဆောင်ရွက်သွားမှာပါ။
အော်ပရေတာတွေ ယှဉ်ပြိုင်နေတဲ့ ဈေးနှုန်းကို လေ့လာရင် တန်းညီနေတယ်လို့ ပြောလို့ရတယ်။ သုံးသပ်သူတွေ ကတော့ အော်ပရေတာတွေရဲ့ ၀န်ဆောင်မှုဈေး နှုန်းဟာ လူတစ်ချင်းစီရဲ့ ပျမ်းမျှဝင်ငွေနဲ့တွက်ရင် များသေးတယ် လို့ ဆိုတယ်။ ၀င်ငွေရဲ့ ရာခိုင်နှုန်းဘယ်လောက်ကို တယ်လီကွန်းအ တွက် သုံးရင်အကောင်းဆုံး ဖြစ် မလဲ။
ကမ္ဘာအနှံ့ စစ်တမ်းတွေအ ရ မြန်မာနိုင်ငံက ဈေးနှုန်းတွေက နိမ့်နေတယ်။ အာဆီယံနိုင်ငံတွေထဲမှာလည်း မြန်မာနိုင်ငံက ဈေးနှုန်းက နည်းနေတယ်။ မြန်မာကဈေးနှုန်းက ကြီးတယ်လို့ မထင်ဘူး။ စားသုံးသူတွေရဲ့ တုံ့ပြန်မှုကိုလည်း လေးစားပါတယ်။ ဒါကလည်း စီးပွားရေး သက်ရောက်မှု ရှိတယ်ဆိုတာလည်း နားလည် ပါတယ်။
စစ်တမ်းတွေအရ မြန်မာနိုင်ငံက ဈေးနှုန်းတွေက နည်းတယ်ဆိုတာ လက်ခံပါတယ်။ တခြားနိုင်ငံတွေက သူတို့ရဲ့ ၀င်ငွေနဲ့တွက်ရင် နည်းပြီး မြန်မာနိုင်ငံမှာ လူတစ်ယောက်ရဲ့ ၀င်ငွေနဲ့တွက်ရင်ရာခိုင်နှုန်းများနေတယ်။ ဒါကို ကြည့်ပြီး ဈေးကြီးတယ်လို့ ပြောရင်ကောရလား။
မြန်မာ့ဆက်သွယ်ရေးက ပေးနေတဲ့ ၀န်ဆောင်မှုတွေထဲမှာ ဈေးနှုန်းတွေအမျိုးမျိုး ရှိတယ်။ ဥပမာ စကားပြောဖို့အတွက် တစ်မျိုး၊ Package တွေ ၀ယ်မယ်ဆိုရင်တစ်မျိုး။ ဒါတွေအပေါ်မှာ မူတည်ပြီးတော့ သုံးစွဲသူတွေအ နေနဲ့ အဆင်ပြေစေမယ့်ဟာ ရွေးချယ်သုံးဖို့ ပေးထားရှိတယ်။ နောက်ပိုင်းမှာ သုံးစွဲမယ့် ပမာဏနဲ့ ပေးရတဲ့ပိုက်ဆံနဲ့ တန်စေမယ့် ၀န်ဆောင်မှုမျိုးတွေကို အဓိကထားဆောင်ရွက်ဖို့ ရှိတယ်။ လူတွေအနေနဲ့ ပေးရတာ တန်တယ် ဆိုတာမျိုး။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အစိုးရကအသုံးပြုသူ အချက်အလက်ထုတ်ပေးဖို့ တောင်းဆိုတာနဲ့ပတ်သက်ပြီး ထုတ်ပြန်တာ မရှိဘူး။ ဒီနေ့အထိ အရေအတွက်ဘယ်လောက် တောင်းပြီးတော့ အရေအတွက်ဘယ်လောက်ရဲ့ အချက်အလက်ကို ထုတ်ပေးခဲ့တယ်ဆိုတာ ပြောပြနိုင်မ လား။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ နိုင်ငံပိုင် အဖွဲ့အစည်းလည်း ဖြစ်တယ်။ အစိုးရချမှတ်ထားတဲ့ ဥပဒေတွေအတိုင်းကို အတိအကျ လိုက်နာဆောင်ရွက် နေတာ ဖြစ်တယ်။ အသုံးပြုသူကိုယ်ရေး အချက်အလက်နဲ့ ပတ်သက်ပြီး တင်းတင်းကျပ်ကျပ် သိမ်းဆည်းထားတာ ရှိပါတယ်။
အသုံးပြုသူ အချက်အလက်ထုတ်ပေးခဲ့တဲ့ အရေအတွက်ကို သိလို့ မရဘူးလား။
ဖြေလို့မရပါဘူး။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထဲကို ဂျပန်ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ကန်ဒေါ်လာ နှစ်ဘီလီယံထည့်ဝင်မယ်လို့ ပြောထားတာ ရှိတယ်။ အခုထည့်ဝင်ထားတဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏက ဘယ်လောက်အထိ ရောက်နေပြီလဲ။ အမြတ်အစွန်း ကော ရနေပြီလား။
ပမာဏ အတိအကျကို ထုတ်ပြောလို့ မရဘူး။ နိုင်ငံတော်အစိုးရနဲ့ လိုအပ်တဲ့ ရင်းနှီးမြှုပ်တစ်ခုအတွက် ထပ်ပြီးဆွေးနွေးနေတာ ရှိတယ်။ သေချာတာကတော့ မြန်မာက အသုံးပြုသူတွေအတွက် ပိုပြီးကောင်းမွန်တဲ့ အခြေခံ အဆောက်အအုံတွေကို ဆက်လက် ရင်းနှီးမြှုပ်နှံသွားမှာပါ။
စီအီးအိုအသစ် တစ်ယောက်အနေနဲ့ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးချင်လဲ။
လွန်ခဲ့တဲ့ ငါးနှစ်ကစပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ခဲ့တယ်။ အဓိက အနေနဲ့ ကွန်ရက်ချဲ့ထွင်မှုတွေ လုပ်ဆောင်ခဲ့တယ်။ ပြီးတော့ 4G စတဲ့ ကွန်ရက်အသစ်တွေကိုလည်း မိတ်ဆက်နိုင်ခဲ့ တယ်။ နောက်ထပ်အဆင့်အနေနဲ့ အသုံးပြုသူတွေရဲ့ အတွေ့အကြုံကောင်းတွေကို ပိုပြီးတော့ တိုးတက်အောင် လုပ်ဆောင်သွား မယ်။ နောက်တစ်ခုက ကွန်ရက်တိုးချဲ့ဖို့၊ အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်သွားမယ်။
=======================
251 / End
MPT စီအီးအို Dr Noboru Edagawa နှင့် တွေ့ဆုံခြင်း ‘‘လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာ ၀င်လာတဲ့နောက်ပိုင်းမှာ ပြိုင်ဆိုင်မှုက တကယ်ကု
၁၄ ဧပြီ ၂၀၁၉ - ၁၈:၃၂
News ID: 936919
၂၀၁၉ဧပြီ ၁ ရက်က စတင်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စီအီးအိုရာထူးကို ဂျပန်နိုင်ငံသား DrNoboruEdagawa က တာဝန်ယူပြီဖြစ်သည်။ သူသည် ၂၀၁၇ တွင်မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ စတင်ရောက်ရှိလာပြီးစီအီးအို ဟောင်း Mr.ToshitakeAmamiya နှင့်လက်တွဲ၍ နည်းပညာဌာနအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သည်။