၁၆ ဧပြီ ၂၀၁၉ - ၁၈:၀၂
‘၀’ ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်ပွဲတက်ရန် အစိုးရကိုယ်စားလှယ်အဖွဲ့ ရောက်ရှိလာ

‘၀’ အထူးဒေသ(၂) ပန်ဆန်းမြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ရောက်ရှိနေပြီဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

‘၀’ အထူးဒေသ(၂) ပန်ဆန်းမြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့် အခမ်းအနားကို တက်ရောက်ဖို့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါ ရောက်ရှိနေပြီဖြစ်ပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့မှာ အလုပ်သမားနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ ခေါင်းဆောင်ပြီးတက်ရောက်လာပြီး အဲ့ဒီအဖွဲ့ထဲမှာ ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးတို့လည်း လိုက်ပါလာပါတယ်။

ဧပြီ ၁၇ ရက် မနက်ဖန်  ကျင်းပမယ့် ငြိမ်းချမ်းရေးနှစ်(၃၀)ပြည့်အခမ်းအနားကို ၀လက်နက်ကိုင် စစ်သည်အင်အား ၇၆၀၀နဲ့  အရပ်သား ၈၇၀၀ ၀န်းကျင် ချီတက် စစ်ရေးပြကြမှာပါ။

ဒါ့အပြင် ပြည်တွင်း ပြည်ပက သတင်းမီဒီယာသမားတွေ ၁၀၀ လောက်နဲ့ တခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော် ၃၇၀၀ ကျော်တက်ရောက်မယ်လို့  သိရပါတယ်။

အခမ်းအနားကို လာရောက်ကြတဲ့ သောင်းနဲ့ချီတဲ့ လူတွေကို နေ့စဉ် နေ့လည်စာ၊  ညစာတွေနဲ့ တည်ခင်း ဧည့်ခံကျွေးမွေးနေကြပါတယ်။

=======================
251 / End