အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သာယာကုန်း၊ မကျည်ကုန်းနဲ့ ငွေတောင် ကျေးရွောတွေမှာ နွေရာသီ ရေရှားပါးတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံတွေ့နေကြ ပါတယ်။
သာယာကုန်းရွာနေ ဒေါ်ဦးစိန်နုက “ကျမတို့ရွာမှာ ရေတွင်းလေးခုက ရေကို တရွာလုံးက နေ့ပါ ညပါ ရေထွက်ချိန်ကို စောင့်ပြီး ရေခတ်နေရတာပါ။ ရေတွင်းတွေ တူးမရပါ၊ မြေအောက်မှာ ကျောက်ထပ်ရှိတယ်” လို့ ပြောပါတယ်။
“နွေရာသီရောက်ရင် ရေနဲ့ ဒုက္ခအလွန်ရောက်ပါတယ်။ ရေတွင်းတွေ များစွာတူးကြပါတယ်၊ ရေကမထွက်ပါ ရေထွက်တဲ့ တွင်းတတွင်းက ရွာလုံးကျွတ်ကို မလုံလောက်ပါ။ တအိမ်ကို ရေတဘူးရဖို့မလွယ်ဘူး။ အဝေးက သွားပြီး ရေ၀ယ်ယူသုံးစွဲးနေရပါတယ်” လို့ သာယာကုန်းကျေးရွာနေ ဒေါ်မရီက ပြောပါတယ်။
ရွာလူကြီး ဦးအောင်ကျော်စိန်က “သောက်ရေ သုံးရေ အလွန်အခက်အခဲဖြစ်နေပါတယ်။ ပြည်သူလွှတ်တော်အမတ် လှထွန်းကိုတော့ တင်ပြတာရှိပါတယ်၊ ကြာပါပြီ။ ဘာမှ ပြန်အကြောင်းမကြားပါဘူး” လို့ ပြောပါတယ်။
နွေရာသီ ရေရှားပါတဲ့ ကျေးရွာတွေကို မောင်တောခရိုင်မီးသတ်တပ်ဖွဲ့က ရေသည်ကားတွေနဲ့ သောက်ရေ သုံးရေတွေ ဖြန့်ဝေပေးနေတယ်လို့ မောင်တောခရိုင်မီးသတ်ဦးစီးမှူးရုံး မီးသတ်ဦးစီးမှူး ဦးသန့်ဇင်က ပြောပါတယ်။
သောက်ရေသုံးရေ အခက်တွေ့နေတဲ့ သာယာကုန်း၊ ငွေတောင်နဲ့ မကျည်းကုန်း ကျေးရွာတွေမှာ လူဦးရေ ၁၀၀၀ လောက် နေထိုင်ကြတယ်လို့ သိရပါတယ်။
=======================
251 / End
၁၈ ဧပြီ ၂၀၁၉ - ၁၈:၃၁
News ID: 937480
ရခိုင်ပြည်နယ် မောင်တောမြို့နယ် တောင်ပိုင်း သာယာကုန်း၊ မကျည်ကုန်းနဲ့ ငွေတောင် ကျေးရွောတွေမှာ နွေရာသီ ရေရှားပါးတာကြောင့် ဒေသခံတွေ အခက်အခဲ ကြုံတွေ့နေကြ ပါတယ်။