၂၁ ဧပြီ ၂၀၁၉ - ၁၇:၀၉
ဒေါ်အောင်ဆန်းစုကြည် ဆေးရှဲလ်ဒုသမ္မတနှင့်တွေ့ဆုံ (ဓာတ်ပုံ)

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို အလွတ်သဘော လာရောက်လည်ပတ်တဲ့ ဆေးရှဲလ်နိုင်ငံ၊ ဒုသမ္မတ H.E.Mr.Vincent Meriton အား နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ မနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို အလွတ်သဘော လာရောက်လည်ပတ်တဲ့ ဆေးရှဲလ်နိုင်ငံ၊ ဒုသမ္မတ H.E.Mr.Vincent Meriton အား နေပြည်တော်ရှိ သမ္မတ အိမ်တော်မှာ မနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။

ဧပြီ ၁၈ ရက်နေ့ကလည်း ဒုသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ဆေးရှ်လ် ဒုသမ္မတကို  နေပြည်တော် Park Royal ဟိုတယ်မှာ ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

=======================
251 / End