အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြစ်ဆုံဆည် ရေကာတာ စီမံကိန်းကို အပြီးပိုင် ရပ်တန့်ဖို့ အတွက် ဧပြီ ၂၂ ရက် မနက် ၈ ကစပြီး ကချင်ပြည်နယ် ၀ိုင်းမော်မြို့မှာ ဒေသခံတွေ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဒီမြစ်ဆုံရေကာတာ စီမံကိန်း ရပ်တန့်ဖို့ ပြုလုပ်တဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ဘာသာပေါင်းစုံမှ ရဟန်းတော်တွေနဲ့ ပြည်သူ ၁၀၀၀၀ ၀န်းကျင်က ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
မြစ်ဆုံစီမံကိန်းဟာ ပညာရှင်တွေရဲ့ လေ့လာချက်အရ ငလျင်ကြောပေါ်မှာ တည်ရှိပြီး အချိန်မရွေးအန္တာရာယ်ရှိနိုင်တာကြောင့် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ရပ်တန့်သင့်ပါတယ် လို့ ၀ါးရှောင်နှစ်ခြင်းအသင်းတော်က Rev.တန်ဂွန်က ပြောပါတယ်။
ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲမှာ မြစ်ဆုံစီမံကိန်း ထာဝရရပ်ဆိုင်းရေး၊ ဧရာဝတီထာဝရ စီဆင်းနိုင်ရေး၊ မြစ်ဆုံရေကာတာ လုံးဝဖျက်သိမ်းရေး၊ မြစ်ဆုံမံကိန်း အလိုမရှိ စတဲ့ စာသားများကို ကိုင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဧရာတီမြစ်ဟာ အသက်သွေးကြောသဖွယ်ဖြစ်နေပြီး မြစ်ပေါ်မှာ ဆည်တည်ဆောက်တာ ကို မလိုလားတာကြောင့် ယခုလိုပါဝင်တာလို့ ဆန္ဒထုတ်ဖော်ပွဲမှာလာရောက်ပါဝင်တဲ့ ဒေသခံပြည်သူတဦးက ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကို ၂၀၁၁ခုနှစ် သမ္မတ ဦးသိန်းစိန်လက်ထက်က ပြည်သူတွေ ကန့်ကွက်တာကြောင့် ရပ်ဆိုင်းထားခဲ့ပေမယ့် တရုတ်အစိုးရဘက်က ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားနေတာကြောင့် နိုင်ငံတ၀န်း ဆန့်ကျင် ကန့်ကွက်မှုတွေ မြင့်တက်နေပါတယ်။
=======================
251 / End
၂၂ ဧပြီ ၂၀၁၉ - ၁၉:၀၆
News ID: 938012
မြစ်ဆုံဆည် ရေကာတာ စီမံကိန်းကို အပြီးပိုင် ရပ်တန့်ဖို့ အတွက် ဧပြီ ၂၂ ရက် မနက် ၈ ကစပြီး ကချင်ပြည်နယ် ၀ိုင်းမော်မြို့မှာ ဒေသခံတွေ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။