၂၃ ဧပြီ ၂၀၁၉ - ၁၈:၂၉
အိုင်ဗရီကို့စ်တွင် မြန်မာ့ဆန်ဖျက်ဆီးခံရမှု ဆန်စပါးအသင်းချုပ် ရှင်းလင်း မြန်မာ့ဆန်စားသုံးသူများကို အာမခံဟု ဆန်စပါးကုန်သည်အသင်းဥက္ကဋ္ဌ

အိုင်ဗရီကို့စ်တွင်မြန်မာ့ ဆန်များ ဖျက်ဆီးခံခဲ့ရခြင်းနှင့်ပတ် သက်၍ မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်က ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၂ ရက်တွင်ပြုလုပ်သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ



အိုင်ဗရီကို့စ်တွင်မြန်မာ့ ဆန်များ ဖျက်ဆီးခံခဲ့ရခြင်းနှင့်ပတ် သက်၍ မြန်မာနိုင်ငံဆန်စပါးအ သင်းချုပ်က ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ဧပြီ ၂၂ ရက်တွင်ပြုလုပ်သည်။

သတင်းထွက်ပေါ်ပြီး ငါး ရက်ကြာချိန်တွင် မြန်မာနိုင်ငံကုန် သည်၊ စက်မှုအသင်းချုပ်ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ဆန်တင်ချိန်တွင်မိုးရေခုနစ် မိနစ်ခန့် မိခဲ့ခြင်း၊ ဆန်တင်သည့် သင်္ဘောဟောင်းနွမ်းနေခြင်း၊ ဆန် ရောင်းချရန် ပင်လယ်အတွင်း ခုနစ်လကျော်ခန့် အချိန်ကြာမြင့် ခြင်းက မြန်မာ့ဆန်၏အရည်အ သွေးပျက်စီးပြီး စားသုံးရန် မသင့် သည့် အခြေအနေကို ရောက်ရှိစေ ခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူများက ပြောသည်။


မြန်မာနိုင်ငံမှ ရွှေဝါရောင်၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း နှင့် ဧရာဟင်္သာကုမ္ပဏီတို့ထံမှ  ရန်ကုန်အခြေစိုက် စင်ကာပူကုမ္ပ ဏီဖြစ်သည့် Olam International Co. Ltd. က ဆန်တန်ချိန် ၂၂,၀၀၀ ကို ၂၀၁၈ ခုနှစ်တွင် ၀ယ်ယူခဲ့သည်။

အဆိုပါဆန်များကို အာဖရိ ကနိုင်ငံများသို့ ရောင်းချရန်အ တွက် ၂၀၁၈ သြဂုတ်တွင် MV Ocean Prince ပေါ်သို့ တစ်လခွဲ ကြာတင်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ ၏ မိုးရာသီဖြစ်ခြင်းကြောင့် သင်္ဘောတင်ချိန်တွင် မိုးမိခဲ့သည်ဟု တာဝန်ရှိသူတို့က ပြောသည်။

ထို့နောက် အဆိုပါသင်္ဘော သည် အိန္ဒိယတွင် ဆန်တန်ချိန် ၁၄,၀၀၀ ထပ်မံတင်ပြီးနောက် ဂီနီနိုင်ငံသို့ ဆန်ချရန်ထွက်ခွာခဲ့ သည်။ ဂီနီနိုင်ငံတွင် မြန်မာဆန် တန်ချိန် ၄,၀၀၀ ခန့်သာချထားပြီး နောက် အလေးချိန်နှင့် အရည်အ သွေး အကြောင်းပြချက်ဖြင့် ထပ် မံချခွင့်မရပေ။ ထို့နောက်၎င်းဆန် များကို အာဖရိကနိုင်ငံများတွင် ခြောက်လကျော်ကြာ လှည့်ပတ် ရောင်းချနေပြီး အိုင်ဗရီကို့စ်အ ရောက်တွင် ဆန်များ၏ အရည် အသွေးပျက်စီးမှုကို ကြုံရခြင်းဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများက ရှင်းပြသည်။

ထို့အပြင် မြန်မာ့ဆန်နှင့်ပတ်သက်ပြီး ကျန်းမာရေးနှင့် ညီညွတ်သည်ကို ရဲရဲဝံ့ဝံ့အာမခံကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်အသင်းဥက္ကဋ္ဌ  ဦးအောင်သန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ‘‘မြန်မာနိုင်ငံကလယ်သမားတွေ က ဓာတ်မြေသြဇာပိုးသတ်ဆေး သိပ်မသုံးနိုင်ဘူးလေ။ ဒါကြောင့် ဓာတုဓာတ်ကြွင်းအတွက် ဘာမှ စိုးရိမ်စရာမရှိဘူး’’  ဟုပြောသည်။

အာဖရိက အပါအ၀င်ပြည် ပသို့ တင်ပို့သည့် ဆန်များသည် ဆန်သား ၆၀၊ ဆန်ကွဲ ၂၅ ရာခိုင် နှုန်းနှင့် ဆန်ကျိုး ၁၅ ရာခိုင်နှုန်း ပါဝင်သည့် ဆန်ကြမ်းအမျိုးအ စားများဖြစ်ကြောင်း ဦးအောင်  သန်းဦးကရှင်းပြသည်။ယင်းဆန် များသည်မြန်မာနိုင်ငံတွင် ဈေးအ နည်းဆုံးဆန်များဖြစ်ကြောင်း၎င်းကဆက်ပြောသည်။

ပြည်တွင်းစားသုံးသည့် ဆန် များသည်ပေါ်ဆန်းကဲ့သို့ အရည် အသွေးမြင့်ဆန်များ၊ ဆန်ကြမ်း အမျိုးအစားတွင် ဆန်ကွဲ ၁၀ ရာ ခိုင်နှုန်းသာပါသည့် အရည်အ သွေးမြင့်ဆန်များဖြစ်သည်။

=======================
251 / End