အမေရိကန် အမျိုးသား လေကြောင်းနဲ့ အာကာသအဖွဲ့ကြီး နာဆာဟာ ၄၉ နှစ်ပြည့် မြေကမ္ဘာနေ့ အထိမ်းအမှတ်အနေနဲ့ ဂြိုဟ်တုပုံရိပ်တွေကတဆင့် ကမ္ဘာကြီး ဘယ်လို ပူနွေးလာတယ်၊ ဘယ်လို ပြောင်းလဲနေတယ်ဆိုတာကို ပြသခဲ့ပါတယ်။
ဒီပုံရိပ်တွေဟာ ကမ္ဘာ့မျက်နှာပြင်ပေါ်မှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေရဲ့ သက်သေအဖြစ် စာရင်းသွင်း ခံရနိုင်ပါတယ်။
အပူချိန်တွေ ဘယ်လို မြင့်လာတယ်၊ ဆိုးရွားတဲ့ ရာသီဥတုတွေ ဘယ်လို တိုးလာတယ် ဆိုတဲ့ အချက်တွေဟာ လက်တင် အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတွေအပေါ် သက်ရောက်နေတယ်လို့ နာဆာ သိပ္ပံပညာရှင် ဒေါက်တာ ကားလော့စ် ဒယ်လ် ကတ်စ်တီလိုက အေပီ သတင်းဌာနကို ပြောပါတယ်။
သစ်တောပြုန်းတီးတာ၊ မိုးရေချိန် တရစပ် ပြောင်းနေတာ၊ အရည်ပျော် လာနေတဲ့ ရေခဲမြစ်တွေနဲ့ ပိုအားကောင်းလာတဲ့ မုန်တိုင်းတွေ အားလုံးကို ဂြိုဟ်တုက ပုံရိပ် ဖမ်းယူထားပြီး စာတမ်းပြုစုထားပါတယ်။
အမေရိကန်နိုင်ငံ ဝစ်ကိုဆင်ပြည်နယ်က အထက်လွှတ်တော်အမတ် ဂေးလော့ဒ် နယ်လ်ဆန်က ကာလီဖိုးနီးယားပြည်နယ် စန်တာ ဘာဘရာ ဒေသက ရေနံယိုဖိတ်မှုကို ၁၉၆၉ ခုနှစ်မှာ သွားရောက် ကြည့်ရှုအပြီး မြေကမ္ဘာနေ့ကို ၁၉၇၀ ပြည့်နှစ်မှာ စတင် သတ်မှတ်ခဲ့ပါတယ်။
=================
251 / END
၂၆ ဧပြီ ၂၀၁၉ - ၀၅:၃၂
News ID: 938391
အမေရိကန် အမျိုးသား လေကြောင်းနဲ့ အာကာသအဖွဲ့ကြီး နာဆာဟာ ၄၉ နှစ်ပြည့် မြေကမ္ဘာနေ့ အထိမ်းအမှတ်အနေနဲ့ ဂြိုဟ်တုပုံရိပ်တွေကတဆင့် ကမ္ဘာကြီး ဘယ်လို ပူနွေးလာတယ်၊ ဘယ်လို ပြောင်းလဲနေတယ်ဆိုတာကို ပြသခဲ့ပါတယ်။