၂၈ ဧပြီ ၂၀၁၉ - ၁၆:၄၄
စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဒေါ်အောင်ဆန်းစုကြည်နှင့် သြစတြီးယားအဓိပတိ ဆွေးနွေး

နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည်သြစတြီးယားနိုင်ငံအ ဓိပတိ မစ္စတာစဘတ်စတီယန် ကတ်ဇ်နှင့် ယမန်နေ့တွင်ဘေဂျင်း မြို့၌ တွေ့ဆုံသည်။



 နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည်သြစတြီးယားနိုင်ငံအ ဓိပတိ မစ္စတာစဘတ်စတီယန် ကတ်ဇ်နှင့် ယမန်နေ့တွင်ဘေဂျင်း မြို့၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ်ဒေသတွင်း ကိစ္စ ရပ်များသာမက မြန်မာ - သြစ တြီးယားနှစ်နိုင်ငံပူးပေါင်းဆောင် ရွက်ရေး ဆွေးနွေးပြီး စီးပွားရေးပူးပေါင်းမှုကျယ်ပြန့်စွာ ဆောင်ရွက်ရန်ခိုင်မာသည့် ခြေလှမ်းများအကောင်အထည်ဖော်ရေး သဘောတူခဲ့ကြောင်း စဘတ်စတီယန်ကတ်ဇ်က တွစ်တာမှ ထုတ်ပြန်သည်။

‘‘ဒီနေ့ OBOR ဖိုရမ်တက် ရောက်ရင်းမြန်မာအတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ကောင်းမွန်တဲ့ဆွေးနွေးဖလှယ်မှု ရရှိခဲ့တယ်’’ ဟု သြစတြီးယားအဓိ ပတိကတွစ်တာလူမှုကွန်ရက်၌ ရေးသားသည်။

ဒုတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမ (Belt and Road) အ ပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးဖိုရမ်တက်ရောက်ရန် ဘေဂျင်းမြို့သို့ ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ရုရှားသမ္မတပူတင်နှင့် ဧပြီ ၂၆ ရက်တွင် သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး ဆွေးနွေးခဲ့သည်။

မြန်မာ - ရုရှားနှစ်နိုင်ငံကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင် ရေး၊ နှစ်နိုင်ငံအကြားဖွဲ့စည်းထား သည့်အစိုးရချင်းပူးပေါင်းဆောင် ရွက်မှုကော်မရှင်မှတစ်ဆင့်ထိ တွေ့ဆက်ဆံမှုပိုမိုမြှင့်တင်ရေး၊ ဆက်သွယ်ရေး၊ လေကြောင်း၊   သတင်းအချက်အလက်နှင့်နည်း ပညာပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍ၊ ပညာရေး၊ ကျန်းမာရေး၊ စက်မှု၊ စွမ်းအင်၊ ရေနံနှင့် သဘာ ၀ဓာတ်ငွေ့ကဏ္ဍပူးပေါင်းဆောင် ရွက်ရေးမြှင့်တင်ရေးဆိုင်ရာကိစ္စ ရပ်များ ဆွေးနွေးခဲ့ကြောင်းအစိုးရက ထုတ်ပြန်သည်။

======================
251 /end