ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီ မြို့နယ်ပေါင်းစုံ အထွေထွေအစည်းဝေးကို ဧပြီ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့ရှိ သိမ်ကုန်းဘုန်းကြီးကျောင်းမှာ ပြုလုပ်နေပါတယ်။
ရခိုင်တမျိုးသားလုံးကို ကိုယ်စားပြုနိုင်သော အဖွဲ့အစည်းတခု ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ပြီး အခုလို အထွေထွေအစည်းအဝေး ကျင်းပတာလို့ ရခိုင်တမျိုးသားလုံး ညီညွတ်ရေကော်မတီ မြို့နယ်ပေါင်းစုံ အထွေထွေအစည်းအဝေး ဖြစ်မြောက်ရေး ကော်မတီ ကိုသားကြီးမောင်က ပြောပါတယ်။
သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အကြီးအကဲတွေ၊ ကုလသမဂ္ဂ သံတမန် အဖွဲ့အစည်းတွေနဲ့ ရခိုင်အရေးကိစ္စတွေ ပြောဆိုတဲ့အခါမှာ ရခိုင်တမျိုးသားလုံးကိုယ်စား တသံတည်း ထွက်ဆိုနိုင်ဖို့အတွက် အဖွဲ့ ဖွဲ့စည်းသွားမှာလို့ ဆိုပါတယ်။
======================
251 /end
၂၈ ဧပြီ ၂၀၁၉ - ၁၇:၀၄
News ID: 938762
ရခိုင်တမျိုးသားလုံးညီညွတ်ရေးကော်မတီ မြို့နယ်ပေါင်းစုံ အထွေထွေအစည်းဝေးကို ဧပြီ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ရခိုင်ပြည်နယ် သံတွဲခရိုင် သံတွဲမြို့ရှိ သိမ်ကုန်းဘုန်းကြီးကျောင်းမှာ ပြုလုပ်နေပါတယ်။